သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် အခြေစိုက် စီးပွါးရေးလုပ်ငန်းတွေ  ကန်စစ်ဆေးနိုင်ရေး ၂ နိုင်ငံသဘောတူ


China US Audits
China US Audits

အမေရိကန်နိုင်ငံရဲ့ ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဈေးကွက် stock exchanges မှာပါဝင်နေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး စာရင်းစစ်ဝင်ဖို့ကို တရုတ်နဲ့ အမေရိကန်အကြား သဘောတူလိုက်ကြောင်း ကြေငြာချက် တစောင်ထု တ် ပြန်ပြောဆိုလိုက်ပါတယ်။ 

တရုတ် အခြေစိုက် စီးပွါးရေးလုပ်ငန်းတွေ ကန်စစ်ဆေးနိုင်ရေး ၂ နိုင်ငံသဘောတူ

{{Zawgyi/Unicode}}
အမေရိကန်နိုင်ငံရဲ့ ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဈေးကွက် stock exchanges မှာပါဝင်နေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး စာရင်းစစ်ဝင်ဖို့ကို တရုတ်နဲ့ အမေရိကန်အကြား သဘောတူလိုက်ကြောင်း “နိုင်ငံရပ်ခြားက အများပြည်သူပိုင် ကုမ္ပဏီများ ဆိုင်ရာ စာရင်းအင်းဌာန” ဖြစ်တဲ့ PCAOB က သောကြာနေ့မှာ ကြေငြာချက် တစောင်ထု တ် ပြန်ပြောဆိုလိုက်ပါတယ်။

ဒီသဘောတူညီချက်ဟာ ၁၀ နှစ်ကျော်ကြာ တရုတ်နဲ့ အမေရိကန်အကြား အငြင်းပွား နေတဲ့ ပြဿနာအတွက် ဖြေရှင်းနိုင်မယ့် အရေးပါတဲ့ လမ်းစဖြစ်ပြီး၊ တရုတ်ကုမ္ပဏီ ၂၀၀ လောက် အမေရိကန် စတော့ဈေးကွက်ကနေ ထုတ်ပါယ်ခံရမယ့် အရေးကို ကာကွယ်ပေး နိုင်မှာဖြစ်ပါတယ်။

ပုံမှန်အားဖြင်တော့ တရုတ်က နိုင်ငံတော် လျို့ဝှက်ချက် ကာကွယ်ရေး အကြောင်း ပြချက်နဲ့ တရုတ်ကုမ္ပဏီတွေကို နိုင်ငံခြား စာရင်းစစ်အဖွဲ့တွေက စစ်ဆေးတာမျိုးကို ခွင့်ပြု လေ့ မရှိပါဘူး။

အမေရိကန် စာရင်းစစ် အေဂျင်စီဖြစ်တဲ့ PCAOB နဲ့ တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာန အပြင်၊ တရုတ်လုံခြုံရေးစည်းမျဉ်းဆိုင်ရာကော်မရှင်တို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ တာဖြစ်ပြီး။ တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ တရုတ်ကုမ္ပဏီတွေကို အမေရိကန် စာရင်းစစ်အဖွဲ့အနေနဲ့ အမေရိကန် ဥပဒေတွေနဲ့ အညီ အပြည့် အ၀ စစ်ဆေးခွင့်ရမှာ ဖြစ်တယ်လို့ PCAOB ကပြောဆိုထားပါတယ်။

အမေရိကန် လွှတ်တော်ကနေ ၂၀၂၀ ခုနှစ်က ပြဌာန်းခဲ့တဲ့ နိုင်ငံခြားကုမ္ပဏီများဆိုင်ရာ ဥပဒေအရ၊ အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဈေးကွက် စတော့အိပ်ချိန်း မှာပါဝင်တဲ့ နိုင်ငံခြား ကုမ္ပဏီတွေအနေနဲ့ စာရင်းရှင်းတမ်းတွေကို PCAOB ကိုတင်သွင်း ရမှာဖြစ်ပါတယ်။

စာရင်းစစ်တာတွေကိုတော့ နောက်လလယ်လောက်မှာ စတင်လုပ်ဆောင်မယ်လို့ PCAOB ကဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

.............................................


{{Zawgyi/Unicode}}






XS
SM
MD
LG