သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ပိတ္ဆို႔မႈ အက်ဳိးဆက္ Huawei ရင္ဆိုင္ရဖြယ္ရွိ


(Zawgyi/Unicode)

တ႐ုတ္ ဆက္သြယ္ေရး နည္းပညာ ကုမၸဏီ Huawei အေနနဲ႔ စက္တင္ဘာလ ၁၅ ရက္ေန႔က စလို႔ ကြန္ျပဴတာ မွတ္ဉာဏ္ semiconductors chip ျပားေတြကို အရင္ကလို ကမၻာ့ေဈးကြက္မွာ အလြယ္တကူ ဝယ္ယူနိုင္ေတာ့မွာ မဟုတ္ေတာ့တာေၾကာင့္ ကြန္ျပဴတာ chip ျပားေတြ မရွိဘဲ Huawei အေနနဲ႔ စမတ္ဖုန္းေတြနဲ႔ 5G ပစၥည္း ကိရိယာေတြ တည္ေဆာက္နိုင္ဖို႔ အခက္အခဲ ရွိမယ္လို႔ စီးပြားေရး ေလ့လာ သုံးသပ္သူေတြက ေျပာပါတယ္။

တ႐ုတ္ ကုမၸဏီ Huawei ကို ကြန္ျပဴတာ chip ျပားေတြ မေရာင္းခ်ဖို႔ ဒဏ္ခတ္ ပိတ္ဆို႔မႈကို အေမရိကန္တို႔က ဩဂုတ္လတုန္းက ခ်မွတ္ခဲ့တာ ျဖစ္ၿပီး ပိတ္ဆို႔မႈအရ အေမရိကန္ နည္းပညာနဲ႔ ထုတ္လုပ္တဲ့ chip ျပားေတြကို Huawei ကို ေရာင္းခ်မယ့္ ဘယ္ ကုမၸဏီ မဆို အေမရိကန္တို႔ဆီက အထူး လိုင္စင္ ရယူရမွာ ျဖစ္ပါတယ္။

အခု ရက္သတၱပတ္ေတြထဲမွာပဲ Huawei ကို ကြန္ျပဴတာ chip ျပားေတြ ေရာင္းခ်ေနတဲ့ ေတာင္ကိုရီးယားနဲ႔ ထိုင္ဝမ္ ကုမၸဏီေတြ ကလည္း အေမရိကန္တို႔ရဲ့ ဒဏ္ခတ္ အေရးယူ ပိတ္ဆို႔မႈအတိုင္း လိုက္နာ ေဆာင္ရြက္သြားမွာ ျဖစ္တာေၾကာင့္ အဂၤါေန႔ကစလို႔ chip ျပားေတြ ေထာက္ပံ့ေတာ့မွာ မဟုတ္ေတာ့ဘူးလို႔ ေၾကညာထားပါတယ္။

Chip ျပားေတြကို Huawei ကုမၸဏီ ဘယ္လို႔ ဆက္လက္ ဝယ္ယူရမလဲဆိုတာ မသိရေသးေပမယ့္ ထိုင္ဝမ္က ကြန္ျပဴတာ chip ္ျပား ထုတ္လုပ္တဲ့ MediaTek ကုမၸဏီကေတာ့ ၿပီးခဲ့တဲ့ လကပဲ အေမရိကန္ အစိုးရဆီကို ေရာင္းခ်ခြင့္ လိုင္စင္ ေတာင္းခံထားတယ္လို႔ ေျပာပါတယ္။

တစ္ခ်ိန္တည္းမွာပဲ Huawei ကုမၸဏီကလည္း လုပ္ငန္း ဆက္လက္ လည္ပတ္နိုင္ဖို႔ ၂ ႏွစ္စာ သုံးစြဲနိုင္တဲ့ တန္ဖိုးရွိတဲ့ ကြန္ျပဴတာ chip ျပားေတြကို စုေဆာင္း ဝယ္ယူထား တယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။

အေမရိကန္တို႔ရဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေၾကာင့္ ေရတိုမွာ Huawei အတြက္ တျခား ေရြးစရာ မရွိေပမယ့္ ေရရွည္မွာေတာ့ တ႐ုတ္တို႔ ကိုယ္တိုင္ ကြန္ျပဴတာ chip ျပားေတြ ထုတ္လုပ္လာမွာကို အေမရိကန္တို႔ တားဆီးနိုင္မွာ မဟုတ္ဘူးလို႔လည္း ေလ့လာသူေတြက ခန္႔မွန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

အမေရိကန်ပိတ်ဆို့မှု အကျိုးဆက် Huawei ရင်ဆိုင်ရဖွယ်ရှိ

(Unicode)

တရုတ် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ Huawei အနေနဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က စလို့ ကွန်ပြူတာ မှတ်ဉာဏ် semiconductors chip ပြားတွေကို အရင်ကလို ကမ္ဘာ့ဈေးကွက်မှာ အလွယ်တကူ ဝယ်ယူနိုင်တော့မှာ မဟုတ်တော့တာကြောင့် ကွန်ပြူတာ chip ပြားတွေ မရှိဘဲ Huawei အနေနဲ့ စမတ်ဖုန်းတွေနဲ့ 5G ပစ္စည်း ကိရိယာတွေ တည်ဆောက်နိုင်ဖို့ အခက်အခဲ ရှိမယ်လို့ စီးပွားရေး လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

တရုတ် ကုမ္ပဏီ Huawei ကို ကွန်ပြူတာ chip ပြားတွေ မရောင်းချဖို့ ဒဏ်ခတ် ပိတ်ဆို့မှုကို အမေရိကန်တို့က ဩဂုတ်လတုန်းက ချမှတ်ခဲ့တာ ဖြစ်ပြီး ပိတ်ဆို့မှုအရ အမေရိကန် နည်းပညာနဲ့ ထုတ်လုပ်တဲ့ chip ပြားတွေကို Huawei ကို ရောင်းချမယ့် ဘယ် ကုမ္ပဏီ မဆို အမေရိကန်တို့ဆီက အထူး လိုင်စင် ရယူရမှာ ဖြစ်ပါတယ်။

အခု ရက်သတ္တပတ်တွေထဲမှာပဲ Huawei ကို ကွန်ပြူတာ chip ပြားတွေ ရောင်းချနေတဲ့ တောင်ကိုရီးယားနဲ့ ထိုင်ဝမ် ကုမ္ပဏီတွေ ကလည်း အမေရိကန်တို့ရဲ့ ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှုအတိုင်း လိုက်နာ ဆောင်ရွက်သွားမှာ ဖြစ်တာကြောင့် အင်္ဂါနေ့ကစလို့ chip ပြားတွေ ထောက်ပံ့တော့မှာ မဟုတ်တော့ဘူးလို့ ကြေညာထားပါတယ်။

Chip ပြားတွေကို Huawei ကုမ္ပဏီ ဘယ်လို့ ဆက်လက် ဝယ်ယူရမလဲဆိုတာ မသိရသေးပေမယ့် ထိုင်ဝမ်က ကွန်ပြူတာ chip ်ပြား ထုတ်လုပ်တဲ့ MediaTek ကုမ္ပဏီကတော့ ပြီးခဲ့တဲ့ လကပဲ အမေရိကန် အစိုးရဆီကို ရောင်းချခွင့် လိုင်စင် တောင်းခံထားတယ်လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ Huawei ကုမ္ပဏီကလည်း လုပ်ငန်း ဆက်လက် လည်ပတ်နိုင်ဖို့ ၂ နှစ်စာ သုံးစွဲနိုင်တဲ့ တန်ဖိုးရှိတဲ့ ကွန်ပြူတာ chip ပြားတွေကို စုဆောင်း ဝယ်ယူထား တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အမေရိကန်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ရေတိုမှာ Huawei အတွက် တခြား ရွေးစရာ မရှိပေမယ့် ရေရှည်မှာတော့ တရုတ်တို့ ကိုယ်တိုင် ကွန်ပြူတာ chip ပြားတွေ ထုတ်လုပ်လာမှာကို အမေရိကန်တို့ တားဆီးနိုင်မှာ မဟုတ်ဘူးလို့လည်း လေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG