သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး  ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ တွေ့ဆုံ


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဟွန်ဆန်တို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့က ငြိမ်းချမ်းရေးနန်းတော်မှာ တွေ့ဆုံကြစဥ် (သြဂုတ် ၁၃၊ ၂၀၂၃/ အေပီ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဟွန်ဆန်တို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့က ငြိမ်းချမ်းရေးနန်းတော်မှာ တွေ့ဆုံကြစဥ် (သြဂုတ် ၁၃၊ ၂၀၂၃/ အေပီ)

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီကို ဖနွမ်းပင်မှာ တနင်္ဂနွေနေ့ကတွေ့ဆုံခဲ့ပြီး တရုတ်နဲ့ကမ္ဘောဒီးယားဆက်ဆံရေး ကိစ္စတွေသာမက ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်တွေအပါအဝင် နှစ်နိုင်ငံ အလေးထားတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ကမ္ဘောဒီးယားအစိုးရဟာ မဟာဗျူဟာကျတဲ့ နှစ်နိုင်ငံယုံကြည်မှုကို ဆက်လက် ခိုက်မြဲအောင် ကြိုးစားမှာဖြစ်သလို အစဥ်အလာအရ တရုတ်-ကမ္ဘောဒီးယား မိတ်ဆွေဖြစ်မှုကိုလည်း ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားပါတယ်။ တရုတ်နဲ့ကမ္ဘောဒီးယားတို့ဟာ ဖေဖော်ဝါရီလတုန်းက နိုင်ငံရေးပူးပေါင်းဆောင်ရေး၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်နဲ့ အရည်အသွေးမြှင့်တင်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်၊ လုံခြုံရေးနဲ့ ပြည်သူအချင်းချင်း အပြန်အလှန်ဆက်ဆံရေးစတဲ့ ဆဌဂံ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်ကို သဘောတူခဲ့ကြတာပါ။

ကမ္ဘောဒီးယားအစိုးရက ဒီ နယ်ပယ် ၆ ခု အကောင်အထည်ဖော်ရေးကို ရှေ့ရှု လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ ဒါ့ပြင် စက်မှုလုပ်ငန်းတိုးတက်ရေးနဲ့ ငါးနဲ့ဆန် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ရှေ့ရှုလုပ်ဆောင်မယ်လို့ ကမ္ဘောဒီးယားက ပြောပါတယ်။

အဆင့်မြင့်အရည်အသွေး၊ တရုတ်-ကမ္ဘောဒီးယား အဆင့်အတန်းမြင့် အသိုက်အဝန်းတရပ်ကို ကမ္ဘောဒီးယားအစိုးရအသစ်နဲ့အတူ လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ် လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း ပြောပါတယ်။ ကမ္ဘောဒီးယား ဘုရင် Norodom Sihamoni ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

မစ္စတာဝမ်ယီရဲ့ အရှေ့တောင်အာရှခရီးစဥ်မှာ စင်္ကာပူနဲ့ မလေးရှားကိုလည်း ဝင်ရောက်ခဲ့ပြီး ကမ္ဘောဒီးယားဟာ သူ့ ရဲ့ နောက်ဆုံးခရီးထောက်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG