သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-ကမ္ဘောဒီးယား ၁၅ ရက်ကြာ ပူးတွဲစစ်လေ့ကျင့်မှုစတင်မည်


ဖနွမ်းပင်မြို့အနောက်တောင်ဘက် Sihanoukville မှာရှိတဲ့ ကမ္ဘောဒီးယား ရေတပ်စခန်း (အေပီ)
ဖနွမ်းပင်မြို့အနောက်တောင်ဘက် Sihanoukville မှာရှိတဲ့ ကမ္ဘောဒီးယား ရေတပ်စခန်း (အေပီ)

ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေဖို့နဲ့ စစ်ရေးအတွေ့အကြုံတွေဖလှယ်ဖို့ ရွှေနဂါး နှစ်စဥ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ဒီသီတင်းပတ်ထဲစတင်မယ်လို့ ကမ္ဘောဒီးယား တာဝန်ရှိသူတွေက တနင်္လာနေ့မှာပြောပါတယ်။

ကမ္ဘောဒီးယားစစ်ဖက်တပ်ဖွဲ့ဝင် ၁,၃၁၅ ဦးနဲ့ တရုတ်တပ်သား ၇၆၀ တို့ ၁၅ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှာပါ။ ဒီစစ်ရေးလေ့ကျင့်မှုမှာ တရုတ်စစ်သင်္ဘော ၃ စင်းနဲ့ ကမ္ဘောဒီးယားက စစ်သင်္ဘော ၁၁ စင်းတို့ပါဝင်မယ်လို့လည်း ကမ္ဘောဒီးယားစစ်ဘက်ပြောခွင့်ရသူ ဗိုလ်မှူးကြီး Thong Solimo ကသတင်းထောက်တွေကိုပြောပါတယ်။ ကြာသပတေးနေ့မှာစတင်မယ့် စစ်ရေးလေ့ကျင့်မှုဟာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနဲ့ နှစ်နိုင်ငံစလုံးမှာသာမက ဒေသတွင်းက လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်အားဖြည့်နိုင်အောင်ရည်ရွယ်တယ်လို့လည်း ပြောပါတယ်။

Angkor Sentinel လို့ခေါ်တဲ့အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ကမ္ဘောဒီးယားနိုင်ငံဘက်က ပယ်ဖျက်လိုက်ပြီးမကြာခင် ၂၀၁၆ ဒီဇင်ဘာလမှာ ကမ္ဘောဒီးယားနဲ့ တရုတ်တို့ရဲ့ ရွှေနဂါးပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ကမ္ဘောဒီးယားနဲ့ချစ်ကြည်ရင်းနှီးမှုကို သံမဏိလို ခိုင်မာမှုရှိတယ်လို့ ဖော်ပြပါတယ်။ ကမ္ဘောဒီးယားဟာ အရှေ့တောင်အာရှက တရုတ်ရဲ့ အနီးကပ်ဆုံးမဟာမိတ်ဖြစ်သလို တရုတ်နိုင်ငံဟာ ကမ္ဘောဒီးယားရဲ့ စီးပွါးရေးအပေါ်သြဇာလွှမ်းမိုးမှုရှိတဲ့ အရေးအကြီးဆုံး မိတ်ဖက်နိုင်ငံတခုလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG