သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေး ဝန်ကြီး Wang Yi တရုတ် - မြန်မာ နယ်ခြားမှတ်တိုင် သွားရောက်


တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi - တရုတ် မြန်မာ နယ်ခြားမှတ်တိုင်ကို သွားရောက်။ ဓာတ်ပုံ - Foreign Affairs Office of Yunnan Province
တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi - တရုတ် မြန်မာ နယ်ခြားမှတ်တိုင်ကို သွားရောက်။ ဓာတ်ပုံ - Foreign Affairs Office of Yunnan Province

တရုတ် နိုင်ငံတော် ကောင်စီဝင် နိုင်ငံခြားရေး ဝန်ကြီး Wang Yi ဟာ တရုတ်- မြန်မာ အမှတ် ၁ နယ်ခြား မှတ်တိုင်ကို သွားရောက် စစ်ဆေးခဲ့ပါတယ်။ ဒါဟာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင်တဲ့ နှစ် ၇၀ ပြည့်မှာ နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အရေးပါတယ်ဆိုတာကို ပြသတာ ဖြစ်တယ်လို့ CGTN တရုတ် သတင်းဌာနက ဆိုပါတယ်။

တရုတ် မြန်မာ နယ်စပ် တည်ငြိမ်ရေးဟာ တရုတ်ပြည် အနောက်တောင်ပိုင်း လုံခြုံရေး၊ ခါးပတ်လမ်း စီမံကိန်း ပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြောင်းလည်း ဖော်ပြထားပါတယ်။ နှစ်နိုင်ငံ ပြည်သူတွေရဲ့ နေထိုင်မှု ဝန်းကျင်ကောင်း ဖန်တီးဖို့၊ အိုးအိမ် ကာကွယ်စောင့်ရှောက်ဖို့ အတွက်လည်း ဌာနဆိုင်ရာတွေကို ပြောကြားသွားခဲ့ပါတယ်။

တရုတ် မြန်မာ စီးပွားရေး စင်္ကြန် တည်ဆောက်ရေးကို ပိုမို အားသွန်ခွန်စိုက် လုပ်ကိုင်ကြဖို့နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် နယ်စပ်ဒေသမှာ လူပုဂ္ဂိုလ် အပြန်အလှန် လဲလှယ် လုပ်တာတွေကို ပိုမို အလွယ်တကူ လုပ်လာနိုင်လိမ့်မယ်လို့ ဝန်ကြီးက ပြောကြားသွားတယ်လို့ ရေးသားထားပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး Wang Yi တရုတ် - မြန်မာ နယ်ခြားမှတ်တိုင် သွားရောက်
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG