သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတနဲ့ ဆွေးနွေးဖို့ တရုတ်သမ္မတ မော်စကိုမြို့တော်ရောက်ရှိ


မော်စကိုက ဂုဏ်ထူးဆောင်တပ်ဖွဲ့တွေရဲ့ ကြိုဆိုရေးအခမ်းအနားအတွင်း ရုရှားဒုဝန်ကြီးချုပ်နဲ့အတူတွေ့ရတဲ့ တရုတ်သမ္မတရှီကျင့်ပင် (မတ် ၂၀၊ ၂၀၂၃)
မော်စကိုက ဂုဏ်ထူးဆောင်တပ်ဖွဲ့တွေရဲ့ ကြိုဆိုရေးအခမ်းအနားအတွင်း ရုရှားဒုဝန်ကြီးချုပ်နဲ့အတူတွေ့ရတဲ့ တရုတ်သမ္မတရှီကျင့်ပင် (မတ် ၂၀၊ ၂၀၂၃)

ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံမယ့် ၃ ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်သမ္မတရှီကျင်းပင် ဒီကနေ့ပဲ မော်စကိုမြို့တော်ကို ရောက်သွားပါပြီ။ ခရီးစဉ်အတွင်း တရုတ်သမ္မတက ယူကရိန်းအပေါ် ရုရှားကျုးကျော်စစ်နဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို တင်ပြမယ်လို့လည်း ခန့်မှန်းရပါတယ်။ တရုတ်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ဟာ ကမ္ဘာ့အသိုင်းအဝိုင်းက သဘောထား အမြင်တွေကို တတ်နိုင်သလောက် စုစည်းထားတယ်လို့လည်း ရုရှားအစိုးရက ထုတ်ဝေတဲ့ Rossiiskaya Gazeta စာစောင်မှာ ဒီကနေ့ ဖော်ပြခဲ့တဲ့ တရုတ်သမ္မတရဲ့ ဆောင်းပါးကို ကုလသမဂ္ဂဆိုင်ရာ တရုတ်မစ်ရှင်ရုံးက အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေရာမှာ ဖော်ပြထားပါတယ်။

ယူကရိန်းအတွက် တရုတ်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ရုရှားက ကြိုဆိုခဲ့ပြီးဖြစ်သလို တနင်္လာနေ့ညစားစားပွဲမှာလည်း ပူတင်နဲ့ ရှီကြား ဒီကိစ္စကို ဆွေးနွေးဖို့ရှိကြောင်း ရုရှားအစိုးရကပြောပါတယ်။ ရုရှားနဲ့ ယူကရိန်းကြား အပစ်အခတ်ရပ်စဲဖို့ တရုတ်က တောင်းဆိုထားပေမယ့် ဒီတောင်းဆိုချက်ဟာ စစ်ရေးတိုက်ပွဲတွေမှာ ရုရှားအနိုင်ရဖို့ အထောက်အကူဖြစ်စေတဲ့အတွက် အမေရိကန်ဘက်က ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပါတယ်။

ရုရှားသမ္မတကို စစ်ရာဇဝတ်မှု စွဲချက်နဲ့ ဖမ်းဆီးဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ပြီးခဲ့တဲ့ သောကြာနေ့မှာ ဝရမ်းထုတ်ပြန်ပြီးနောက်မှာပဲ တရုတ်သမ္မတ ရုရှားကိုသွားရောက်နေတာပါ။ ICC ရဲ့ ကြေညာချက်ကို တရုတ်က ကန့်ကွက်ထားပြီး နိုင်ငံခေါင်းဆောင်တယောက်ရဲ့ တရားရေးဆိုင်ရာ လုပ်ပိုင်ခွင့်ကို လေးစားသင့်ပြီး နိုင်ငံရေးဆန်ဆန်ပြုမူတာနဲ့ စံနှစ်မျိုးမူကို ကျင့်သုံးတာမျိုးကို ရှောင်ကျဉ်သင့်ကြောင်း ပြောဆိုထားပါတယ်။

တရုတ်သမ္မတရှီနဲ့ ရုရှားသမ္မတပူတင်တို့ တွေ့ဆုံ
please wait

No media source currently available

0:00 0:01:39 0:00
ရုရှားသမ္မတနဲ့ ဆွေးနွေးဖို့ တရုတ်သမ္မတ မော်စကိုမြို့တော်ရောက်ရှိ
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG