သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ဆက်ပံ့ပိုးသွားမယ်လို့ ကန်ကာကွယ်ရေးဝန်ကြီးပြော

ဂျာမနီနိုင်ငံ၊ Ramstein မြို့ စစ်အခြေစိုက်စခန်းမှာလုပ်တဲ့ ယူကရိန်းကာကွယ်ရေး အဆက်အသွယ်အုပ်စုရဲ့ အစည်းအဝေး အကြိမ် ၂၀ မြောက်နေ့တက်ရောက်တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (မတ် ၁၉၊ ၂၀၂၄)
ဂျာမနီနိုင်ငံ၊ Ramstein မြို့ စစ်အခြေစိုက်စခန်းမှာလုပ်တဲ့ ယူကရိန်းကာကွယ်ရေး အဆက်အသွယ်အုပ်စုရဲ့ အစည်းအဝေး အကြိမ် ၂၀ မြောက်နေ့တက်ရောက်တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (မတ် ၁၉၊ ၂၀၂၄)

ရုရှားကျူးကျော်စစ်ကိုတိုက်ခိုက်ဖို့ လိုအပ်တဲ့အရင်းအမြစ်တွေ ယူကရိန်းကိုပေးဖို့ အမေရိကန်က ဆုံးဖြတ်ထားဆဲဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ အမေရိကန်က ယူကရိန်းကို အကျအဆုံးခံလိမ့်မယ်မဟုတ်ဘူး-လို့ ဂျာမနီနိုင်ငံ ရမ်းစတိန်း လေတပ်စခန်းမှာ ဥရောပနဲ့ ကမ္ဘာ့ တခြားတိုင်းပြည်တွေက ကာကွယ်ရေးဝန်ကြီး ၅၀ ကျော်ရဲ့အစည်းအဝေးမှာ မစ္စတာ လွိုက် အော်စတင်က ခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ယူကရိန်းကိုအကူအညီပေးရေးက အမေရိကန်အောက်လွှတ်တော်မှာ သောင်မတင်ရေမကျ ဖြစ်နေပေမဲ့ ကန်ထရိုက်ပေးတဲ့အခါ စုဆောင်းရရှိထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကို အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူတွေက တွေ့ရှိအသုံးပြုလိုက်ပြီး တပတ်အကြာမှာ ခု အစည်းအဝေးဖြစ်လာခဲ့တာပါ။

ဂျာမနီနိုင်ငံကလည်း အမေရိကန် ဒေါ်လာ ၅၄၂ သန်းဖိုး လက်နက်၊ ခဲယမ်းမီးကျောက်၊ စစ်သုံးယာဥ်တွေကို အကူအညီပေးမယ်လို့ ဂျာမနီ ကာကွယ်ရေး န်ကြီး Boris Pistorius က သတင်းထောက်တွေ ကို ပြောပါတယ်။ အင်္ဂါနေ့ဟာ ယူကရိန်းကာကွယ်ရေး အဆက်အသွယ်အုပ်စုရဲ့ အစည်းအဝေး အကြိမ် ၂၀ မြောက်နေ့လည်း ဖြစ်နေပါတယ်။ ဒီအဖွဲ့ဟာ ယူကရိန်းကို စစ်ရေးနဲ့ အခြား အကူအညီတွေပေးဖို့ အဓိက ညှိနှိုင်းဆောင်ရွက်တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

ယူကရိန်းကို ဆက်ပံ့ပိုးသွားမယ်လို့ ကန်ကာကွယ်ရေးဝန်ကြီးပြော
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG