သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရချင်း သဘောတူညီမှုနဲ့ ဘယ်သူတွေ ဆန်ပို့ခွင့်ရမလဲ


မြန်မာ့ ဆန်ကို တရုတ်ဘက်က ကုန်စည်ဖလှယ်မှု စနစ်နဲ့ တန်ချိန် ၄ သိန်း ဝယ်ဖို့ ရှိနေပါတယ်။ တရားမဝင် ကုန်သွယ်မှုနဲ့ ဆန်တန်ချိန် ၂ သန်းကျော်ထိ ပြီးခဲ့တဲ့နှစ်က တရုတ်ဘက်ကို ပို့နိုင်ခဲ့ပေမယ့် အခုတော့ တရုတ်ဘက်က ပိတ်လိုက်တာကြောင့် အစိုးရခြင်း ညှိနှိုင်းမှုနဲ့ ဆန်ပြန်ပို့နိုင်ဖို့ စီစဉ်နေကြရတာပါ။

နယ်စပ်ကုန်သည်ကြီးတွေကတော့ တရုတ် မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ အစိုးရချင်း ထိထိရောက်ရောက် ညှိဖို့ လိုနေပြီလို့ ပြောဆိုကြပါတယ်။

ဆန်စပါးကုန်စည်ဒိုင် (မူဆယ်) ရဲ့ ဒုတိယ ဥက္ကဌ ဦးချမ်းသာဦးနဲ့ ဆက်သွယ်မေးမြန်းပြီး ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG