သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိဒ်ခေါဒါရ်မြို့တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ကျော် အိန္ဒိယနိုင်ငံဘက်တိမ်းရှောင်


အိန္ဒိယနဲ့ နယ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ်ဘက်ခြမ်းက ရိဒ်ရေကန်။
အိန္ဒိယနဲ့ နယ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ်ဘက်ခြမ်းက ရိဒ်ရေကန်။

အိန္ဒိယ မြန်မာနယ်စပ် ချင်းပြည်နယ် ရိဒ်မြို့နားမှာ စစ်ကောင်စီတပ်တွေ နဲ့ PDF လို့သိကြတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် မြန်မာဘက်က လူ ၂,၀၀၀ ကျော် အိန္ဒိယဘက်ကို ထွက်ပြေးလာခဲ့ကြတယ်လို့ အိန္ဒိယဘက်က တာဝန်ရှိသူတွေက ပြောပါတယ်။

တနင်္ဂနွေနေ့ ညနေက ပီဒီအက်ဖ်တပ်တွေက ခေါမာဝီ နဲ့ ရိခေါ်ဒါ ရှိ စစ်စခန်း ၂ ခု ကို စတင်တိုက်ခိုက်ခဲ့ပြီး တနင်္လာနေ့အထိ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ အိန္ဒိယဘက် ချမ်ဖိုင် Champhai ခရိုင် ဒုတိယ ကော်မရှင်နာ ဂျိမ်းလာရင်ချဟာနာ (James Lalrinchhana) က PTI သတင်းဌာနကို ပြောကြောင်း Times of India သတင်းက ဆိုပါတယ်။ ထွက်ပြေးလာကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ဇော်ခေါသာရွာမှာ ခိုလှုံနေကြတယ်လို့လည်း သူက ဆိုပါတယ်။ ရိခေါဒါ စစ်စခန်း ကို ပီဒီအက်ဖ်တပ်တွေက တနင်္လာနေ့ မနက်အစောကြီးမှာသိမ်းလိုက်ပြီး ခေါမာဝီစခန်းကိုတော့ နေ့ခင်းမှာသိမ်းလိုက်တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာစစ်တပ်က အဲဒီရွာနှစ်ရွာကို လေကြောင်းကတိုက်ခိုက်ခဲ့တာကိုလည်း ဒုတိယ ခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် အနည်းဆုံး ၁၇ ယောက် ဒဏ်ရာရရှိခဲ့ပြီး ချမ်ဖိုင် (Champhai) ကို ဆေးကုသဖို့ ပို့ထားရကြောင်း ဂျိမ်းလာရင်ချဟာနာ (James Lalrinchhana) က ပြောပါတယ်။ ဇော်ခေါသာမှာ အရင် မြန်မာစစ်ပြေးဒုက္ခသည် ၆,၀၀၀ က ရှိနှင့်ပြီးဖြစ်ပါတယ်။ ပြည်နယ်ပြည်ထဲရေးဌာနရဲ့စာရင်းအရ မြန်မာနိုင်ငံသား စစ်ပြေးဒုက္ခသည် ၃၁,၃၆၄ ယောက်ဟာ ပြည်နယ် နေရာအနှံ့မှာ ခိုလှုံနေကြရတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG