သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ခေါင်းဆောင်တွေ နေအိမ်အကျယ်ချုပ်ပြောင်း


ချင်းပြည်နယ်လွှတ်တော်(Facebook)
ချင်းပြည်နယ်လွှတ်တော်(Facebook)

{{Zawgyi/Unicode}}

တပ်မတော်ကနေ နိုင်ငံတော်အာဏာကိုထိန်းသိမ်းလိုက်တဲ့နေ့က ဖမ်းဆီးသွားခဲ့တဲ့ ချင်းပြည်နယ်က အစိုးရအဖွဲ့ဝင် တချို့နဲ့ လွှတ်တော်အကြီးအကဲတွေကို စစ်တပ်စခန်းမှ ာ ထိန်းသိမ်းထားရာကနေ အစိုးရအိမ်ယာကို ဒီကနေ့ပြန်ရောက်လာပြီလို့ လူမှုရေးဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောပါတယ်။

“ဝန်ကြီးအိမ်ယာတွေမှာပဲပြန်နေတယ်။ ဦးစိုးထက်ရော ဦးဖွေအားရော ပြီးတော့လွှတ်ဥက္ကဌ ဒုဥက္ကဌ ဝန်ကြီးချုပ်ပေါ့အားလုံး။”

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ၊ ဒုဥက္ကဌ ဦးတိပ်ထန်း၊ ဝန်ကြီးချုပ် ဦဒဆလိုင်းလျှံလွယ်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်နဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအားတို့ိကို စစ်တပ်ကနေ အရေးပေါ်အခြေနေ ကြေညာပြီးအာဏာထိန်းသိမ်းခဲ့တဲ့ နေ့ကစလို့ ဟားခါးမြို့ တပ်မတော်စစ်ဗျူဟာဧည့်ရိပ်သာမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ဘာကြောင့် ထိန်းသိမ်းသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ တပ်စခန်းမှာထိန်းသိမ်းခံရစဉ်အတွင်း နှိပ်စက်တာ မရှိသလို ကောင်းမွန်စွာနေရကြောင်း ပြန်လည်လွတ်မြောက်လာတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဖွေအားကပြောပါတယ်။

“ဘာမှန်းကိုမသိရဘူး။ ဗျူဟာကနေ လောလောဆယ်နေအိမ်ပေါ့ကွာ။ နေအိမ်ဆိုတာ ဟိုဟာ ဝန်ကြီးများအိမ်ယာကိုပြန်ဆင်းလာပြီး။ နေကြပါဆိုနေတာပါဘဲ ဘာမှန်းတောင်မသိဘူး။ ကောင်းကောင်းလေးကျွေးမွေးပါတယ်။ သူတို့ပြုစုပေးတယ်။ ဆေးလဲဘဲ မနက် ညနေ ဆေးစစ်ပေးတယ်။ သွေးပေါင်တွေချိန်ပေးတယ်။ ကောင်းပါတယ်။”

ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့လွှတ်တော်ဥက္ကဌတို့ပြန်လွတ်လာပေမဲ့ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့နဲ့ြမို့နယ်တချို့က ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေပြန်လွတ်လာတာမရှိသေးဘူးလို့ ဝန်ကြီးဦးပေါင်လွန်မင်းထန်ကဆ ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်ဥက္ကဌကျတော့ ကျန်သေးတယ်လို့ပြောတယ်။ တခြားမြို့နယ်တွေလဲ မထုတ်ကြသေးဘူးထင်တယ်။ ထိန်း ထားတုန်းဘဲရှိတယ်။ အခြေအနေကတော့ မဲကို လိုက်စစ်တဲ့ဟာတွေ အဲတာစောင့်ခိုင်းတာလားမသိပါဘူး။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးက အမိန့် ကြေညာစာအမှတ် ၁/၂၀၂၁ နဲ့ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင် ရေးလုပ်ငန်းတွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပြောင်းလိုက်ကြောင်းကြေညာခဲ့ပါတယ်။

တပ်မတော်ကနေ အာဏာသိမ်းပြီးတဲ့နောက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေထိန်းသိမ်းခံခဲ့ရသလို တိုင်းနဲ့ပြည်နယ် အားလုံးမှာ ကန့်ကွက်ဆန္ဒပြမှုတွေရှိလာပြီး ဖမ်းဆီးမှုတွေကလည်း တိုးလာနေပါတယ်။

......................................

တိုက်ရိုက် လင့်ခ်

{{Unicode}}










XS
SM
MD
LG