သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လေယာဉ်ပျက်ကျမှု တမင်သက်သက် လုပ်ရပ်ဖြစ်နိုင်ကြောင်းခန့်မှန်း 


FILES-CHINA-ACCIDENT-AVIATION
FILES-CHINA-ACCIDENT-AVIATION

China Eastern တရုတ်လေကြောင်းလိုင်းရဲ့ မတ်လထဲ ပျက်ကျခဲ့တဲ့ လေယာဉ်က အလိုအလျောက် မှတ်တမ်းတင်ထားတဲ့ Black Box အချက်အလက်တွေအရ လေယာဉ်မှူး ခေါင်းခန်းထဲမှာ ရှိနေတဲ့သူ တယောက်ယောက်က တမင်သက်သက် လေယာဉ်ကို ထိုးချရာက ပျက်ကျခဲ့ပုံရကြောင်း Wall Street Journal သတင်းက အင်္ဂါနေ့မှာပဲ ဖော်ပြခဲ့ပါတယ်။

တရုတ်လေယာဉ်ပျက်ကျမှု တမင်သက်သက် လုပ်ရပ်ဖြစ်နိုင်ကြောင်းခန့်မှန်း

{{Zawgyi/Unicode}}
China Eastern တရုတ်လေကြောင်းလိုင်းရဲ့ မတ်လထဲ ပျက်ကျခဲ့တဲ့ လေယာဉ်က အလိုအလျောက် မှတ်တမ်းတင်ထားတဲ့ Black Box အချက်အလက်တွေအရ လေယာဉ်မှူး ခေါင်းခန်းထဲမှာ ရှိနေတဲ့သူ တယောက်ယောက်က တမင်သက်သက် လေယာဉ်ကို ထိုးချရာက ပျက်ကျခဲ့ပုံရကြောင်း ကနဦးစုံစမ်းတွေ့ရှိချက်တွေနဲ့ နီးစပ်တဲ့ အမေရိကန်တာဝန်ရှိသူတွေကို ကိုးကားပြီး Wall Street Journal သတင်းက အင်္ဂါနေ့မှာပဲ ဖော်ပြခဲ့ပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုတွေမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက် မတွေ့ရတာကြောင့် လေယာဉ်ဝန်ထမ်းတွေရဲ့ လုပ်ရပ်တွေကို အာရုံစိုက် စုံစမ်းခဲ့တာလို့လည်း တာဝန်ရှိသူတဦးကို ကိုးကားပြီး Reuters သတင်းက ဖော်ပြခဲ့တာပါ။

လေယာဉ်ထုတ်လုပ်တဲ့ Boeing ကုမ္ပဏီကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပြီး တရုတ်အစိုးရ တာဝန်ရှိသူတွေကို မေးမြန်းဖို့သာ ပြောခဲ့ပါတယ်။

အမေရိကန် သယ်ယူပို့ဆောင်မှု ဘေးကင်းလုံခြုံရေး ဘုတ်အဖွဲ့ (NTSB) ကလည်း လတ်တလော သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Boeing 737-800 အမျိုးအစား ဂျက်လေယာဉ်ဟာ မတ်လထဲမှာတုန်းက တရုတ်နိုင်ငံ Kunming မြို့ကနေ Guangzhou မြို့ကို ပျံသန်းနေစဉ် တောင်ထူထပ်တဲ့ Guangxi ဒေသအရောက် ရုတ်တရက် အမြင့်ကနေ ထိုးဆင်းပြီး ပျက်ကျခဲ့ရာက ခရီးသည် ၁၂၃ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၉ ယောက်စလုံး သေဆုံးခဲ့တာကြောင့် တရုတ်ပြည်မကြီးမှာ ၂၈ နှစ်အတွင်း အများဆုံး သေဆုံးမှု ဖြစ်ခဲ့ပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်အမျိုးအစားတွေကိုတော့ China Eastern လေကြောင်းလိုင်းက ဧပြီလထဲမှာပဲ ပြန်လည်ပြေးဆွဲခဲ့တာပါ။ ၁၉၉၇ ခုနှစ်ကတည်းက သုံးနေတဲ့ Boeing 737-800 လေယာဉ်တွေဟာ စိတ်ချရတဲ့ မှတ်တမ်းကောင်းရှိပြီး၊ လေယာဉ်ပျက်ကျမှုကို ကနဦးစုံစမ်းမှုတွေမှာ စက်ချို့ယွင်းတာ မတွေ့ခဲ့ရကြောင်းလည်း တရုတ်တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

.............................................................


{{Zawgyi/Unicode}}






XS
SM
MD
LG