သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အသံထက္ အလြန္ျမန္တဲ႔ တ႐ုတ္လက္နက္ စမ္းသပ္မႈ ကန္ဗိုလ္ခ်ဳပ္ႀကီး စိုးရိမ္


China 70 Years

အသံထက္ အလြန္ျမန္တဲ႔ တ႐ုတ္လက္နက္ စမ္းသပ္မႈ ကန္ဗိုလ္ခ်ဳပ္ႀကီး စိုးရိမ္

{{Zawgyi/Unicode}}

တရုတ္က အသံထက္ ၅ ဆျမန္တဲ့လက္နက္စနစ္ကုိ စမ္းသပ္ခဲ့တယ္ဆုိတဲ့ သတင္းဟာမွန္ကန္ေၾကာင္းအေမရိကန္စစ္တပ္အႀကီးအကဲက အတည္ျပုေျပာဆုိပါတယ္။

အခုလုိ တရုတ္က hypersonic အသံထက္ ၅ ဆျမန္တဲ့ လက္္နက္စနစ္ကုိတီထြင္စမ္းသပ္လုိက္တာဟာ အလြန္စုိးရိမ္စရာေကာင္းတယ္လုိ့ အေမရိကန္စစ္တပ္ ဦးစီးခ်ဳပ္မ်ားေကာ္မတီဥကၠဌ ဗုိလ္ခ်ဳပ္ႀကီး Mark Milley ကေျပာဆုိပါတယ္။

ဒီတရုတ္ရဲ့စမ္းသပ္မွုဟာ ၁၉၅၀ ေက်ာ္က ရုရွားက ၿဂိဳလ္တု လႊတ္တင္စမ္းသပ္ခဲ့သလုိမ်ိဳး စုိးရိမ္စရာေကာင္းတယ္လုိ့ေျပာဆုိပါတယ္။

ဒီစမ္းသပ္မွုဟာ ထူးျခားမွုရွိတဲ့ကိစၥရပ္တခုျဖစ္ၿပီး၊ အလြန္စုိးရိမ္စရာကိစၥအျဖစ္ ျမင္မိတယ္လုိ့ Bloomberg ရုပ္ျမင္သံၾကားနဲ့ေမးျမန္းစဥ္ ဗုိလ္ခ်ဳပ္ႀကီး Mark ကေျပာၾကားခဲ့တာပါ။ေႏြရာသီတုန္းက တရုတ္ရဲ့လက္နက္စမ္းသပ္မွုဟာ အေမရိကန္ေထာက္လွမ္းေရး တာ၀န္ရွိသူေတြကို အံအားသင့္ေစခဲ့တယ္လုိ့ Financial Time သတင္းစာႀကီးကေတာ့ေရးသားေဖၚျပခဲ့ပါတယ္။ ကမၻာပတ္ လမ္းေၾကာင္းအတြင္း အသံထက္ ၅ ဆျမန္တဲ့ႏွုန္းနဲ့ ပ်ံသန္းႏုိင္တဲ့လက္နက္ကုိ ဒုံပ်ံတစင္းေပၚမွာ တင္ၿပီးပစ္လႊတ္စမ္းသပ္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ဇူလုိင္လ ၂၇ ရက္ေန့က စမ္းသပ္ပစ္လႊတ္ခဲ့တဲ့ လက္ႏွက္ဟာပစ္မွတ္ကုိကီလုိမီတာ အေတာ္ မ်ားမ်ားလဲြေခ်ာ္ခဲ့ေပမယ့္၊ တရုတ္ဟာ အသံထက္ ၅ ဆျမန္တဲ့လက္နက္ကုိ ပထမဦးဆုံးကမၻာတပတ္ ျပည့္ေအာင္ ပစ္လႊတ္ႏုိင္ခဲ့တဲ့ႏုိင္ငံျဖစ္လာပါတယ္။

တရုတ္ကေတာ့ အခုလုိ အသံထက္ ၅ ဆျမန္တဲ့ မစ္ဇုိင္းဒုံက်ည္စနစ္ကုိ စမ္းသပ္ခဲ့တယ္ဆုိတာမဟုတ္ မမွန္ေၾကာင္းနဲ့ ျပန္လည္အသုံးျပုႏုိင္တဲ့အာကာသယဥ္တမ်ိဳးကုိသာစမ္းသပ္ပစ္လႊတ္ခဲ့တာျဖစ္ေၾကာင္း ေျပာဆုိပါတယ္။

အေမရိကန္အေနနဲ့လည္း အခုလုိ အသံထက္ ၅ ဆ ျမန္တဲ့လက္နက္၊ ဒါ့အျပင္ အသိဥာဏ္အတု နဲ့ စက္ရုပ္မ်ား၊ စတာေတြအပါအ၀င္ လက္နက္မ်ားစမ္းသပ္ျပုလုပ္မွုေတြရွိတယ္လုိ့ ဗုိလ္္ခ်ဳပ္ႀကီး Mark ေျပာဆုိခဲ့ပါတယ္။ ဒါေပမယ့္ တရုတ္ စစ္တပ္ဟာကမၻာေပၚမွာ အေတာ္ထူးျခားလာႏုိင္တယ္လုိ့ေျပာဆုိ ခဲ့ပါတယ္။

လယ္သမားေတြကုိအေျခခံဖဲြ့စည္းထားၿပီး ၁၉၇၀ ေက်ာ္ကအင္အားႀကီးခဲ့တဲ့တရုတ္ ၾကည္းတပ္ဟာ၊ အခုေတာ့ အလြန္အစြမ္းထက္လာကာ နယ္ပယ္အသီးသီးမွာလုပ္ေဆာင္ႏုိင္ၿပီး တမၻာလံုးကုိ လႊမ္းၿခဳံႏုိင္ဖုိ့ဆုိတဲ့ ရည္မွန္းခ်က္ေတြတဲ့ျဖစ္လာေနၿပီလုိ့ အေမရိကန္စစ္တပ္အႀကီးအကဲ ဗုိလ္ခ်ဳပ္ႀကီး Mark Milley ကေျပာဆုိခဲ့ပါတယ္။

............................................

တိုက္႐ိုက္ လင့္ခ္

အသံထက် အလွန်မြန်တဲ့ တရုတ်လက်နက် စမ်းသပ်မှု ကန်ဗိုလ်ချုပ်ကြီး စိုးရိမ်

{{Unicode}}

တရုတ်က အသံထက် ၅ ဆမြန်တဲ့လက်နက်စနစ်ကို စမ်းသပ်ခဲ့တယ်ဆိုတဲ့ သတင်းဟာမှန်ကန်ကြောင်းအမေရိကန်စစ်တပ်အကြီးအကဲက အတည်ပြုပြောဆိုပါတယ်။

အခုလို တရုတ်က hypersonic အသံထက် ၅ ဆမြန်တဲ့ လက်နက်စနစ်ကိုတီထွင်စမ်းသပ်လိုက်တာဟာ အလွန်စိုးရိမ်စရာကောင်းတယ်လို့ အမေရိကန်စစ်တပ် ဦးစီးချုပ်များကော်မတီဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley ကပြောဆိုပါတယ်။

ဒီတရုတ်ရဲ့စမ်းသပ်မှုဟာ ၁၉၅၀ ကျော်က ရုရှားက ဂြိုလ်တု လွှတ်တင်စမ်းသပ်ခဲ့သလိုမျိုး စိုးရိမ်စရာကောင်းတယ်လို့ပြောဆိုပါတယ်။

ဒီစမ်းသပ်မှုဟာ ထူးခြားမှုရှိတဲ့ကိစ္စရပ်တခုဖြစ်ပြီး၊ အလွန်စိုးရိမ်စရာကိစ္စအဖြစ် မြင်မိတယ်လို့ Bloomberg ရုပ်မြင်သံကြားနဲ့မေးမြန်းစဉ် ဗိုလ်ချုပ်ကြီး Mark ကပြောကြားခဲ့တာပါ။နွေရာသီတုန်းက တရုတ်ရဲ့လက်နက်စမ်းသပ်မှုဟာ အမေရိကန်ထောက်လှမ်းရေး တာဝန်ရှိသူတွေကို အံအားသင့်စေခဲ့တယ်လို့ Financial Time သတင်းစာကြီးကတော့ရေးသားဖေါ်ပြခဲ့ပါတယ်။ ကမ္ဘာပတ် လမ်းကြောင်းအတွင်း အသံထက် ၅ ဆမြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်တဲ့လက်နက်ကို ဒုံပျံတစင်းပေါ်မှာ တင်ပြီးပစ်လွှတ်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ ၂၇ ရက်နေ့က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ လက်နှက်ဟာပစ်မှတ်ကိုကီလိုမီတာ အတော် များများလွဲချော်ခဲ့ပေမယ့်၊ တရုတ်ဟာ အသံထက် ၅ ဆမြန်တဲ့လက်နက်ကို ပထမဦးဆုံးကမ္ဘာတပတ် ပြည့်အောင် ပစ်လွှတ်နိုင်ခဲ့တဲ့နိုင်ငံဖြစ်လာပါတယ်။

တရုတ်ကတော့ အခုလို အသံထက် ၅ ဆမြန်တဲ့ မစ်ဇိုင်းဒုံကျည်စနစ်ကို စမ်းသပ်ခဲ့တယ်ဆိုတာမဟုတ် မမှန်ကြောင်းနဲ့ ပြန်လည်အသုံးပြုနိုင်တဲ့အာကာသယဉ်တမျိုးကိုသာစမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း ပြောဆိုပါတယ်။

အမေရိကန်အနေနဲ့လည်း အခုလို အသံထက် ၅ ဆ မြန်တဲ့လက်နက်၊ ဒါ့အပြင် အသိဉာဏ်အတု နဲ့ စက်ရုပ်များ၊ စတာတွေအပါအဝင် လက်နက်များစမ်းသပ်ပြုလုပ်မှုတွေရှိတယ်လို့ ဗိုလ်ချုပ်ကြီး Mark ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် တရုတ် စစ်တပ်ဟာကမ္ဘာပေါ်မှာ အတော်ထူးခြားလာနိုင်တယ်လို့ပြောဆို ခဲ့ပါတယ်။

လယ်သမားတွေကိုအခြေခံဖွဲ့စည်းထားပြီး ၁၉၇၀ ကျော်ကအင်အားကြီးခဲ့တဲ့တရုတ် ကြည်းတပ်ဟာ၊ အခုတော့ အလွန်အစွမ်းထက်လာကာ နယ်ပယ်အသီးသီးမှာလုပ်ဆောင်နိုင်ပြီး တမ္ဘာလုံးကို လွှမ်းခြုံနိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်တွေတဲ့ဖြစ်လာနေပြီလို့ အမေရိကန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Mark Milley ကပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG