သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း-ရုရှား ပဋိပက္ခ တွေ့ဆုံဆွေးနွေးမှုနှင့်သာ ပြေလည်မည် (တရုတ်အထူးကိုယ်စားလှယ်)


ဥရောပရေးရာ တရုတ် အထူးကိုယ်စားလှယ် Li Hui
ဥရောပရေးရာ တရုတ် အထူးကိုယ်စားလှယ် Li Hui

တင်းမာမှုတွေ ဆက်ပြင်းထန်နေတဲ့ ရုရှား−ယူကရိန်း ပဋိပက္ခကို ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့သာ အဆုံးသတ် ပြေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုတာကို ယူကရိန်းရော ရုရှားရော နှစ်ဘက်စလုံး လက်ခံ ယုံကြည်ထားကြပါတယ်လို့ ဥရောပရေးရာ တရုတ်ထူးကိုယ်စားလှယ် က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

"မတူညီကြတဲ့ နှစ်ဘက်စလုံးက သူတို့ရဲ့ ကိုယ်ပိုင် ရပ်တည်ချက်တွေကို စွဲမြဲ ဆုပ်ကိုင်ထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့လည်း အကြီးအကျယ် သဘောထား ကွဲလွဲတာတွေ ရှိပေမဲ့လို့၊ အဆုံးသတ်ကျရင်တော့ ပဋိပက္ခကို လက်နက်နဲ့မဟုတ်ဘဲ စေ့စပ်ညှိနှိုင်းမှုတွေနဲ့သာ ပြေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုတာကို နှစ်ဘက်စလုံးက လက်ခံ ယုံကြည်ထားကြဆဲပါပဲ” − လို့ ဥရောပရေးရာ တရုတ် အထူးကိုယ်စားလှယ် Li Hui က ဒီကနေ့ ဘေဂျင်းမြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ရုရှားနဲ့ ယူကရိန်း နှစ်ဘက် မျှမျှတတ ပါဝင်ပြီး နှစ်ဘက်လုံးက လက်ခံနိုင်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဖြစ်လာဖို့ တရုတ်က လိုလားကြောင်းလည်း ပြောပါတယ်။ ဒါကြောင့် ဒီနှစ်ထဲ ဆွစ်ဇာလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ သဘောတူထားတဲ့ ငြိမ်းချမ်းရေးညီလာခံ အောင်မြင်စေရေး အကြံပြုချက်တွေကို တရုတ်အစိုးရက တင်ပြထားတယ်လို့ အထူးကိုယ်စားလှယ် Li Hui က ပြောပါတယ်။

တင်းမာမှုတွေ လျော့ကျပြီး စေ့စပ်ညှိနှိုင်းရေးအတွက် အထောက်အကူဖြစ်စေမယ့် ဘယ်အရာကိုမဆို တရုတ်က လက်ကမ်း ကြိုဆိုသွားမှာ ဖြစ်တယ်လို့လည်း ဥရောပရေးရာ တရုတ်ထူးကိုယ်စားလှယ် Li Hui က ဒီကနေ့ ဘေဂျင်းမြို့တော်မှာ သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG