သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဩစတြေးလျခရီး ကုန်သွယ်ရေးအငြင်းပွားမှု အဖြေရှာဖွယ်ရှိ


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ၇ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျနိုင်ငံကို ဗုဒ္ဓဟူးနေ့မှာသွားရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဥ်မှာ ကောင်စစ်ဝန်လုပ်ငန်းတွေနဲ့ လုံခြုံရေးဆိုင်ရာပြဿနာတွေကိုဖြေရှင်းဖို့ နှစ်နိုင်ငံဆွေးနွေးကြမယ်ဆိုပေမဲ့ လက်ရှိပေါ်ပေါက်နေတဲ့ ကုန်သွယ်ရေးအငြင်းပွါးမှုတွေကိုလည်း အဖြေရှာဖို့ ကြိုးပမ်းချက်တွေ လွှမ်းမိုးနေလိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ခရီးစဥ်အတွင်း သြစတြေးလျဝန်ကြီးချုပ် Anthony Albanese ၊ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong တို့နဲ့လည်း ဝန်ကြီး Wang Yi တွေ့ဆုံဖို့ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ နှစ်နိုင်ငံကြား ပြင်းထန်တဲ့ သံတမန်ရေးရာအငြင်းပွားမှုတွေပေါ်ပေါက်နေချိန် ၂၀၂၀ ခုနှစ်မှာ သြစတြေးလျဝိုင်အရက်တွေကို တရုတ်က အခွန်စည်းကြပ်ထားတာကို ဖယ်ရှားပေးရေးကိစ္စဟာလည်း အဓိကဆွေးနွေးမယ့် အစီအစဥ်ထဲမှာ ပါရှိပါတယ်။ အဲဒီလို အခွန်စည်းကြပ်ခဲ့တဲ့အချိန်တုန်းကတော့ သြစတြေးလျနိုင်ငံဟာ စျေးကွက်ယှဥ်ပြိုင်မှုကို ဆန့်ကျင်တဲ့နိုင်ငံဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ် 19 ကပ်ရောဂါရဲ့ဇစ်မြစ်ကို သီးခြားစုံစမ်းစစ်ဆေးမှုမှာ သြစတြေးလျအစိုးရက ထောက်ခံခဲ့တဲ့နောက်ပိုင်း သြစတြေးလျဝိုင်အရက်တွေကို တရုတ်တို့က အခွန်စည်းကြပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလုပ်ရပ်ကြောင့် တရုတ်နိုင်ငံကို သြစတြေးလျ ဝိုင်တင်ပို့မှုတန်ဖိုးဟာ ဒေါ်လာ ၆၆၂ သန်းကျော်ရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာတော့ ဒေါ်လာ ၆.၆ သန်းထိ ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ကြားဖြတ်ထုတ်ပြန်ချက်တခုမှာတော့ အဲဒီအခွန်စည်းကြပ်မှုတွေကို သီတင်းပတ်တွေအတွင်း ဖယ်ရှားပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG