သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ အပစ်ရပ်ရေး တရုတ်နိုင်ငံ ကြားဝင်ကြိုးပမ်းနေ


ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Wen (ဝဲ) နဲ့ ဘင်္ဂလားဒေရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmu (ယာ) တို့တွေ့ဆုံနေကြစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Wen (ဝဲ) နဲ့ ဘင်္ဂလားဒေရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmu (ယာ) တို့တွေ့ဆုံနေကြစဉ်

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံ ကြားဝင် ကြိုးပမ်းနေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Wen က မနေ့က ပြောဆိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံက ကြိုးပမ်းနေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmud နဲ့ တွေ့ဆုံ အပြီး သတင်းထောက်တွေကို ပြောဆိုသွားတာပါ။

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုအရ မြန်မာစစ်ကောင်စီအနေနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်တွေ အရင်ကလည်း ရပြီး ဖြစ်တဲ့အကြောင်းနဲ့ နောက်ထပ် ရခိုင်ပြည်နယ်ထဲမှာ ထပ်ရစေချင်တဲ့အကြောင်း တရုတ်သံအမတ်ကြီးက ပြောဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်တော်ခေါ် AA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က စခန်းတွေ လက်လွှတ်ဆုံးရှုံးနေချိန် တရုတ်သံအမတ်ကြီးရဲ့ ပြောကြားချက် ထွက်လာတာပါ။ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ် သုံးနိုင်ငံ ပူ‌ပေါင်းဆောင်ရွက်ရေး အစီစဉ်တွေ အခက်အခဲတွေကြား ရပ်ဆိုင်းနေပေမယ့် ယုံကြည်မှု ရှိဖို့လိုတဲ့အကြောင်းလည်းတရုတ်သံအမတ်ကြီးက ပြောပါတယ်။

ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ် နိုင်ငံအကြား သဘောတူထားပေမယ့် နှစ်နဲ့ချီ အကောင်အထည်ဖေါ်နိုင်သေးခြင်း မရှိပါဘူး။ တရုတ်နိုင်ငံ ကြားဝင်စေ့စပ်နေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကရော AA ရခိုင့်တပ်တော်ဘက်ကပါ တစုံတရာ ပြောဆိုတာတော့မရှိသေးပါဘူး။

ရခိုင်မှာ အပစ်ရပ်ရေး တရုတ်နိုင်ငံ ကြားဝင်ကြိုးပမ်းနေ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG