သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေ ဒုတိယနေ့ ဆက်လက်တွေ့ဆုံ


ရုရှားနိုင်ငံ မော်စကိုမြို့ ခရင်မလင်နန်းတော်မှာ တရုတ်သမ္မတရှီကျင့်ဖျင်(ဝဲ)နဲ့ ရုရှားသမ္မတဗလာဒီမီယာပူတင် (ယာ)တို့ ဒုတိယနေ့တွေ့ဆုံနေကြစဉ် (မတ် ၂၁ဈ ၂၀၂၃)
ရုရှားနိုင်ငံ မော်စကိုမြို့ ခရင်မလင်နန်းတော်မှာ တရုတ်သမ္မတရှီကျင့်ဖျင်(ဝဲ)နဲ့ ရုရှားသမ္မတဗလာဒီမီယာပူတင် (ယာ)တို့ ဒုတိယနေ့တွေ့ဆုံနေကြစဉ် (မတ် ၂၁ဈ ၂၀၂၃)

ရုရှားနိုင်ငံကိုရောက်လာတဲ့ တရုတ်သမ္မတရှီကျင်ဖျင့်ကို ရုရှားသမ္မတဗလာဒီမီယာပူတင်က ဒီနေ့ ဒုတိယနေ့အဖြစ် ဧည့်ခံ တွေ့ဆုံပါတယ်။ ၂ နိုင်ငံ ကြားပူးပေါင်းဆောင်ရွက်ရေးဟာ ကမ္ဘာကြီးမှာ တဖက်စောင်းနင်း မဖြစ်စေရေး အထောက်အကူဖြစ်တယ်လို့ တရုတ်သမ္မတက ပြောပါတယ်။

“တရုတ်နဲ့ ရုရှားကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဟာ နိုင်ငံတကာမှာ တရားမျှတမှုကို ချိန်ညှိပေးမှာဖြစ်ပြီး အခြားတဖက်မှာလည်း ကျွန်တော်တို့နိုင်ငံတွေရဲ့ ချမ်းသာကြွယ်ဝရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေပါတယ်” လို့ တရုတ်သမ္မတ ရှီကျင်ဖျင်က ပြောသွားတာပါ။

တနင်္လာနေ့ တံခါးပိတ်ဆွေးနွေးပွဲအပြီး ကနဉီး မှတ်ချက်ပေးပြောဆိုရမှာတော့ တရုတ်နိုင်ငံရဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တမဟုတ်ခြင်း တိုးတက်မှုတွေအပေါ် နည်းနည်းတောင် မနာလို ဖြစ်မိတဲ့အထိ အားကျမိတဲ့အကြောင်း ရုရှားသမ္မတပူတင် ပြောပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုအပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာခဲ့တာကို ပြောဆိုသွားတာပါ။

တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေ ဒုတိယနေ့ ဆက်လက်တွေ့ဆုံ
please wait

No media source currently available

0:00 0:01:33 0:00

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး တရုတ်ဘက်က အဆိုပြုတဲ့ ငြိမ်းချမ်းရေအစီအစဉ်ကို‌ သူ့အနေနဲ့ လေးစားတဲ့အကြောင်း သမ္မတ ပူတင်က ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း တရုတ်နိုင်ငံရဲ့ အဆိုပြုချက်မှာ ယူကရိန်း သမ္မတဗော်လ်ဒီမီယာ ဇလန်းစကီး တောင်းဆိုထားတဲ့ ရုရှားတပ်တွေ ဆုတ်ခွာပြီး ၂၀၁၄ ခုနှစ် ရုရှားသိမ်းယူခဲ့တဲ့ ခရိုင်းမီးယား ဒေသအပါအဝင် ယူကရိန်းရဲ့ နိုင်ငံတကာ အသိအမှတ်ပြု နယ်နမိတ်ကို လေးစားဖို့ ဆိုတာတွေ မပါတာကြောင့် လက်တွေ အကောင်အထည်ပေါ်နိုင်ဖို့ အလားအလာ နည်းပါးပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ တရုတ်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို သံသယရှိတဲ့အကြောင်းနဲ့ ဒီအဆိုပြုချက်ဟာ ရုရှားကိုကူညီဖို့ အချိန်ဆွဲတဲ့ နည်းဗျုဟာ ဖြစ်နိုင်တယ်ဆိုပြီး ဝေဖန်ထားပါတယ်။

တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေ ဒုတိယနေ့ ဆက်လက်တွေ့ဆုံ
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG