သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဝန်ကြီးချုပ်ဟောင်း ဈာပန အကျဉ်းချုံး ကျင်းပ


ဘေကျင်းမြို့ရှိ သတင်းစာရှင်းလင်းပွဲတခုကိုရောက်ရှိလာစဉ် လက်ဝှေ့ယမ်းပြနေတဲ့ တရုတ်ဝန်ကြီးချုပ်ဟောင်း လီခေ့ချန် (Li Keqiang) (မတ် ၁၅၊ ၂၀၁၇)
ဘေကျင်းမြို့ရှိ သတင်းစာရှင်းလင်းပွဲတခုကိုရောက်ရှိလာစဉ် လက်ဝှေ့ယမ်းပြနေတဲ့ တရုတ်ဝန်ကြီးချုပ်ဟောင်း လီခေ့ချန် (Li Keqiang) (မတ် ၁၅၊ ၂၀၁၇)

တရုတ်ဝန်ကြီးချုပ်ဟောင်း Li Keqiang ရဲ့ ဈာပနအခမ်းအနားကို ရဲအင်အား ထူထူထပ်ထပ်ချထားပြီး ကြာသပတေးနေ့မှာ အကျဥ်းရုံး ကျင်းပခဲ့ပါတယ်။ အသုဘအိမ်သွားရာ အဝင်အထွက်လမ်းတွေကိုလည်း လုံခြုံရေး တင်းကြပ်ထားခဲ့တာပါ။ သူ့ရုပ်အလောင်းကိုတော့ တရုတ်နိုင်ငံ့ခေါင်းဆောင်တွေ မြှုပ်နှံလေ့ရှိတဲ့ Babaoshan (ဘာဘောင်ရှန်) တော်လှန်ရေးသင်္ချိုင်းမှာပဲ မြှုပ်နှံပါတယ်။

ဝန်ကြီးချုပ်ဟောင်း Li ကို နောက်ဆုံး ဂါရဝပြုဖို့ ရာပေါင်းများစွာသောပြည်သူတွေ သင်္ချိုင်းအနီးနားမှာ စုရုံး စောင့်ဆိုင်းနေကြပြီး လူတွေစုပြုံတိုးရာကနေ မငြိမ်မသက်မှု ပေါ်ပေါက်လာမှာစိုးရိမ်တဲ့အတွက် ဒီ ဈာပနအခမ်းအနားကို တရုတ်အစိုးရက အခုလို တင်းတပ်းကျပ်ကျပ်ကိုင်တွယ်ပုံရတယ်လို့ အကဲခတ်တွေက မြင်ပါတယ်။

အခုလို ဝန်ကြီးချုပ်ဟောင်း Li ရဲ့ ဈာပနအခမ်းအနားမှာ ပြည်သူတွေ လာရောက်စုရုံးပြတာက တိုင်းပြည်ကို တင်းကျပ်စွာအုပ်ချုပ်နေတဲ့ သဘောထားတင်းမာသူ တရုတ်သမ္မတ Xi Jinping အပေါ် မကျေနပ်ကြောင်းပြသဖို့ ကြိုးစားရာရောက်တယ်လို့ သုံးသပ်သူတွေက မြင်ပါတယ်။ ဒါကြောင့် Xi Jinping အစိုးရကိုစိန်ခေါ်တဲ့ လူထုလှုပ်ရှားမှုတွေအထိ ဖြစ်မလာရအောင် တရုတ်အာဏာပိုင်တွေက ဒီဈာပနအခမ်းအနားကို တင်းကျပ်စွာ ကိုင်တွယ်နေပုံရတယ်လို့ ဟောင်ကောင်နဲ့ထိုင်ဝမ်အခြေစိုက် Freedom House အဖွဲ့ရဲ့ တရုတ်ပြည်ဆိုင်ရာ သုတေသီ Yaqiu Wang က သုံးသပ်ပါတယ်။

Li Keqiang ဟာ ဝန်ကြီးချုပ်တာဝန်ကနေအနားယူလိုက်ပြီး လအတန်အကြာမှာ နှလုံးဖေါက်ပြန်တဲ့ဝေဒနာနဲ့ အောက်တိုဘာ ၂၇ ရက်နေ့တုန်းက ကွယ်လွန်ခဲ့တာပါ။ သူဟာ ၂၀၁၃ ကနေ ၂၀၂၃ ခုနှစ်ထိ ၁၀ နှစ်တာကာလအတွင်း တရုတ်ပြည်ရဲ့ ဒုတိယမြောက်အာဏာအရှိဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

တရုတ်ဝန်ကြီးချုပ်ဟောင်း ဈာပန အကျဉ်းချုံး ကျင်းပ
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG