သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းအမ်ိဳးသားေန႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ တက္ေရာက္


ခ်င္းအမ်ိဳးသားေန႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ တတ္ေရာက္ (Myanmar State Counsellor Office)

(Zawgyi/Unicode)

ဒီကေန႔ က်င္းပတဲ့ ၇၂ ႀကိမ္ေျမာက္ ခ်င္းအမ်ိဳးသားေန႔မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကမၿပီးဆံုးေသးတဲ့ ျပည္ေထာင္စု တည္ေဆာက္ေရး ခရီးလမ္းကို ဆက္လက္ေလွ်ာက္လွမ္းဖို႔ သတိေပးခဲ့သလို ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရး အတြက္ လက္နက္ကိုင္လံုၿခံဳေရး တပ္ဖဲြ႔ေတြအားလံုး အရပ္သားအစိုးရ လက္ေအာက္မွာ ရွိရမယ့္ ဒီမိုကေရစီ အေျခခံမူ ခ်မွတ္ေပးဖို႔ ခ်င္းအမိ်ဳးသားတပ္ဦး ဒုဥကၠဌက တိုက္တြန္း လိုက္ပါတယ္။ ဒီသတင္းကို ဗီအုိေအျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ဒီကေန႔က်ေရာက္တဲ့ ၇၂ၾကိမ္ေျမာက္ ခ်င္းအမ်ိဳးသားေန႔ကို ခ်င္းျပည္နယ္ထန္တလန္ၿမိဳ႔မွာ က်င္းပၿပီး ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂိၢဳလ္နဲ႔ အစိုးရ၀န္ၾကီးအဖဲြ႔ေတြ ပါ၀င္တက္ေရာက္ခဲ့သလို အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္ က ျပည္နယ္၀န္ၾကီးခ်ဳပ္ ဇိုးရမ္ထားငါလည္း တက္ေရာက္ခဲ့ပါတယ္။

ဒီအခမ္းအနားမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ျပည္ေထာင္စု တည္ေဆာက္ေရး လုပ္ငန္း ဟာ မၿပီးဆံုး ေသးတဲ့အတြက္ ဆက္လ္ေလွ်ာက္လွမ္း ၾကဖုိ႔ သူ႔ရဲ့ မိန္႔ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

“ ၂၀ရာစုပင္လံုညီလာခံမွာ က်မတို႔ရဲ့ မိဘေတြ ေမွ်ာ္မွန္းခဲ့တဲ့ ျပည္ေထာင္စုၾကီးကို တည္ေထာင္ရာမွာ ကံမေကာင္း အေၾကာင္းမလွစြာနဲ႔ပဲ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡေတြကို ရင္ဆုိင္ခဲ့ရပါတယ္။ အက်ိဳးဆက္အေနနဲ႔ က်မတို႔ မိဘ၊ ဘိုးဘြားေတြ ေမွ်ာ္လင့္ခဲ့တဲ့ ျပည္ေထာင္စုတည္ေဆာက္ေရးပန္းတိုင္ ဟာလည္း ဆံုးခန္းမတိုင္ခဲ့ပါဘူး။ က်မတို႔ မိဘ၊ ဘိုးဘြားေတြ ေမွ်ာ္လင့္ခဲ့တဲ့ ျပည္ေထာင္စုအိပ္မက္ကို ဆက္လက္ ျဖည့္ဆည္းႏိုင္ဖို႔ ဒီကေန႔ ၂၁ရာစုေခတ္မွာ က်မတို႔ အစိုးရအေနန႔ဲ ၂၁ရာစု ပင္လံုညီလာခံကို ေခၚယူက်င္းပေနပါတယ္။ မၿပီးဆံုးေသးတဲ့ ျပည္ေထာင္စုတည္ေဆာက္ေရးခရီးလမ္းကို က်မတို႔ေခတ္ က်မတို႔ အခ်ိန္အခါမွာ ဆက္လက္ ေလွ်ာက္လွမ္းေနတာလည္း ျဖစ္ပါတယ္။”

ဒါ့အျပင္ ခ်င္းအမ်ိဳးသားေန႔ရဲ့ အႏွစ္သာရျဖစ္တဲ့ ႏိုင္ငံေရးအျမင္က်ယ္မႈနဲ႔ ဒီမုိကေရစီစိတ္ဓါတ္ကို ခ်င္းလူငယ္မ်ိဳးဆက္သစ္ေတြကို လက္ဆင့္ကမ္း အေမြေပးဖုိ႔ဟာ ေတာင္ေပၚ၊ ေျမျပန္႔၊ ျပည္တြင္း၊ ျပည္ပ ခ်င္းတုိင္းရင္းသားတို႔ရဲ့ တာ၀န္ျဖစ္ေၾကာင္းလည္း ထည့္သြင္း ေျပာၾကားပါတယ္။

ခ်င္းအမ်ိဳးသားေန႔ အခမ္းအနားမွာ ခ်င္းအမိ်ဳးသားတပ္ဦး CNF ရဲ့ဒုဥကၠဌ ေဒါက္တာလ်ံမႈန္းဆာေခါင္းက ေဒသခံတစ္ဦးအျဖစ္ ေက်းဇူးတင္စကားေျပာၾကားရာမွာ ပင္လံုစာခ်ဳပ္ကို အေကာင္အထည္မေဖာ္ႏိုင္တာေၾကာင့္ ျပည္တြင္း စစ္မၿငိမ္းႏုိင္ပဲ ဒီမုိကေရစီဆိတ္သုဥ္း ခဲ့ရတယ္လုိ႔ ေျပာပါတယ္။

“ ပင္လံုစာခ်ဳပ္ကို ဒီကေန႔အထိ အေကာင္အထည္မေဖာ္ႏိုင္တဲ့အတြက္ အႏွစ္၇၀ ေက်ာ္ၿပီျဖစ္တဲ့ ျပည္တြင္းစစ္နဲ႔ က်ေနာ္တုိ႔ ရင္ဆိုင္ေနရပါတယ္။ ပင္လံုစာခ်ဳပ္ကို အျပည့္အ၀အေကာင္အထည္မေဖာ္ႏိုင္တဲ့အတြက္ စစ္အာဏာရွင္စနစ္၊ တစ္ပါတီအာဏာရွင္စနစ္ေတြနဲ႔ က်ေနာ္တုိ႔ ရင္ဆုိင္ခဲ့ရပါတယ္။ ပင္လံုစာခ်ဳပ္ကို အေကာင္အထည္မေဖာ္ႏိုင္တဲ့အတြက္ ဒီမုိကေရစီစနစ္ ဆိတ္သုဥ္းခဲ့ရပါတယ္။ပင္လံုစာခ်ဳပ္ကို အေကာင္အထည္မေဖာ္ႏိုင္တဲ့အတြက္ ခ်င္းအမ်ိဳးသားေန႔ကိုလည္း ခ်င္းအမ်ိဳးသားေန႔အျဖစ္ မက်င္းပႏိုင္ခဲ့ပါဘူး။ ”

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခုိက္မႈ ရပ္စဲေရးစာခ်ဳပ္ NCAပါပင္လံုစာခ်ဳပ္ရဲ့ အႏွစ္သာရျဖစ္တဲ့ ဒီမုိကေရစီ၊ ဖက္ဒရယ္စနစ္ ေဖာ္ေဆာင္ေရး အတြက္လည္း လက္နက္ကိုင္လံုၿခံဳေရး တပ္ဖဲြ႔ေတြအားလံုး အရပ္သားအစိုးရ လက္ေအာက္မွာ ရွိရမယ့္ ဒီမိုကေရစီ အေျခခံမူ ခ်မွတ္ေပးဖို႔ ေဒါက္တာလ်ံမႈန္းဆာေခါင္းက အခုလုိ ေမတၱာရပ္ခံ တုိက္တြန္းပါတယ္။

“NCA စာခ်ဳပ္မွာ ပါတဲ့အတိုင္း ဒီျပည္ေထာင္စုၾကီးကို ဒီမုိကေရစီနဲ႔ ဖက္ဒရယ္စနစ္ကို အေျခခံၿပီးေတာ့ ထူေထာင္ရမယ္ ဆုိၿပီးေတာ့ သေဘာတူထားတဲ့အတုိင္း ဒီမုိကေရစီအေျခခံမူထဲမွာ အေရးအၾကီးဆံုးျဖစ္တဲ့ လံုၿခံဳေရးတပ္ဖဲြ႔အားလံုးသည္ အရပ္သားအစိုးရလက္ေအာက္မွာ ထားရမယ္ဆိုတဲ့ ဒီမုိကေရစီအေျခခံမူၾကီးခ်မွတ္ႏိုင္မယ္ဆုိရင္ က်ေနာ္တုိ႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ၾကီးဟာ ေအာင္ျမင္မွာ ေသခ်ာတယ္ဆုိတာ က်ေနာ္ေျပာခ်င္ပါတယ္။ သို႔ေသာ္ ဒီအေျခခံမူ၊ဒီမိုကေရစီအေျခခံမူျဖစ္တဲ့ လံုၿခံဳေရးတပ္ဖဲြ႔အားလံုးသည္ အရပ္သားအစိုးရလက္ေအာက္မွာ ထားရမယ္ဆိုတာ က်ေနာ္တုိ႔ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ႏိုင္ငံေတာ္ရဲ့ အတိုင္ပင္ခံ ပုဂၢိဳလ္ကေတာ့ လမ္းညႊန္ခ်က္ အားလံုးေပးေနပါၿပီ။ ထို႔အတြက္ေၾကာင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မႈးၾကီးမင္းေအာင္လိႈင္နဲ႔ တကြ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔အစည္းအသီးသီးရဲ့ ေခါင္းေဆာင္မ်ားက အဲဒီလံုၿခံဳေရးတပ္ဖဲြ႔အားလံုး အရပ္သားအစိုးရလက္ေအာက္မွာ ထားရမယ္ ဆုိတဲ့ ဒီမုိကေရစီအေျခခံမူ ခ်မွတ္ေပးဖို႔ ေဆာင္ရြက္ေပးၾကပါလုိ႔ ခ်င္းအမ်ိဳးသားေန႔ စင္ျမင့္ေပၚကေနၿပီးေတာ့ ေမတၱာရပ္ခံလုိပါတယ္။ ”

ဒီအေျခခံမူကို မရရင္ လံုၿခံဳေရးဆုိင္ရာ ျပန္လည္ေပါင္းစည္းေရးဟာ မျဖစ္ႏိုင္သလို၊ လံုၿခံဳေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းေရး မျဖစ္ႏိုင္ရင္ ျပည္တြင္းစစ္ကို ခ်ဳပ္ၿငိမ္းႏိုင္မွာ မဟုတ္ေၾကာင္းလည္း ေထာက္ျပပါတယ္။

ဒီေန႔ ထန္တလန္ၿမိဳ႔မွာ က်င္းပတဲ့ ခ်င္းအမ်ိဳးသားေန႔အခမ္းအနားမွာ ႏိုင္ငံေတာ္သမၼတရဲ့ သ၀ဏ္လႊာကို ခ်င္းျပည္နယ္ ၀န္ၾကီးခ်ဳပ္က ဖတ္ၾကားခဲ့သလို ျပည္သူ႔လႊတ္ေတာ္ဥကၠဌ၊ အမ်ိဳးသားလႊတ္ေတာ္ဥကၠဌ၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ႏိုင္ငံေရးပါတီေတြကလည္း သ၀ဏ္လႊာေပးပို႔ခဲ့ပါတယ္။

ခ်င္းအမ်ဳိးသားေန႔ဟာ ၁၉၄၈ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၀ရက္ေန႔မွာ ဖလမ္းၿမိဳ႔မွာ က်င္းပတဲ့ လူထုညီလာခံက ပေဒသရာဇ္အုပ္ခ်ဳပ္ေရး ့စနစ္ကေန ဒီမုိကေရစီစနစ္ကို ေျပာင္းလဲဖုိ႔ ဆံုးျဖတ္ခဲ့ၾကတဲ့ေန႔ရက္ကို ဂုဏ္ျပဳသတ္မွတ္က်င္းပခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

(Unicode)

ဒီကနေ့ ကျင်းပတဲ့ ၇၂ ကြိမ်မြောက် ချင်းအမျိုးသားနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကမပြီးဆုံးသေးတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းဖို့ သတိပေးခဲ့သလို ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် လက်နက်ကိုင်လုံခြုံရေး တပ်ဖွဲ့တွေအားလုံး အရပ်သားအစိုးရ လက်အောက်မှာ ရှိရမယ့် ဒီမိုကရေစီ အခြေခံမူ ချမှတ်ပေးဖို့ ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဌက တိုက်တွန်း လိုက်ပါတယ်။ ဒီသတင်းကို ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၇၂ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်ထန်တလန်မြို့မှာ ကျင်းပပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အစိုးရဝန်ကြီးအဖွဲ့တွေ ပါဝင်တက်ရောက်ခဲ့သလို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် က ပြည်နယ်ဝန်ကြီးချုပ် ဇိုးရမ်ထားငါလည်း တက်ရောက်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်း ဟာ မပြီးဆုံး သေးတဲ့အတွက် ဆက်လ်လျှောက်လှမ်း ကြဖို့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ ၂၀ရာစုပင်လုံညီလာခံမှာ ကျမတို့ရဲ့ မိဘတွေ မျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုကြီးကို တည်ထောင်ရာမှာ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ ကျမတို့ မိဘ၊ ဘိုးဘွားတွေ မျှော်လင့်ခဲ့တဲ့ ပြည်ထောင်စုတည်ဆောက်ရေးပန်းတိုင် ဟာလည်း ဆုံးခန်းမတိုင်ခဲ့ပါဘူး။ ကျမတို့ မိဘ၊ ဘိုးဘွားတွေ မျှော်လင့်ခဲ့တဲ့ ပြည်ထောင်စုအိပ်မက်ကို ဆက်လက် ဖြည့်ဆည်းနိုင်ဖို့ ဒီကနေ့ ၂၁ရာစုခေတ်မှာ ကျမတို့ အစိုးရအနေနဲ့ ၂၁ရာစု ပင်လုံညီလာခံကို ခေါ်ယူကျင်းပနေပါတယ်။ မပြီးဆုံးသေးတဲ့ ပြည်ထောင်စုတည်ဆောက်ရေးခရီးလမ်းကို ကျမတို့ခေတ် ကျမတို့ အချိန်အခါမှာ ဆက်လက် လျှောက်လှမ်းနေတာလည်း ဖြစ်ပါတယ်။”

ဒါ့အပြင် ချင်းအမျိုးသားနေ့ရဲ့ အနှစ်သာရဖြစ်တဲ့ နိုင်ငံရေးအမြင်ကျယ်မှုနဲ့ ဒီမိုကရေစီစိတ်ဓါတ်ကို ချင်းလူငယ်မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်း အမွေပေးဖို့ဟာ တောင်ပေါ်၊ မြေပြန့်၊ ပြည်တွင်း၊ ပြည်ပ ချင်းတိုင်းရင်းသားတို့ရဲ့ တာဝန်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားပါတယ်။

ချင်းအမျိုးသားနေ့ အခမ်းအနားမှာ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ဒုဥက္ကဌ ဒေါက်တာလျံမှုန်းဆာခေါင်းက ဒေသခံတစ်ဦးအဖြစ် ကျေးဇူးတင်စကားပြောကြားရာမှာ ပင်လုံစာချုပ်ကို အကောင်အထည်မဖော်နိုင်တာကြောင့် ပြည်တွင်း စစ်မငြိမ်းနိုင်ပဲ ဒီမိုကရေစီဆိတ်သုဉ်း ခဲ့ရတယ်လို့ ပြောပါတယ်။

“ ပင်လုံစာချုပ်ကို ဒီကနေ့အထိ အကောင်အထည်မဖော်နိုင်တဲ့အတွက် အနှစ်၇၀ ကျော်ပြီဖြစ်တဲ့ ပြည်တွင်းစစ်နဲ့ ကျနော်တို့ ရင်ဆိုင်နေရပါတယ်။ ပင်လုံစာချုပ်ကို အပြည့်အဝအကောင်အထည်မဖော်နိုင်တဲ့အတွက် စစ်အာဏာရှင်စနစ်၊ တစ်ပါတီအာဏာရှင်စနစ်တွေနဲ့ ကျနော်တို့ ရင်ဆိုင်ခဲ့ရပါတယ်။ ပင်လုံစာချုပ်ကို အကောင်အထည်မဖော်နိုင်တဲ့အတွက် ဒီမိုကရေစီစနစ် ဆိတ်သုဉ်းခဲ့ရပါတယ်။ပင်လုံစာချုပ်ကို အကောင်အထည်မဖော်နိုင်တဲ့အတွက် ချင်းအမျိုးသားနေ့ကိုလည်း ချင်းအမျိုးသားနေ့အဖြစ် မကျင်းပနိုင်ခဲ့ပါဘူး။ ”

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCAပါပင်လုံစာချုပ်ရဲ့ အနှစ်သာရဖြစ်တဲ့ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ် ဖော်ဆောင်ရေး အတွက်လည်း လက်နက်ကိုင်လုံခြုံရေး တပ်ဖွဲ့တွေအားလုံး အရပ်သားအစိုးရ လက်အောက်မှာ ရှိရမယ့် ဒီမိုကရေစီ အခြေခံမူ ချမှတ်ပေးဖို့ ဒေါက်တာလျံမှုန်းဆာခေါင်းက အခုလို မေတ္တာရပ်ခံ တိုက်တွန်းပါတယ်။

“NCA စာချုပ်မှာ ပါတဲ့အတိုင်း ဒီပြည်ထောင်စုကြီးကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီးတော့ ထူထောင်ရမယ် ဆိုပြီးတော့ သဘောတူထားတဲ့အတိုင်း ဒီမိုကရေစီအခြေခံမူထဲမှာ အရေးအကြီးဆုံးဖြစ်တဲ့ လုံခြုံရေးတပ်ဖွဲ့အားလုံးသည် အရပ်သားအစိုးရလက်အောက်မှာ ထားရမယ်ဆိုတဲ့ ဒီမိုကရေစီအခြေခံမူကြီးချမှတ်နိုင်မယ်ဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးဟာ အောင်မြင်မှာ သေချာတယ်ဆိုတာ ကျနော်ပြောချင်ပါတယ်။ သို့သော် ဒီအခြေခံမူ၊ဒီမိုကရေစီအခြေခံမူဖြစ်တဲ့ လုံခြုံရေးတပ်ဖွဲ့အားလုံးသည် အရပ်သားအစိုးရလက်အောက်မှာ ထားရမယ်ဆိုတာ ကျနော်တို့ အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ လမ်းညွှန်ချက် အားလုံးပေးနေပါပြီ။ ထို့အတွက်ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ တကွ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးရဲ့ ခေါင်းဆောင်များက အဲဒီလုံခြုံရေးတပ်ဖွဲ့အားလုံး အရပ်သားအစိုးရလက်အောက်မှာ ထားရမယ် ဆိုတဲ့ ဒီမိုကရေစီအခြေခံမူ ချမှတ်ပေးဖို့ ဆောင်ရွက်ပေးကြပါလို့ ချင်းအမျိုးသားနေ့ စင်မြင့်ပေါ်ကနေပြီးတော့ မေတ္တာရပ်ခံလိုပါတယ်။ ”

ဒီအခြေခံမူကို မရရင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးဟာ မဖြစ်နိုင်သလို၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး မဖြစ်နိုင်ရင် ပြည်တွင်းစစ်ကို ချုပ်ငြိမ်းနိုင်မှာ မဟုတ်ကြောင်းလည်း ထောက်ပြပါတယ်။

ဒီနေ့ ထန်တလန်မြို့မှာ ကျင်းပတဲ့ ချင်းအမျိုးသားနေ့အခမ်းအနားမှာ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာကို ချင်းပြည်နယ် ဝန်ကြီးချုပ်က ဖတ်ကြားခဲ့သလို ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံရေးပါတီတွေကလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ချင်းအမျိုးသားနေ့ဟာ ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ ဖလမ်းမြို့မှာ ကျင်းပတဲ့ လူထုညီလာခံက ပဒေသရာဇ်အုပ်ချုပ်ရေး့စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ကြတဲ့နေ့ရက်ကို ဂုဏ်ပြုသတ်မှတ်ကျင်းပခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG