သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကာကွယ်ရေးဝန်ကြီး ရာထူးကဖယ်ရှားခံရ


ရာထူးက ထုတ်ဖယ်ခံလိုက်ရတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu
ရာထူးက ထုတ်ဖယ်ခံလိုက်ရတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu

တရုတ်နိုင်ငံက ကာကွယ်ရေးဝန်ကြီးကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ ဒါဟာ လများစွာအတွင်း ထိပ်တန်းတာဝန်ရှိသူတယောက်ကို ဒုတိယအကြိမ် ထုတ်ပယ်လိုက်တာပါ။ ခန့်ထားပြီး (၇) လအကြာမှာ ဖယ်ရှားလိုက်တာလည်း ဖြစ်ပါတယ်။

မစ္စတာလီရှန်ဖူးကို ဖယ်ရှားလိုက်ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ မပြောသလို ဝန်ကြီးအသစ်ကိုလည်း မခန့်ထားသေးပါဘူး။ နိုင်ငံတော်ပိုင် မီဒီယာတွေရဲ့အလိုအရ အင်္ဂါနေ့မှာကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ပြည်သူ့လွှတ်တော်ရဲ့ အမြဲတမ်းကော်မီတီ အစည်းအဝေးကနေ အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာလီကို ဖယ်ရှားလိုက်တာပါ။

သူ့အပြင် ယခင် နိုင်ငံခြားရေးဝန်ကြီး ကင်ဂန်း Qin Gang ကိုလည်း နိုင်ငံတော် ကောင်စီဝင်ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ ကာကွယ်ရေး ဝန်ကြီးဟောင်းလီကို ဩဂုတ်လကတည်းက လူမြင်ကွင်းမှာ မတွေ့ရတော့တာပါ။

ပစ္စည်းဝယ်ယူရေးနဲ့ပတ်သက်လို့ ခြစားမှုရှိတယ်ဆိုပြီး စုံစမ်းခံနေရကြောင်း ရိုက်တာသတင်းက ပြီးခဲ့တဲ့လမှာ ရေးခဲ့ပါသေးတယ်။ ရုရှားကနေ တိုက်လေယာဥ်တွေနဲ့ တခြားပစ္စည်းတွေရယူရာမှာ မစ္စတာလီ ပါဝင်ခဲ့တဲ့အခန်းကဏ္ဍကြောင့် အမေရိကန်က သူ့ကို ပိတ်ဆို့ အရေးယူထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG