သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္စစ္လက္နက္ထုတ္လုပ္မႈ ကန္အနီးကပ္ေစာင့္ၾကည့္ေန (ကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin)


(Zawgyi / Unicode)

တ႐ုတ္က ကိုယ္ပိုင္ စစ္လက္နက္ ပစၥည္း တည္ေဆာက္ေရး ႀကိဳးပမ္းမႈ အေပၚ အေမရိကန္ အစိုးရက အနီးကပ္ ေစာင့္ၾကည့္ေနေၾကာင္း အေမရိကန္ စစ္ဘက္ ထိပ္တန္း တာ၀န္ရွိသူက ေျပာေပမယ့္ တ႐ုတ္ဘက္က ၿပီးခဲ႔တဲ႔ ၂ လတုန္းက အသံထက္ ျမန္တဲ႔ ဒံုးက်ည္ စမ္းသပ္ခဲ႔တယ္ဆိုတဲ႔ သတင္း အေပၚမွာေတာ့ မွတ္ခ်က္ေပးဖို႔ ျငင္းဆိုပါတယ္။

တ႐ုတ္ရဲ႕ စစ္ေရး တိုးတက္မႈဟာ စိုးရိမ္စရာ အေၾကာင္းတရပ္ ျဖစ္ၿပီး သူ႔အတြက္ စိုးရိမ္ဖြယ္ စိန္ေခၚခ်က္ တခု အျဖစ္ ရွိေနေၾကာင္း တနလာၤေန႔က ေဂ်ာ္ဂ်ီယာ ႏိုင္ငံၿမိဳ႕ေတာ္Tblisi ကိုသြားတဲ႔ ခရီးစဥ္ အတြင္း အေမရိကန္ ကာကြယ္ေရး ၀န္ႀကီး Lloyd Austin က သတင္းေထာက္ေတြကို ေျပာဆိုခဲ႔တာပါ။

ေဒသတြင္း တင္းမာမႈ တိုးေစႏိုင္တဲ႔ တ႐ုတ္ရဲ႕ လက္နက္ ဆိုင္ရာဖြံ႔ၿဖိဳးမႈ၊ စနစ္နဲ႔ စြမ္းရည္ တိုးတက္မႈေတြကို အနီးကပ္ ေစာင့္ၾကည့္ေနေၾကာင္း အေမရိကန္ ကာကြယ္ေရး ၀န္ႀကီးက ေျပာေပမယ့္လည္း အေသးစိတ္ကိုေတာ့ မေျပာပါဘူး။

တ႐ုတ္ဟာ ၿပီးခဲ႔တဲ႔ ၾသဂုတ္လ အတြင္းက ႏ်ဴးကလီးယား သံုးႏိုင္တဲ႔ အသံထက္ျမန္တဲ႔ ဒံုးက်ည္ စမ္းသပ္ခဲ႔ေၾကာင္း၊ အေမရိကန္ စစ္တပ္နဲ႔ ေထာက္လွမ္းေရး တာ၀န္ရွိသူေတြကို အံ႔ၾသသြားေစေၾကာင္း Financial Times က ၿပီးခဲ႔တဲ႔ စေနေန႔က သတင္းေဖာ္ျပခဲ႔တာပါ။

အသံထက္ျမန္တဲ႔ ဒံုးက်ည္ စမ္းသပ္ခဲ႔တယ္ဆိုတာကို တနလာၤေန႔မွာ တ႐ုတ္ဘက္က ျငင္းဆိုၿပီး ျပန္လည္ အသံုးျပဳႏိုင္တဲ႔ အာကသယာဥ္ စမ္းသပ္မႈသာ ျဖစ္တယ္လို႔ ေျပာပါတယ္။ အာကာသယာဥ္ နည္းပညာဟာဆိုရင္ အာကာသကို လူသားေတြ ၿငိမ္းခ်မ္းစြာ အသံုးျပဳႏိုင္ေရး လက္လွမ္းမီေစမွာ ျဖစ္သလို ကုန္က်စာရိတ္လည္း ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ေၾကာင္း ႏိုင္ငံျခားေရး ဌာန ေျပာခြင့္ရ Zhao Lijian က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

တရုတ်စစ်လက်နက်ထုတ်လုပ်မှု ကန်အနီးကပ်စောင့်ကြည့်နေ (ကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin)

တရုတ်က ကိုယ်ပိုင် စစ်လက်နက် ပစ္စည်း တည်ဆောက်ရေး ကြိုးပမ်းမှု အပေါ် အမေရိကန် အစိုးရက အနီးကပ် စောင့်ကြည့်နေကြောင်း အမေရိကန် စစ်ဘက် ထိပ်တန်း တာဝန်ရှိသူက ပြောပေမယ့် တရုတ်ဘက်က ပြီးခဲ့တဲ့ ၂ လတုန်းက အသံထက် မြန်တဲ့ ဒုံးကျည် စမ်းသပ်ခဲ့တယ်ဆိုတဲ့ သတင်း အပေါ်မှာတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

တရုတ်ရဲ့ စစ်ရေး တိုးတက်မှုဟာ စိုးရိမ်စရာ အကြောင်းတရပ် ဖြစ်ပြီး သူ့အတွက် စိုးရိမ်ဖွယ် စိန်ခေါ်ချက် တခု အဖြစ် ရှိနေကြောင်း တနလာၤနေ့က ဂျော်ဂျီယာ နိုင်ငံမြို့တော်Tblisi ကိုသွားတဲ့ ခရီးစဉ် အတွင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး Lloyd Austin က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ဒေသတွင်း တင်းမာမှု တိုးစေနိုင်တဲ့ တရုတ်ရဲ့ လက်နက် ဆိုင်ရာဖွံ့ဖြိုးမှု၊ စနစ်နဲ့ စွမ်းရည် တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပေမယ့်လည်း အသေးစိတ်ကိုတော့ မပြောပါဘူး။ တရုတ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းက နျူးကလီးယား သုံးနိုင်တဲ့ အသံထက်မြန်တဲ့ ဒုံးကျည် စမ်းသပ်ခဲ့ကြောင်း၊ အမေရိကန် စစ်တပ်နဲ့ ထောက်လှမ်းရေး တာဝန်ရှိသူတွေကို အံ့သြသွားစေကြောင်း Financial Times က ပြီးခဲ့တဲ့ စနေနေ့က သတင်းဖော်ပြခဲ့တာပါ။

အသံထက်မြန်တဲ့ ဒုံးကျည် စမ်းသပ်ခဲ့တယ်ဆိုတာကို တနလာၤနေ့မှာ တရုတ်ဘက်က ငြင်းဆိုပြီး ပြန်လည် အသုံးပြုနိုင်တဲ့ အာကသယာဉ် စမ်းသပ်မှုသာ ဖြစ်တယ်လို့ ပြောပါတယ်။ အာကာသယာဉ် နည်းပညာဟာဆိုရင် အာကာသကို လူသားတွေ ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး လက်လှမ်းမီစေမှာ ဖြစ်သလို ကုန်ကျစာရိတ်လည်း လျှော့ချနိုင်မှာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Zhao Lijian က ပြောပါတယ်။

XS
SM
MD
LG