သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တီးတိန္ျပည္သူ႔ေဆး႐ုံမွာ တပ္စြဲထားတဲ့ စစ္တပ္ကို ဇိုလန္း PDF အဖြဲ႕ ဝင္ေရာက္တိုက္ခိုက္


Tedim တီးတိန္

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးမွာ တပ္စြဲေနတဲ့ စစ္တပ္ကို ခ်င္းကာကြယ္ေရး တပ္ဖြဲ႕ျဖစ္တဲ့ ဇိုလန္း PDF တို႔ ဝင္ေရာက္တိုက္ခိုက္ၿပီး အသုံးအေဆာင္ ပစၥည္းေတြကို သိမ္းပိုက္ခဲ့ပါတယ္။ ပစ္ခတ္မႈျဖစ္ၿပီး တီးတိန္ၿမိဳ႕ထဲမွာေတာ့ ေဒသခံေတြဟာ ပုံမွန္အတိုင္း သြားလာလ်က္ရွိေနတယ္လို႔ တီးတိန္ၿမိဳ႕ခံေတြက ေျပာပါတ္။ တီးတိန္ၿမိဳ႕ရဲ႕ အေျခအေန သတင္းေပးပို႔ခ်က္ကို အေျခခံၿပီး ကိုေဇာ္ဝင္းလႈိင္က ေျပာျပပါမယ္။

ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕ လြယ္ဘြာလ္ရပ္ကြက္မွာရွိတဲ့ ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံမွာ တပ္စြဲထားတဲ့ ခလရ ၂၆၉ ရွိရာကို ခ်င္းေဒသခံ ကာကြယ္ေရးတပ္ျဖစ္တဲ့ ဇိုလန္း PDF က မတ္လ ၁၃ ရက္ ဒီကေန႔ မနက္အေစာပိုင္း ၁ နာရီခြဲေလာက္မွာ ဝင္ေရာက္ တိုက္ခိုက္ခဲ့တာပါ။

အျပန္အလွန္ ပစ္ခတ္မႈ ၁ နာရီနီးပါး ပစ္ခတ္ခဲ့ၾကၿပီးေနာက္ ေဆး႐ုံမွာတပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ဆုတ္ခြါသြားတဲ့အတြက္ တပ္စြဲတဲ့ေနရာမွာရွိတဲ့ အသုံးအေဆာင္ေတြနဲ႔ က်ည္ဆံေတြကို သိမ္းဆည္း ရမိခဲ့တယ္လို႔ ကာကြယ္ေရးအဖြဲ႕ေတြဘက္က ေျပာပါတယ္။

တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ ဇိုလန္း PDF ျပန္ၾကားေရး တာဝန္ရွိသူ တစ္ဦးက ဗြီအိုေအကို အခုလို ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ တီးတိန္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွာ တပ္စြဲထားတဲ့စခန္းကို ကြၽန္ေတာ္တို႔က PDF ဇိုလန္အဖြဲ႕က သြားေရာက္တိုက္ခိုက္တာပါ။ တိုက္ပြဲက ျပင္းထန္တယ္။ ၁ နာရီခြဲ ၁ နာရီေက်ာ္ေက်ာ္ ၁ နာရီခြဲေလာက္ၾကာတယ္။ သူတို႔ရွိတဲ့ေနရာကို ကြၽန္ေတာ္တို႔ အဖြဲ႕ေတြက သူတို႔ အိပ္တဲ့ေနရာအထိကို ဝင္သြားႏိုင္တယ္။ သူတို႔ေတြက ခြာတာေပါ့ေနာ္။ သူတို႔ေသနတ္ေတြနဲ႔ သူတို႔ လူက ဒဏ္ရာရေကာ ေသတဲ့သူေကာ ထင္ပါတယ္။ သူတို႔ထမ္းၿပီးေတာ့ ခြာၾကတာ။ ဆိုေတာ့ ကြၽန္ေတာ္တို႔က သူတို႔ထားခဲ့တဲ့က်ည္ ဖုန္းေတြပဲရႏိုင္တာေပါ့ေနာ္။ ေသနတ္ေတာ့ မရခဲ့ဘူးေပါ့။”

အဲဒီေဆး႐ုံမွာ တပ္စြဲထားတဲ့ စစ္တပ္ဟာ လမ္းသြားလမ္းလာ ေဒသခံေတြကို အေၾကာင္းမဲ့ပစ္ခတ္တာေတြအျပင္ ရိဒ္-ကေလးလမ္းပိုင္းက ကားေတြနဲ႔ ခရီးသြားေတြကို ေငြေၾကးေကာက္ခံတာေတြ လုပ္တဲ့အတြက္ အခုလို ဝင္ေရာက္တိုက္ခိုက္တာလို႔ ကာကြယ္ေရးအဖြဲ႕ေတြဘက္က ေျပာပါတယ္။

ပစ္ခတ္မႈျဖစ္ၿပီး မနက္ပိုင္း တီးတိန္ၿမိဳ႕တြင္း အေျခအေနကို ၿမိဳ႕ခံတဦးက အခုလို ေျပာျပပါတယ္။

“ဘာမွထူးထူးျခားျခား သိပ္မရွိပါဘူး။ ဒါေပမယ့္ ေဆး႐ုံေအာက္မွာ တပ္စြဲထားတဲ့ေနရာမွာေတာ့ေလ စစ္ေကာင္စီေတြ တပ္စြဲထားတဲ့ ေနရာၾကေတာ့ ဒီမနက္ေတာ့ ဂိတ္ေတြ ခ်ထားတယ္။ ဒါေပမယ့္ ထူးထူးျခားျခားရွိတာေတာ့ မရွိဘူး။ပုံမွန္အတိုင္းေတာ့ သြားလို႔ရတယ္။ ဒီမနက္ေတာ့ ကား ၂ စီးနဲ႔ ၿမိဳ႕ထဲေတာ့ သြားေနၾကတယ္ေပါ့ေနာ္။ ေဒသခံေတြကေတာ့ ပုံမွန္အတိုင္းပဲ သြားလို႔ရတယ္။”

အရင္ကလည္း စစ္တပ္ တပ္စြဲထားတဲ့ ေဆး႐ုံဝန္းထဲကေန ညဘက္ေတြမွာ မၾကာခဏ ေသနတ္ပစ္ေဖာက္တာေတြ ရွိတဲ့အတြက္ ညက တိုက္ခိုက္မႈျဖစ္တဲ့အခ်ိန္မွာလည္း ေဒသခံေတြဟာ သာမန္ ေသနတ္ပစ္ေဖာက္မႈလို႔ပဲ ထင္ျမင္ခဲ့ပါတယ္။

ဒီအေျခအေနနဲ႔ ပတ္သက္လို႔စစ္ေကာင္စီဘက္ကေတာ့ သတင္းထုတ္ျပန္တာေတာ့မရွိေသးပါဘူး။ ၂၀၂၃ ခုႏွစ္ထဲမွာ ခ်င္းကာကြယ္ေရးတပ္ဖြဲ႕ေတြ ရွိတဲ့ေနရာကို စစ္တပ္က ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္တာေတြ လုပ္ခဲ့တာမွာ အရပ္သားေတြ ထိခိုက္တာေတြလည္း ရွိေနပါတယ္။

ဒါ့အျပင္ မၾကာခင္မွာ ပြင့္လင္းရာသီ ေရာက္လာေတာ့မွာ ျဖစ္တဲ့အတြက္ ခ်င္းျပည္နယ္ကို ထိုးစစ္ဆင္ဖို႔ စစ္တပ္ဘက္က လူသူလက္နက္ရိကၡာ ျဖည့္တင္းတာေတြလည္း လုပ္ေနတယ္လို႔ ကာကြယ္ေရးအဖြဲ႕ေတြဘက္က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

တီးတိန်ပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဇိုလန်း PDF အဖွဲ့ ဝင်ရောက်တိုက်ခိုက်

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီးမှာ တပ်စွဲနေတဲ့ စစ်တပ်ကို ချင်းကာကွယ်ရေး တပ်ဖွဲ့ဖြစ်တဲ့ ဇိုလန်း PDF တို့ ဝင်ရောက်တိုက်ခိုက်ပြီး အသုံးအဆောင် ပစ္စည်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပြီး တီးတိန်မြို့ထဲမှာတော့ ဒေသခံတွေဟာ ပုံမှန်အတိုင်း သွားလာလျက်ရှိနေတယ်လို့ တီးတိန်မြို့ခံတွေက ပြောပါတ်။ တီးတိန်မြို့ရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

ချင်းပြည်နယ် တီးတိန်မြို့ လွယ်ဘွာလ်ရပ်ကွက်မှာရှိတဲ့ မြို့နယ်ပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့ ခလရ ၂၆၉ ရှိရာကို ချင်းဒေသခံ ကာကွယ်ရေးတပ်ဖြစ်တဲ့ ဇိုလန်း PDF က မတ်လ ၁၃ ရက် ဒီကနေ့ မနက်အစောပိုင်း ၁ နာရီခွဲလောက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

အပြန်အလှန် ပစ်ခတ်မှု ၁ နာရီနီးပါး ပစ်ခတ်ခဲ့ကြပြီးနောက် ဆေးရုံမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွါသွားတဲ့အတွက် တပ်စွဲတဲ့နေရာမှာရှိတဲ့ အသုံးအဆောင်တွေနဲ့ ကျည်ဆံတွေကို သိမ်းဆည်း ရမိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဇိုလန်း PDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ တီးတိန်မြို့ ပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့စခန်းကို ကျွန်တော်တို့က PDF ဇိုလန်အဖွဲ့က သွားရောက်တိုက်ခိုက်တာပါ။ တိုက်ပွဲက ပြင်းထန်တယ်။ ၁ နာရီခွဲ ၁ နာရီကျော်ကျော် ၁ နာရီခွဲလောက်ကြာတယ်။ သူတို့ရှိတဲ့နေရာကို ကျွန်တော်တို့ အဖွဲ့တွေက သူတို့ အိပ်တဲ့နေရာအထိကို ဝင်သွားနိုင်တယ်။ သူတို့တွေက ခွာတာပေါ့နော်။ သူတို့သေနတ်တွေနဲ့ သူတို့ လူက ဒဏ်ရာရကော သေတဲ့သူကော ထင်ပါတယ်။ သူတို့ထမ်းပြီးတော့ ခွာကြတာ။ ဆိုတော့ ကျွန်တော်တို့က သူတို့ထားခဲ့တဲ့ကျည် ဖုန်းတွေပဲရနိုင်တာပေါ့နော်။ သေနတ်တော့ မရခဲ့ဘူးပေါ့။”

အဲဒီဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ လမ်းသွားလမ်းလာ ဒေသခံတွေကို အကြောင်းမဲ့ပစ်ခတ်တာတွေအပြင် ရိဒ်-ကလေးလမ်းပိုင်းက ကားတွေနဲ့ ခရီးသွားတွေကို ငွေကြေးကောက်ခံတာတွေ လုပ်တဲ့အတွက် အခုလို ဝင်ရောက်တိုက်ခိုက်တာလို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး မနက်ပိုင်း တီးတိန်မြို့တွင်း အခြေအနေကို မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“ဘာမှထူးထူးခြားခြား သိပ်မရှိပါဘူး။ ဒါပေမယ့် ဆေးရုံအောက်မှာ တပ်စွဲထားတဲ့နေရာမှာတော့လေ စစ်ကောင်စီတွေ တပ်စွဲထားတဲ့ နေရာကြတော့ ဒီမနက်တော့ ဂိတ်တွေ ချထားတယ်။ ဒါပေမယ့် ထူးထူးခြားခြားရှိတာတော့ မရှိဘူး။ပုံမှန်အတိုင်းတော့ သွားလို့ရတယ်။ ဒီမနက်တော့ ကား ၂ စီးနဲ့ မြို့ထဲတော့ သွားနေကြတယ်ပေါ့နော်။ ဒေသခံတွေကတော့ ပုံမှန်အတိုင်းပဲ သွားလို့ရတယ်။”

အရင်ကလည်း စစ်တပ် တပ်စွဲထားတဲ့ ဆေးရုံဝန်းထဲကနေ ညဘက်တွေမှာ မကြာခဏ သေနတ်ပစ်ဖောက်တာတွေ ရှိတဲ့အတွက် ညက တိုက်ခိုက်မှုဖြစ်တဲ့အချိန်မှာလည်း ဒေသခံတွေဟာ သာမန် သေနတ်ပစ်ဖောက်မှုလို့ပဲ ထင်မြင်ခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။ ၂၀၂၃ ခုနှစ်ထဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ရှိတဲ့နေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့တာမှာ အရပ်သားတွေ ထိခိုက်တာတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် မကြာခင်မှာ ပွင့်လင်းရာသီ ရောက်လာတော့မှာ ဖြစ်တဲ့အတွက် ချင်းပြည်နယ်ကို ထိုးစစ်ဆင်ဖို့ စစ်တပ်ဘက်က လူသူလက်နက်ရိက္ခာ ဖြည့်တင်းတာတွေလည်း လုပ်နေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။

XS
SM
MD
LG