သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ပေါင်း ၄၀ ကျော်မှာ တရုတ်ပြည် စီးပွားရေး အဆိုးဆုံးကျဆင်း


China Economy
China Economy

[[Zawgyi/Unicode]]

တရုတ်နိုင်ငံမှာ Covid-19 ကပ်ဘေးရောဂါကို တင်းတင်းကြပ်ကြပ် တုံ့ပြန်ဆောင်ရွက်မှုအတွင်း နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုဟာ ဆယ်စုနှစ် ၄ ခုကျော်အတွင်း အဆိုးရွားဆုံးအဆင့်တခုကို ကျဆင်းသွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း တရုတ်မှာ စီးပွားရေးဖွံ့ဖြိုးမှု ၃ ရာခိုင်နှုန်းသာရှိကြောင်း အမျိုးသား စာရင်းအင်းဌာနက အင်္ဂါနေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး ဒါဟာဆိုရင် ဒီမတိုင်ခင် အရင်နှစ်က ၈.၁ ရာခိုင်နှုန်းထိရောက်ရှိခဲ့မှုကနေ အများကြီး လျော့နည်းနေတာ ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းမှာ ဒုတိယမြောက် အဆိုးရွားဆုံး စီးပွားရေးကွေးမှုဖြစ်ပြီး ကပ်ဘေးရောဂါစခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း ရှိခဲ့တဲ့ဖွံဖြိုးမှု ၂.၄ ရာခိုင်နှုန်းကိုသာ ကျော်လွန်တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံမှာ ၂၀၂၁ ခုနှစ် စတုတ္ထ သုံးလပတ်အတွင်းက စီးပွားရေးဖွံ့ဖြိုးမှု ၃.၉ ရာခိုင်နှုန်းနဲ့ယှဉ်ရင်တော့ ပြီးခဲ့တဲ့နှစ် စတုတ္ထ သုံးလပတ်အတွင်း ၂.၉ ရာခိုင်နှုန်းကို ကျဆင်းသွားပါတယ်။ ဒီဇင်ဘာလ အတွင်း လက်လီအရောင်းကလည်း ၁.၈ ရာခိုင်နှုန်း ကျဆင်းပါတယ်။

Covid-19 ကပ်ဘေးရောဂါစတင်ချိန်ကစလို့ တရုတ်အစိုးရက Covid လုံးဝကင်းစင်ရေး တင်းကြပ်တဲ့မူဝါဒကို ချမှတ်ကျင့်သုံးခဲ့တာပါ။ Covid -19 ကူးစက်ပျံ့နှံ့မှု များတဲ့မြို့အတော်များများမှာ quarantines သီးခြားခွဲထားမှုနဲ့ လူစုလူဝေးလိုက် Covid စစ်ဆေးမှုတွေ၊ နောက် အသွားအလာ တားမြစ်ပိတ်ပင်ကန့်သတ်မှုတွေလည်း တင်းတင်းကြပ်ကြပ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီဆောင်ရွက်ချက်တွေကြောင့်လည်း တရုတ်မြို့ကြီးအများအပြားမှာ မကြုံစဖူး လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့သလို စက်ရုံတွေပိတ်ရတာကြောင့် စီးပွားရေးလည်း ကျဆင်းခဲ့ပါတယ်။

တရုတ်အစိုးရက သူ့ရဲ့ Covid လုံးဝကင်းစင်ရေး တင်းကြပ်တဲ့မူဝါဒကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ ရုတ်တရက် ပြောင်းလဲပေးခဲ့ပါတယ်။ ဒါပေမဲ့ လူပေါင်း ၆၀,၀၀၀ နီးပါး သေဆုံးခဲ့ရပြီးဖြစ်တဲ့ Covid ကူးစက်ပျံ့နှံ့မှု လှိုင်းအသစ်နဲ့ ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]







XS
SM
MD
LG