သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္-က်ဴးဘား ပူးေပါင္းေဆာင္ရြက္ေရး သမၼတ ၂ ဦး ေဘဂ်င္းမွာေဆြးေႏြး


China Cuba

တ႐ုတ္ သမၼတ ရွီက်င့္ပင္ နဲ႔ က်ဴးဘား သမၼတ မိဂဲလ္ ဒီရက္ဇ္ ကနဲလ္ Miguel Diaz-Canel Bermudez တို႔ ပထမဆံုးအႀကိမ္အျဖစ္ ေဘဂ်င္းမွာ ေတြ႕ဆံုခဲ့ၾကၿပီး ၂ ႏိုင္ငံ အျပန္အလွန္ အေထာက္အကူေပးမွာ ျဖစ္ေၾကာင္း ကတိျပဳခဲ့ၾကပါတယ္။  

တ႐ုတ္-က်ဴးဘား ပူးေပါင္းေဆာင္ရြက္ေရး သမၼတ ၂ ဦး ေဘဂ်င္းမွာေဆြးေႏြး

{{Zawgyi/Unicode}}
တ႐ုတ္ သမၼတ ရွီက်င့္ပင္ နဲ႔ က်ဴးဘား သမၼတ မိဂဲလ္ ဒီရက္ဇ္ ကနဲလ္ Miguel Diaz-Canel Bermudez တို႔ ပထမဆံုးအႀကိမ္အျဖစ္ ေဘဂ်င္းမွာ ေတြ႕ဆံုခဲ့ၾကၿပီး ၂ ႏိုင္ငံ အျပန္အလွန္ အေထာက္အကူေပးမွာ ျဖစ္ေၾကာင္း ကတိျပဳခဲ့ၾကပါတယ္။

တ႐ုတ္ႏိုင္ငံ အေနနဲ႔ ေဒသတြင္းနဲ႔ ႏိုင္ငံတကာကိစၥရပ္ေတြမွာ က်ဴးဘားနဲ႔ ပူးေပါင္းေဆာင္ရြက္ေရး ခိုင္မာေစဖို႔ ေမွ်ာ္လင့္ထားေၾကာင္း က်ဴးဘားသမၼတကို တ႐ုတ္သမၼတ က ေျပာပါတယ္။ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ဆိုရွယ္လစ္စံနစ္ ထူေထာင္တဲ့လမ္းမွာ ၂ ႏိုင္ငံ လက္တြဲေလွ်ာက္လွမ္းမွာ ျဖစ္ေၾကာင္း သမၼတရွီရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီးလည္း တ႐ုတ္အစိုးရသတင္းေတြမွာ ေဖၚျပပါတယ္။

၂ ႏိုင္ငံ ေခါင္းေဆာင္ ၂ ဦးရဲ႕ ေတြ႕ဆံုပြဲမွာ တျခားႏိုင္ငံေတြအေရးနဲ႔ အထူးကိစၥရပ္ေတြ ေဆြးေႏြးမႈ ရွိမရွိ တ႐ုတ္အစိုးရ သတင္းေတြမွာ မေဖၚျပၾကပါဘူး။

က်ဴးဘားသမၼတ Diaz-Canel ရဲ႕ အခု တ႐ုတ္ခရီးစဥ္ကိုၾကည့္ရင္ ကိုဗစ္ကပ္ေရာဂါကာလအတြင္း လူခ်င္းေတြ႕ဆံုမႈေတြ ပိတ္ပင္ထားရာကေန အခု လူခ်င္းေတြ႕ဆံု ဆက္ဆံမႈေတြကို စတင္ဖို႔ တ႐ုတ္အစိုးရက ႀကိဳးစားေတာ့မယ့္ အရိပ္အေျခေတြ ေတြ႕လာရတာပါ။

တ႐ုတ္ သမၼတ ရွီ ဟာ လက္ရွိအာဏာရ ကြန္ျမဴနစ္ပါတီမွာ ေခါင္းေဆာင္အျဖစ္ ဆက္လက္ရပ္ႏိုင္ဖို႔ အရင္သတ္မွတ္ သမၼတ သက္တမ္းကို ပယ္ဖ်က္ခဲ့သလို ဒီလ အေစာပိုင္းမွာ ေဘဂ်င္းကို လာေရာက္တဲ့ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz နဲ႔ ေတြ႕ဆံုခဲ့ၿပီး၊ အင္ဒိုနီးရွားက G 20 ထိ္ပ္သီးအစည္းေဝးနဲ႔ ထိုင္းက APEC ထိပ္သီးညီလာခံကိုပါ တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ လာမယ့္ သီတင္းပတ္ထဲမွာလည္း မြန္ဂိုလီယား သမၼတ Ukhnaagiin Khurelsukh နဲ႔ ဥေရာပေကာင္စီ အႀကီးအကဲ Charles Michel တို႔ ေဘဂ်င္းကို လာေရာက္မွာလည္း ျဖစ္ပါတယ္။

က်ဴးဘားသမၼတ Diaz-Canel ကေတာ့ တ႐ုတ္ကို မသြားခင္ ႐ုရွားႏိုင္ငံ ေမာ္စကိုကိုသြားေရာက္ၿပီး ႐ုရွားသမၼတ Vladimir Putin နဲ႔ ေတြ႕ဆံုခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...........................................

တရုတ်-ကျူးဘား ပူးပေါင်းဆောင်ရွက်ရေး သမ္မတ ၂ ဦး ဘေဂျင်းမှာဆွေးနွေး

{{Zawgyi/Unicode}}
တရုတ် သမ္မတ ရှီကျင့်ပင် နဲ့ ကျူးဘား သမ္မတ မိဂဲလ် ဒီရက်ဇ် ကနဲလ် Miguel Diaz-Canel Bermudez တို့ ပထမဆုံးအကြိမ်အဖြစ် ဘေဂျင်းမှာ တွေ့ဆုံခဲ့ကြပြီး ၂ နိုင်ငံ အပြန်အလှန် အထောက်အကူပေးမှာ ဖြစ်ကြောင်း ကတိပြုခဲ့ကြပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စရပ်တွေမှာ ကျူးဘားနဲ့ ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာစေဖို့ မျှော်လင့်ထားကြောင်း ကျူးဘားသမ္မတကို တရုတ်သမ္မတ က ပြောပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆိုရှယ်လစ်စံနစ် ထူထောင်တဲ့လမ်းမှာ ၂ နိုင်ငံ လက်တွဲလျှောက်လှမ်းမှာ ဖြစ်ကြောင်း သမ္မတရှီရဲ့ ပြောကြားချက်ကို ကိုးကားပြီးလည်း တရုတ်အစိုးရသတင်းတွေမှာ ဖေါ်ပြပါတယ်။

၂ နိုင်ငံ ခေါင်းဆောင် ၂ ဦးရဲ့ တွေ့ဆုံပွဲမှာ တခြားနိုင်ငံတွေအရေးနဲ့ အထူးကိစ္စရပ်တွေ ဆွေးနွေးမှု ရှိမရှိ တရုတ်အစိုးရ သတင်းတွေမှာ မဖေါ်ပြကြပါဘူး။

ကျူးဘားသမ္မတ Diaz-Canel ရဲ့ အခု တရုတ်ခရီးစဉ်ကိုကြည့်ရင် ကိုဗစ်ကပ်ရောဂါကာလအတွင်း လူချင်းတွေ့ဆုံမှုတွေ ပိတ်ပင်ထားရာကနေ အခု လူချင်းတွေ့ဆုံ ဆက်ဆံမှုတွေကို စတင်ဖို့ တရုတ်အစိုးရက ကြိုးစားတော့မယ့် အရိပ်အခြေတွေ တွေ့လာရတာပါ။

တရုတ် သမ္မတ ရှီ ဟာ လက်ရှိအာဏာရ ကွန်မြူနစ်ပါတီမှာ ခေါင်းဆောင်အဖြစ် ဆက်လက်ရပ်နိုင်ဖို့ အရင်သတ်မှတ် သမ္မတ သက်တမ်းကို ပယ်ဖျက်ခဲ့သလို ဒီလ အစောပိုင်းမှာ ဘေဂျင်းကို လာရောက်တဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz နဲ့ တွေ့ဆုံခဲ့ပြီး၊ အင်ဒိုနီးရှားက G 20 ထိပ်သီးအစည်းဝေးနဲ့ ထိုင်းက APEC ထိပ်သီးညီလာခံကိုပါ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ လာမယ့် သီတင်းပတ်ထဲမှာလည်း မွန်ဂိုလီယား သမ္မတ Ukhnaagiin Khurelsukh နဲ့ ဥရောပကောင်စီ အကြီးအကဲ Charles Michel တို့ ဘေဂျင်းကို လာရောက်မှာလည်း ဖြစ်ပါတယ်။

ကျူးဘားသမ္မတ Diaz-Canel ကတော့ တရုတ်ကို မသွားခင် ရုရှားနိုင်ငံ မော်စကိုကိုသွားရောက်ပြီး ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG