သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ကနေဒါ အပြန်အလှန် ဖမ်းထားသူတွေကို ပြန်လွှတ်


ကနေဒါက ဖမ်းဆီးထားတဲ့ Huawei ကုမ္ပဏီ ဘဏ္ဍာရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ် Meng Wanzhou. (စက်တင်ဘာ ၂၄၊ ၂၀၂၁)
ကနေဒါက ဖမ်းဆီးထားတဲ့ Huawei ကုမ္ပဏီ ဘဏ္ဍာရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ် Meng Wanzhou. (စက်တင်ဘာ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

တရုတ်နဲ့ ကနေဒါနိုင်ငံတွေမှာ အပြန်အလှန် ဖမ်းဆီးထားကြသူတွေကို သောကြာနေ့နှောင်းပိုင်းက အသီးသီး ပြန်လွှတ်ပေးခဲ့ကြပြီး ဒီကနေ့မှာ သူတို့နေအိမ်တွေဆီ ပြန်ရောက်သွားကြပါပြီ။

ကနေဒါကဖမ်းထားတဲ့ Huawei ကုမ္ပဏီက ဘဏ္ဍာရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ် Meng Wanzhou၊ အပြန်အလှန်အားဖြင့် တရုတ်ကဖမ်းထားတဲ့ ကနေဒါနိုင်ငံသားနှစ်ဦးဖြစ်သူ Michael Spavor နဲ့ Michael Kovrig တို့ကို အသီးသီး ပြန်လွှတ်ပေးခဲ့တာပါ။

ကနေဒါမှာ နေအိမ်အကျယ်ချုပ် ဆက်ကျနေခဲ့တဲ့ Meng Wanzhou နဲ့ အမေရိကန် တရားရေးဌာနတို့ကြား သဘောတူညီချက် ရခဲ့ပြီး သူ့ကို အိမ်ပြန်ခွင့်ပေးဖို့ သဘောတူခဲ့ပြီးတဲ့နောက် နာရီပိုင်းအတွင်းမှာပဲ အခုလို ပြန်လွှတ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ Huawei ကိုယ်စား ဘဏ်တွေနဲ့ ငွေအသွင်းအထုတ် လုပ်တာတွေမှာ မသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး Meng Wanzhou ကို အမေရိကန်က စွပ်စွဲခဲ့တာပါ။

အဲဒီနောက် သူ့ကို လွှဲပြောင်းပေးဖို့ အမေရိကန်က တောင်းခဲ့တာကြောင့်် ကနေဒါနိုင်ငံက ဖမ်းထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က "ကနေဒါနိုင်ငံသားတွေ ဖြစ်ကြတဲ့ Michael Spavor နဲ့ Michael Kovrig တို့ကို နှစ်နှစ်ခွဲကျော်ကြာ ဖမ်းထားပြီးတဲ့နောက် ပြန်လွှတ်ပေးဖို့ တရုတ်နိုင်ငံ အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့တဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ အမေရိကန်က ကြိုဆိုပါတယ်" လို့ ထုတ်ပြန်ချက်တခုမှာ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)







XS
SM
MD
LG