သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္တြင္း ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ား


ခ်င္းျပည္နယ္ေျမပုံ။

(Zawgyi / Unicode)

ခ်င္းျပည္နယ္မွာ စစ္တပ္ကေန အာဏာသိမ္းၿပီးေနာက္ပိုင္း မတ္လကစလို႔ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြကို အသီးသီး ဖြဲ႔စည္းခဲ့ၾကပါတယ္။ ခ်င္းျပည္နယ္တလႊား စစ္ေရးပဋိပကၡေတြၾကားမွာပဲ အာဏာသိမ္းစစ္ေကာင္စီဘက္ကေရာ အတိုက္အခံ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြကပါ ေဒသအုပ္ခ်ဳပ္ေရးကို အၿပိဳင္လုပ္ေဆာင္ေနၾကတာပါ။ ဒီအေျခအေန အျပည့္အစုံ ရန္ကုန္ဘက္က စုစည္းသတင္းေပးပို႔ထားတာကို အလိမၼာ တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္ ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ လမ္းၫႊန္မႈနဲ႔ ၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရး အဖြဲ႔ေတြကို ဖြဲ႔စည္းထားၿပီး က်န္းမာေရး၊ ပညာေရး၊ တရားစီရင္ေရး ကိစၥေတြကို ေဆာင္ရြက္ေနၾကတာပါ။ လက္ရွိအေနအထားအရ ခ်င္းျပည္နယ္မွာ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြက ပိုအားေကာင္းေနတယ္လို႔ ခ်င္းႏိုင္ငံေရးေလ့လာသူ ကိုေထာင္ရ္က ေျပာပါတယ္။

“သူတို႔ အုပ္ခ်ဳပ္ေရးအဖြဲ႔ကေတာ့ အမ်ားစုမွာေတာ့ သူတို႔ ခ်င္းလက္နက္ကိုင္အဖြဲ႔ေတြ CDF ေတြက ျပည္သူ႔အုပ္ခ်ဳပ္ေရး ဖြဲ႔ၿပီးေတာ့ သူတို႔လုပ္ေဆာင္ေနတာ ေတြ႔ရတယ္။ ခ်င္းျပည္နယ္ရဲ႕ ေက်းလက္ေဒသ အမ်ားစုမွာေတာ့ ျပည္သူ႔အုပ္ခ်ဳပ္ေရးေတြက ၾသဇာလႊမ္းမိုးမႈ သက္ေရာက္မႈေတြရွိတယ္လို႔ ေျပာလို႔ရတယ္။ စစ္ေကာင္စီ တပ္ဖြဲ႔ကေတာ့ ၿမိဳ႕ေပၚ ဟားခါးဆို ဟားခါးၿမိဳ႕ေပၚေပါ့၊ ၿပီးေတာ့ ဖလမ္းဆို ဖလမ္းၿမိဳ႕ေပၚ၊ ၿမိဳ႕ေပၚေလာက္ကိုပဲ သူတို႔ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနရွိတယ္။ ေက်းလက္ေဒသကိုေတာ့ သူတို႔ ထိန္းခ်ဳပ္လို႔မရတဲ့ အေျခအေနမွာ ရွိတယ္လို႔ အဲဒီလိုေတာ့ သုံးသပ္ရတယ္။”

ခ်င္းအမ်ိဳးသားတပ္ဦး (CNF) ေျပာခြင့္ရ ပူးထက္နီကေတာ့ ခ်င္းျပည္နယ္အတြင္း ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ လုပ္ငန္းေဆာင္တာ ေဆာင္ရြက္ရာမွာ ထိထိေရာက္ေရာက္ရွိေအာင္ စုဖြဲ႔ထားတယ္လို႔ ေျပာပါတယ္။

“အခုရွိၿပီးသား ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး၊ ေဒသအုပ္ခ်ဳပ္ေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးေတြနဲ႔ အဲဒါေတြကို က်ေနာ္တို႔ ပိုၿပီးေတာ့ ထိထိေရာက္ေရာက္ ရွိႏိုင္ေအာင္ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ထဲက စစ္အုပ္ခ်ဳပ္ေရးကိုင္တဲ့ အဖြဲ႔ေတြနဲ႔ က်ေနာ္တို႔ ဆက္ၿပီးေတာ့ အေကာင္အထည္ေဖာ္ေနတာ ျဖစ္ပါတယ္။ အဓိကကေတာ့ ခ်င္းျပည္နယ္ ေဒသအသီးသီးမွာ အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြ ရွိတဲ့ဟာနဲ႔ က်ေနာ္တို႔ ဆုံရပ္တခု လုပ္ၿပီးေတာ့မွ က်ေနာ္တို႔ ခ်င္းျပည္ ခ်င္းလန္းေကာင္စီျဖစ္တဲ့အထိ က်ေနာ္တို႔က ဆက္လက္ၿပီးေတာ့ ေဖာ္ေဆာင္ဖို႔ အပတ္တကုတ္ ႀကိဳးစားေနပါတယ္ေပါ့ေနာ္။”

ၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔မွာ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) မွာ ပါဝင္သူေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ အရပ္ဘက္ အဖြဲ႔အစည္းေတြ၊ ဒီမိုကေရစီလိုလားတဲ့ လူငယ္ေတြ၊ ရပ္မိရပ္ဖေတြ ကာကြယ္ေရးအဖြဲ႔ေတြ ပါဝင္ၾကပါတယ္။ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ အားအေကာင္းဆုံးျဖစ္တဲ့ မင္းတပ္ၿမိဳ႕နယ္မွာေတာ့ က်န္းမာေရး၊ တရားစီရင္ေရး လုပ္ငန္းေတြအျပင္ ပညာေရးအပိုင္းေတြမွာလည္း NUG အစိုးရနဲ႔ ခ်ိတ္ဆက္လုပ္ေဆာင္ေနတယ္လို႔ အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္ ပညာေရးေကာ္မတီဝင္ ကိုဟုန္းက ေျပာပါတယ္။

“ဒီ မင္းတပ္ ပညာေရး အစတုန္းက က်ေနာ္တို႔က ေရတိုကိုၾကည့္တယ္။ က်ေနာ္တို႔သြားတာက NUG လမ္းၫႊန္ခ်က္နဲ႔ က်ေနာ္တို႔က ၆ လပဲဖြင့္တာ။ ဟို ကေလးေတြရဲ႕ ပညာေရး အဆက္မျပတ္ေအာင္ က်ေနာ္တို႔က ထိန္းထားတဲ့သေဘာ အေနနဲ႔ စခဲ့တာေပါ့ေနာ္။ အခုကေတာ့ တႏွစ္နီးပါး ေတာ္လွန္ေရးက ေတာ္ေတာ္ျပင္းထန္ေနၿပီ။ သုံးေလးႏွစ္ေလာက္ က်ေနာ္တို႔ ရည္ရြယ္ၿပီးကာမွ က်ေနာ္တို႔က ပညာေရးကို ေရွ႕ဆက္သြားရမယ့္ အေနအထားမ်ိဳး ျဖစ္လာတာေပါ့ေနာ္။ အခုေလာေလာဆယ္ က်နော္တို႔ မင္းတပ္ၿမိဳ႕မွာ ဖြင့္ထားတာက အေျခခံမူလတန္း ပညာေရးပဲ ဖြင့္ထားတာေပါ့ေနာ္။ ဒါေပမဲ့ ၆ လပိုင္း ပညာသင္ကာလသစ္မွာ က်နော္တို႔ အလယ္တန္းျပန္ဖြင့္ဖို႔ သြားေနတယ္ေပါ့ေနာ္။ ေနာက္ႏွစ္ေလာက္မွာေတာ့ က်ေနာ္တို႔ အထက္တန္းကိုဖြင့္ဖို႔ အစီအစဥ္ ရွိတာေပါ့ေနာ္။ က်နော္တို႔မွာ အရင္းအျမစ္ အကန႔္အသတ္ အမ်ားႀကီးရွိတယ္။ က်ေနာ္တို႔ ဆရာဆရာမေတြ မလုံေလာက္မႈ အမ်ားႀကီးရွိတယ္ေပါ့ေနာ္။”

တရားစီရင္ေရး အခန္းက႑မွာ အမႈအခင္းျဖစ္ရင္ ခ်င္း႐ိုးရာ ဓေလ့ထုံးတမ္းဥပေဒနဲ႔ စီရင္ခ်က္ ခ်ေနတယ္လို႔လည္း တရားေရးဝန္ထမ္းတဦးက ေျပာပါတယ္။ အရင္အစိုးရ အုပ္ခ်ဳပ္ေရးစနစ္နဲ႔စာရင္ အခု ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ အုပ္ခ်ဳပ္မႈပုံစံဟာ ပိုၿပီး အေလးသာေနတယ္လို႔ မင္းတပ္ေဒသခံ ကိုပီးက ေျပာပါတယ္။

“သူကေတာ့ ေတာ္ေတာ္ေလးေကာင္းတယ္။ အဆင္ေျပတယ္။ ဒီအုပ္ခ်ဳပ္ေရးမႉးေတြကလည္း ခင္မင္ရင္းႏွီးမႈေတြ ရွိၾကတယ္။ ေျပာရဆိုရတာ အရင္တုန္းကလိုမ်ိဳး အခက္အခဲ မရွိေတာ့ဘူး။ အုပ္ခ်ဳပ္ေရးမႉးေတြအတြက္ ဆုံးျဖတ္ခ်က္ေတြကလည္း ပိုၿပီးမွေတာ့ အေလးသာတာေပါ့။”

ခ်င္းျပည္နယ္ ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ စစ္ေကာင္စီ အုပ္ခ်ဳပ္ေရးနဲ႔ ၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးဆိုၿပီး အုပ္ခ်ဳပ္မႈႏွစ္ခု ရွိေနတဲ့အတြက္ ေဒသခံေတြအတြက္ေတာ့ ပိုၿပီးခက္ခဲေနတယ္လို႔ မင္းတပ္ၿမိဳ႕နယ္ ေက်းရြာအုပ္ခ်ဳပ္ေရး အဖြဲ႔ဝင္တဦးက ေျပာပါတယ္။

“အခုက အုပ္ခ်ဳပ္တဲ့အဖြဲ႔ ႏွစ္ဖြဲ႔ဆိုေတာ့ တဖက္ဖက္ကလည္း ေကာင္းေကာင္း မအုပ္ခ်ဳပ္ႏိုင္ဘူးေလ။ ျပည္သူေတြက အကုန္ ဒုကၡေရာက္သြားတာေပါ့။ ႏွစ္ဖက္လုံးကို ေၾကာက္ေနရေတာ့ ႏွစ္ဖက္လုံးကလည္း ႏိုင္ႏိုင္နင္းနင္း အုပ္ခ်ဳပ္ႏိုင္တယ္ဆိုရင္ေတာ့ ေကာင္းဦးေလ။ အခု ႏွစ္ဖက္စလုံးကမွ မအုပ္ခ်ဳပ္ႏိုင္တာ။ ဆိုေတာ့ ၾကားမွာ သြားလာေရး အကုန္လုံး ခက္ခဲသြားတာေပါ့ေနာ္။ ကုန္စည္ပို႔ေဆာင္ေရးေတြ အုပ္ခ်ဳပ္ေရးပိုင္းေတြ အကုန္ဒုကၡေရာက္ကုန္တာေပါ့။”

ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔အေနနဲ႔ ရပ္ရြာအုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးကို အဓိကအာ႐ုံစိုက္ႏိုင္ၿပီး ပညာေရး၊ က်န္းမာေရး ကိစၥေတြကိုေတာ့ လုပ္ေဆာင္ႏိုင္မႈ အားနည္းေသးတယ္လို႔ ခ်င္းႏိုင္ငံေရးေလ့လာသူ ကိုေထာင္ရ္က ေျပာပါတယ္။

“ပညာေရး၊ က်န္းမာေရးတို႔ကအစ အရင္တုန္းကလို လုပ္ေပးႏိုင္တာ မရွိတဲ့ အေျခအေန ေတြ႔ရတယ္။ ဒီေတာ္လွန္ေရးကာလမွာ ရွိတဲ့အေျခအေနမ်ိဳးနဲ႔ အေကာင္းဆုံးျဖစ္ေအာင္ ကေလးငယ္ေတြရဲ႕ သူ႔ရဲ႕အနာဂတ္အေျခအေန ပညာေရးကအစ၊ က်န္းမာေရးကအစ အေျခအေနမ်ိဳး လက္ရွိခက္ခဲေနေပမဲ့ ျဖစ္ေအာင္လုပ္ရတဲ့ အေျခအေနမ်ိဳး သြားျဖစ္တယ္ေပါ့ေနာ္။ အရင္တုန္းကလိုမ်ိဳး အစိုးရတရပ္အေနနဲ႔ အေကာင္အထည္ေဖာ္တဲ့ဟာမ်ိဳးေတြ ေလာက္ကေတာ့ ဘယ္လိုမွ ထိေရာက္ၿပီးေတာ့ ေကာင္းမြန္လည္ပတ္ႏိုင္တဲ့ဟာေတာ့ မေတြ႔ရဘူးေပါ့ေနာ္။”

ခ်င္းျပည္နယ္က ၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔မွာ လိုအပ္ခ်က္ေတြရွိေနၿပီး NUG ဘက္က ပံ့ပိုးမႈမရွိသေလာက္ အေျခအေနေၾကာင့္လည္း ကိုယ္ထူကိုယ္ထပုံစံမ်ိဳးနဲ႔ လည္ပတ္ေနရတယ္လို႔ အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္တဦးက ေျပာပါတယ္။ ဒါ့အျပင္ ခ်င္းျပည္နယ္အတြင္း မတူညီတဲ့ မ်ိဳးႏြယ္စု လက္နက္ကိုင္အဖြဲ႔ေတြအၾကား အုပ္ခ်ဳပ္ေရးပုံစံခ်ဖို႔ကလည္း ခက္ခဲေနပါတယ္။

ၿမိဳ႕နယ္ ေဒသအသီးသီးမွာ ျပန႔္ႀကဲေနတဲ့ ခ်င္းကာကြယ္ေရး လက္နက္ကိုင္အဖြဲ႔ေတြ ၾကားမွာလည္း စစ္အာဏာရွင္စနစ္ကို တြန္းလွန္ဖို႔ ရည္႐ြယ္ခ်က္ တူၾကေပမဲ့ တျခားမတူညီတဲ့ ရည္မွန္းခ်က္ ပန္းတိုင္ေတြလည္း ရွိေနတယ္လို႔ ေလ့လာသူေတြက ေျပာပါတယ္။

ခ်င္းျပည္နယ္အလားတူ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ ကယားျပည္နယ္မွာလည္း လက္နက္ကိုင္ခုခံမႈေတြ အရွိန္ျမင့္တက္လာၿပီးေနာက္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြ ဖြဲ႔စည္းလာၾကပါတယ္။ တဖက္မွာလည္း စစ္ေကာင္စီတပ္ေတြရဲ႕ နယ္ေျမရွင္းလင္း စစ္ဆင္ေရးေတြေၾကာင့္ ေက်းရြာေနအိမ္တခ်ိဳ႕ မီး႐ႈိ႕ဖ်က္ဆီးခံရတာေတြ၊ ေဒသခံ ေသာင္းနဲ႔ခ်ီ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရမႈေတြလည္း ရွိေနပါတယ္။ ေက်းရြာမီး႐ႈိ႕မႈေတြမွာေတာ့ စစ္ေကာင္စီတပ္ေတြဘက္က လုပ္တာရွိသလို PDF ျပည္သူ႔ကာကြယ္ေရးတပ္က စစ္ေကာင္စီလိုလားတဲ့ အမာခံရြာေတြကို မီး႐ႈိ႕ တိုက္ခိုက္တာေတြလည္း ရွိေနတာပါ။ စစ္အာဏာသိမ္းမႈ တႏွစ္ေက်ာ္လာေပမဲ့ တိုင္းရင္းသားေဒသ အေတာ္မ်ားမ်ားအျပင္ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္း ေနရာတခ်ိဳ႕တို႔မွာ စစ္ေကာင္စီအုပ္ခ်ဳပ္ေရး သက္ေရာက္မႈ အားနည္းေနဆဲ ရွိပါတယ္။

----------------------------------

(Unicode)

ချင်းပြည်နယ်တွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ

ချင်းပြည်နယ်မှာ စစ်တပ်ကနေ အာဏာသိမ်းပြီးနောက်ပိုင်း မတ်လကစလို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို အသီးသီး ဖွဲ့စည်းခဲ့ကြပါတယ်။ ချင်းပြည်နယ်တလွှား စစ်ရေးပဋိပက္ခတွေကြားမှာပဲ အာဏာသိမ်းစစ်ကောင်စီဘက်ကရော အတိုက်အခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကပါ ဒေသအုပ်ချုပ်ရေးကို အပြိုင်လုပ်ဆောင်နေကြတာပါ။ ဒီအခြေအနေ အပြည့်အစုံ ရန်ကုန်ဘက်က စုစည်းသတင်းပေးပို့ထားတာကို အလိမ္မာ တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် မြို့နယ်တော်တော်များများမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရ လမ်းညွှန်မှုနဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေကို ဖွဲ့စည်းထားပြီး ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး ကိစ္စတွေကို ဆောင်ရွက်နေကြတာပါ။ လက်ရှိအနေအထားအရ ချင်းပြည်နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ပိုအားကောင်းနေတယ်လို့ ချင်းနိုင်ငံရေးလေ့လာသူ ကိုထောင်ရ်က ပြောပါတယ်။

“သူတို့ အုပ်ချုပ်ရေးအဖွဲ့ကတော့ အများစုမှာတော့ သူတို့ ချင်းလက်နက်ကိုင်အဖွဲ့တွေ CDF တွေက ပြည်သူ့အုပ်ချုပ်ရေး ဖွဲ့ပြီးတော့ သူတို့လုပ်ဆောင်နေတာ တွေ့ရတယ်။ ချင်းပြည်နယ်ရဲ့ ကျေးလက်ဒေသ အများစုမှာတော့ ပြည်သူ့အုပ်ချုပ်ရေးတွေက သြဇာလွှမ်းမိုးမှု သက်ရောက်မှုတွေရှိတယ်လို့ ပြောလို့ရတယ်။ စစ်ကောင်စီ တပ်ဖွဲ့ကတော့ မြို့ပေါ် ဟားခါးဆို ဟားခါးမြို့ပေါ်ပေါ့၊ ပြီးတော့ ဖလမ်းဆို ဖလမ်းမြို့ပေါ်၊ မြို့ပေါ်လောက်ကိုပဲ သူတို့ထိန်းချုပ်နိုင်တဲ့ အခြေအနေရှိတယ်။ ကျေးလက်ဒေသကိုတော့ သူတို့ ထိန်းချုပ်လို့မရတဲ့ အခြေအနေမှာ ရှိတယ်လို့ အဲဒီလိုတော့ သုံးသပ်ရတယ်။”

ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ပူးထက်နီကတော့ ချင်းပြည်နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းဆောင်တာ ဆောင်ရွက်ရာမှာ ထိထိရောက်ရောက်ရှိအောင် စုဖွဲ့ထားတယ်လို့ ပြောပါတယ်။

“အခုရှိပြီးသား မြို့နယ်အုပ်ချုပ်ရေး၊ ဒေသအုပ်ချုပ်ရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေနဲ့ အဲဒါတွေကို ကျနော်တို့ ပိုပြီးတော့ ထိထိရောက်ရောက် ရှိနိုင်အောင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ထဲက စစ်အုပ်ချုပ်ရေးကိုင်တဲ့ အဖွဲ့တွေနဲ့ ကျနော်တို့ ဆက်ပြီးတော့ အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ အဓိကကတော့ ချင်းပြည်နယ် ဒေသအသီးသီးမှာ အုပ်ချုပ်ရေးအဖွဲ့တွေ ရှိတဲ့ဟာနဲ့ ကျနော်တို့ ဆုံရပ်တခု လုပ်ပြီးတော့မှ ကျနော်တို့ ချင်းပြည် ချင်းလန်းကောင်စီဖြစ်တဲ့အထိ ကျနော်တို့က ဆက်လက်ပြီးတော့ ဖော်ဆောင်ဖို့ အပတ်တကုတ် ကြိုးစားနေပါတယ်ပေါ့နော်။”

မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီလိုလားတဲ့ လူငယ်တွေ၊ ရပ်မိရပ်ဖတွေ ကာကွယ်ရေးအဖွဲ့တွေ ပါဝင်ကြပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အားအကောင်းဆုံးဖြစ်တဲ့ မင်းတပ်မြို့နယ်မှာတော့ ကျန်းမာရေး၊ တရားစီရင်ရေး လုပ်ငန်းတွေအပြင် ပညာရေးအပိုင်းတွေမှာလည်း NUG အစိုးရနဲ့ ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့ဝင် ပညာရေးကော်မတီဝင် ကိုဟုန်းက ပြောပါတယ်။

“ဒီ မင်းတပ် ပညာရေး အစတုန်းက ကျနော်တို့က ရေတိုကိုကြည့်တယ်။ ကျနော်တို့သွားတာက NUG လမ်းညွှန်ချက်နဲ့ ကျနော်တို့က ၆ လပဲဖွင့်တာ။ ဟို ကလေးတွေရဲ့ ပညာရေး အဆက်မပြတ်အောင် ကျနော်တို့က ထိန်းထားတဲ့သဘော အနေနဲ့ စခဲ့တာပေါ့နော်။ အခုကတော့ တနှစ်နီးပါး တော်လှန်ရေးက တော်တော်ပြင်းထန်နေပြီ။ သုံးလေးနှစ်လောက် ကျနော်တို့ ရည်ရွယ်ပြီးကာမှ ကျနော်တို့က ပညာရေးကို ရှေ့ဆက်သွားရမယ့် အနေအထားမျိုး ဖြစ်လာတာပေါ့နော်။ အခုလောလောဆယ် ကျနော်တို့ မင်းတပ်မြို့မှာ ဖွင့်ထားတာက အခြေခံမူလတန်း ပညာရေးပဲ ဖွင့်ထားတာပေါ့နော်။ ဒါပေမဲ့ ၆ လပိုင်း ပညာသင်ကာလသစ်မှာ ကျနော်တို့ အလယ်တန်းပြန်ဖွင့်ဖို့ သွားနေတယ်ပေါ့နော်။ နောက်နှစ်လောက်မှာတော့ ကျနော်တို့ အထက်တန်းကိုဖွင့်ဖို့ အစီအစဉ် ရှိတာပေါ့နော်။ ကျနော်တို့မှာ အရင်းအမြစ် အကန့်အသတ် အများကြီးရှိတယ်။ ကျနော်တို့ ဆရာဆရာမတွေ မလုံလောက်မှု အများကြီးရှိတယ်ပေါ့နော်။”

တရားစီရင်ရေး အခန်းကဏ္ဍမှာ အမှုအခင်းဖြစ်ရင် ချင်းရိုးရာ ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ချက် ချနေတယ်လို့လည်း တရားရေးဝန်ထမ်းတဦးက ပြောပါတယ်။ အရင်အစိုးရ အုပ်ချုပ်ရေးစနစ်နဲ့စာရင် အခု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အုပ်ချုပ်မှုပုံစံဟာ ပိုပြီး အလေးသာနေတယ်လို့ မင်းတပ်ဒေသခံ ကိုပီးက ပြောပါတယ်။

“သူကတော့ တော်တော်လေးကောင်းတယ်။ အဆင်ပြေတယ်။ ဒီအုပ်ချုပ်ရေးမှူးတွေကလည်း ခင်မင်ရင်းနှီးမှုတွေ ရှိကြတယ်။ ပြောရဆိုရတာ အရင်တုန်းကလိုမျိုး အခက်အခဲ မရှိတော့ဘူး။ အုပ်ချုပ်ရေးမှူးတွေအတွက် ဆုံးဖြတ်ချက်တွေကလည်း ပိုပြီးမှတော့ အလေးသာတာပေါ့။”

ချင်းပြည်နယ် မြို့နယ်တော်တော်များများမှာ စစ်ကောင်စီ အုပ်ချုပ်ရေးနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဆိုပြီး အုပ်ချုပ်မှုနှစ်ခု ရှိနေတဲ့အတွက် ဒေသခံတွေအတွက်တော့ ပိုပြီးခက်ခဲနေတယ်လို့ မင်းတပ်မြို့နယ် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

“အခုက အုပ်ချုပ်တဲ့အဖွဲ့ နှစ်ဖွဲ့ဆိုတော့ တဖက်ဖက်ကလည်း ကောင်းကောင်း မအုပ်ချုပ်နိုင်ဘူးလေ။ ပြည်သူတွေက အကုန် ဒုက္ခရောက်သွားတာပေါ့။ နှစ်ဖက်လုံးကို ကြောက်နေရတော့ နှစ်ဖက်လုံးကလည်း နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်တယ်ဆိုရင်တော့ ကောင်းဦးလေ။ အခု နှစ်ဖက်စလုံးကမှ မအုပ်ချုပ်နိုင်တာ။ ဆိုတော့ ကြားမှာ သွားလာရေး အကုန်လုံး ခက်ခဲသွားတာပေါ့နော်။ ကုန်စည်ပို့ဆောင်ရေးတွေ အုပ်ချုပ်ရေးပိုင်းတွေ အကုန်ဒုက္ခရောက်ကုန်တာပေါ့။”

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ရပ်ရွာအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို အဓိကအာရုံစိုက်နိုင်ပြီး ပညာရေး၊ ကျန်းမာရေး ကိစ္စတွေကိုတော့ လုပ်ဆောင်နိုင်မှု အားနည်းသေးတယ်လို့ ချင်းနိုင်ငံရေးလေ့လာသူ ကိုထောင်ရ်က ပြောပါတယ်။

“ပညာရေး၊ ကျန်းမာရေးတို့ကအစ အရင်တုန်းကလို လုပ်ပေးနိုင်တာ မရှိတဲ့ အခြေအနေ တွေ့ရတယ်။ ဒီတော်လှန်ရေးကာလမှာ ရှိတဲ့အခြေအနေမျိုးနဲ့ အကောင်းဆုံးဖြစ်အောင် ကလေးငယ်တွေရဲ့ သူ့ရဲ့အနာဂတ်အခြေအနေ ပညာရေးကအစ၊ ကျန်းမာရေးကအစ အခြေအနေမျိုး လက်ရှိခက်ခဲနေပေမဲ့ ဖြစ်အောင်လုပ်ရတဲ့ အခြေအနေမျိုး သွားဖြစ်တယ်ပေါ့နော်။ အရင်တုန်းကလိုမျိုး အစိုးရတရပ်အနေနဲ့ အကောင်အထည်ဖော်တဲ့ဟာမျိုးတွေ လောက်ကတော့ ဘယ်လိုမှ ထိရောက်ပြီးတော့ ကောင်းမွန်လည်ပတ်နိုင်တဲ့ဟာတော့ မတွေ့ရဘူးပေါ့နော်။”

ချင်းပြည်နယ်က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ လိုအပ်ချက်တွေရှိနေပြီး NUG ဘက်က ပံ့ပိုးမှုမရှိသလောက် အခြေအနေကြောင့်လည်း ကိုယ်ထူကိုယ်ထပုံစံမျိုးနဲ့ လည်ပတ်နေရတယ်လို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်အတွင်း မတူညီတဲ့ မျိုးနွယ်စု လက်နက်ကိုင်အဖွဲ့တွေအကြား အုပ်ချုပ်ရေးပုံစံချဖို့ကလည်း ခက်ခဲနေပါတယ်။

မြို့နယ် ဒေသအသီးသီးမှာ ပြန့်ကြဲနေတဲ့ ချင်းကာကွယ်ရေး လက်နက်ကိုင်အဖွဲ့တွေ ကြားမှာလည်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ ရည်ရွယ်ချက် တူကြပေမဲ့ တခြားမတူညီတဲ့ ရည်မှန်းချက် ပန်းတိုင်တွေလည်း ရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ချင်းပြည်နယ်အလားတူ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်မှာလည်း လက်နက်ကိုင်ခုခံမှုတွေ အရှိန်မြင့်တက်လာပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းလာကြပါတယ်။ တဖက်မှာလည်း စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်း စစ်ဆင်ရေးတွေကြောင့် ကျေးရွာနေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရတာတွေ၊ ဒေသခံ သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေလည်း ရှိနေပါတယ်။ ကျေးရွာမီးရှို့မှုတွေမှာတော့ စစ်ကောင်စီတပ်တွေဘက်က လုပ်တာရှိသလို PDF ပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီလိုလားတဲ့ အမာခံရွာတွေကို မီးရှို့ တိုက်ခိုက်တာတွေလည်း ရှိနေတာပါ။ စစ်အာဏာသိမ်းမှု တနှစ်ကျော်လာပေမဲ့ တိုင်းရင်းသားဒေသ အတော်များများအပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း နေရာတချို့တို့မှာ စစ်ကောင်စီအုပ်ချုပ်ရေး သက်ရောက်မှု အားနည်းနေဆဲ ရှိပါတယ်။

XS
SM
MD
LG