သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ၅ ရာခိုင်နှုန်းပြည့်ဖို့ တရုတ်နိုင်ငံရည်မှန်း


တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းခရိုင်၊ Guangzhou မြို့က အထည်ချုပ်စက်ရုံမြင်ကကွင်း။ (ဖေဖေါ်ဝါရီ ၂၀၊ ၂၀၂၅)
တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းခရိုင်၊ Guangzhou မြို့က အထည်ချုပ်စက်ရုံမြင်ကကွင်း။ (ဖေဖေါ်ဝါရီ ၂၀၊ ၂၀၂၅)

တရုတ်ပြည်အနေနဲ့ ပြည်တွင်းဝယ်လိုအားတွေကျဆင်းနေပြီး ပြည်ပကအခက်အခဲတွေနဲ့ ရင်ဆိုင်နေ ရပေမယ့်လည်း ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၅ ရာနှုန်းအထိ ရည်မှန်းထား တယ်လို့ တရုတ်ဝန်ကြီးချုပ် Li Qiang က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။

နိုင်ငံတကာကုန်သွယ်ရေးမှာ အမျိုးသားအကျိုးစီးပွားကာကွယ်တာတွေ၊ အခွန်တိုးမြှင့်ကောက်ခံတာ တွေ၊ ပထဝီနိုင်ငံရေးအရတင်းမာမှုတွေနဲ့ နိုင်ငံပေါင်းစုံကုန်သွယ်ရေးနစ်မှာ အနှောင့်အယှက်တွေ ဖြစ် နေတဲ့အတွက် နည်းပညာနဲ့ကုန်သွယ်ရေးကဏ္ဍမှာ ပြင်ပဖိအားတွေရှိနေတယ်လို့ တရုတ်ဝန်ကြီးချုပ် Li Qiang က တရုတ်သမ္မတရှီကျင်းပင်အပါအဝင် ထောင်နဲ့ချီတဲ့ တရုတ်ကွန်မြူနစ်ပါတီဝင်တွေတက်တဲ့ နှစ်ပတ်လည်အစည်းဝေးမှာပြောကြားခဲ့ပါတယ်။

ပြည်တွင်းမှာလည်း စီးပွားရေးပြန်လည်ကောင်းမွန်လာမှုဟာ အပြည့်အဝခြေအနေကို မရောက်သေးဘဲ ဝယ်လိုအား ကျဆင်းနေဆဲပဲလို့ ဝန်ကြီးချုပ် Li Qiiang ကပြောပါတယ်။ တရုတ်ရဲ့ စီးပွားရေးတိုးတက်မှု နှုန်း ရည်မှန်းချက်ဟာ ၂၀၂၅ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုတည်ငြိမ်ရေးအတွက် အဓိကထားတာ ကို ဖေါ်ပြနေတယ်လို့သုတေသီတွေကသုံးသပ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တရုတ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတက်မှုဟာ ပို့ကုန်အပေါ်အခြေခံပေမယ့်လည်း ဒီ ၂၀၂၅ ခုနှစ်မှာ အမေရိကန်ရဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ပို့ကုန်တွေဟာ မသေချာမရေရာမှုနဲ့ ကြုံရနိုင်တယ်လို့ ထိုင်ဝမ်အခြေစိုက် Chung-Hua စီးပွားရေးသုတေသနဌာနအဖွဲ့က သုတေသီ Kuo -chen က ပြောပါ တယ်။ ပြည်တွင်းဝယ်လိုအားဟာလည်း အလုံအလောက်မရှိတဲ့အတွက် ၂၀၂၅ ခုနှစ်အတွင်း စီးပွားရေး တိုးတက်ဖို့ဆိုရင် ဝယ်ယူစားသုံးမှုမြင့်တက်လာအောင်လုပ်ဖို့ပဲရှိတယ်လို့ သူကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG