(Zawgyi / Unicode)
တ႐ုတ္ရဲ႕ စစ္လက္နက္ေတြဟာ စစ္ေျမျပင္မွာ လက္ေတြ႕ မစမ္းသပ္ရေသးတာက မ်ားသလို ႏိုင္ငံေရး အပါအ၀င္ ေနာက္ဆက္တြဲ ကုန္က်စရိတ္ေတြက မ်ားတာေၾကာင့္ တ႐ုတ္ရဲ႕ လက္နက္ တင္ပို႔မႈ ေစ်းကြက္ ေ၀စု ေလ်ာ့က်လာေနေၾကာင္း ကြ်မ္းက်င္သူေတြက ေျပာပါတယ္။ Ralph Jennings ရဲ႕ သတင္းေဆာင္းပါးကို ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပထားပါတယ္။
ကမ ၻာ့ ဒုတိယ စီးပြားေရး အင္အား အႀကီးဆံုး တ႐ုတ္ႏိုင္ငံရဲ႕ ၂၀၁၆ ခုႏွစ္ကေန ၂၀၂၀ ျပည့္ႏွစ္ အတြင္း လက္နက္ ေရာင္းခ်မႈဟာ အရင္ ၅ ႏွစ္တာ ကာလနဲ႔ ႏိႈင္းယွဥ္ရင္ ၇ ဒသမ ၈ ရာခိုင္ႏႈန္း က်ဆင္းခဲ႔ေၾကာင္း Stockholm International Peace Research Institute ရဲ႕ အခ်က္အလက္ေတြမွာ ေဖာ္ျပထားပါတယ္။ ေစ်းကြက္ေ၀စု အသံုးအႏႈန္းအရ ဆိုရင္ေတာ့ တ႐ုတ္ရဲ႕ လက္နက္ တင္ပို႔မႈဟာ ၅ ဒသမ ၆ ရာခိုင္ႏႈန္းကေန ၅ ဒသမ ၂ ရာခိုင္ႏႈန္း က်ဆင္းသြားေၾကာင္း စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။
ပံုမွန္အားျဖင့္ တ႐ုတ္ဘက္က လက္နက္ တင္ပို႔မႈဟာ တႏွစ္ကို ေဒၚလာ သန္း ၃,၀၀၀ ကေန ေဒၚလာ သန္း ၄,၀၀၀ ထိ ရွိတယ္လို႔ အေမရိကန္ အေျခစိုက္ ပညာရွင္ တဦး ျဖစ္တဲ႔ Richard Bitzinger က ေျပာပါတယ္။ Richard Bitzinger က စကာၤပူ Nanyang Technological တကၠသိုလ္ရဲ႕ S. Rajaratnam ႏိုင္ငံတကာ ေလ႔လာေရး ဌာနမွာ ဧည့္ ပညာရွင္ ျဖစ္ပါတယ္။ တျခား လက္နက္ တင္ပို႔ ေရာင္းခ်သူေတြထံက လက္နက္ေတြထက္ တ႐ုတ္ လက္နက္ေတြက ေရာင္းေစ်း သက္သာေပမယ့္လည္း ေနာက္ပိုင္း ၀န္ေဆာင္ခမွာ ကုန္က်စရိတ္ မ်ားႏိုင္တယ္လို႔ ပင္လယ္ေရေၾကာင္း လံုျခံဳမႈဆိုင္ရာ သုေတသန ပညာရွင္ Collin Koh က ေျပာပါတယ္။
တ႐ုတ္နဲ႔ ႏိုင္ငံေရး မေျပလည္မႈေၾကာင့္လည္း တခ်ိဳ႕ ျပည္ပ ၀ယ္ယူသူေတြက အ၀ယ္ရပ္သြားၾကတယ္၊ အထူးသျဖင့္ေတာ့ တ႐ုတ္မဟုတ္တဲ႔ တျခား စနစ္ေတြနဲ႔ ေပါင္းစပ္ဖို႔ လိုအပ္တဲ႔ ပစၥည္းေတြကို ၀ယ္ယူ တင္သြင္းတာ မလုပ္ေတာ့တာလို႔ Koh က ေျပာပါတယ္။
တ႐ုတ္ရဲ႕ စစ္လက္နက္ အမ်ားစုက တိုက္ခိုက္ေရး မစမ္းသပ္ရေသးတာေၾကာင့္ ေကာင္းေကာင္း အလုပ္ျဖစ္ပါ့မလားဆိုတာကိုလည္း ၀ယ္သူ တခ်ိဳ႕က သိလိုၾကတယ္လို႔လည္း သူက ထပ္ေလာင္း ေျပာပါတယ္။ အေမရိကန္ ထုတ္ လက္နက္ ပစၥည္းေတြထဲက အမ်ားအျပားကေတာ့ တိုက္ခိုက္ေရးမွာ ႀကံံ့ခိုင္ၿပီး လက္နက္ တင္ပို႔သူေတြၾကားမွာလည္း နာမည္ေကာင္း ပိုၿပီး ရပါတယ္။
" ျပႆနာရဲ႕ အေျခခံက တရုတ္ႏုိင္ငံတြင္ ထုတ္လုပ္သည္ ဆိုတဲ႔ တံဆိပ္နဲ႔ အတူတြဲ ျဖစ္လာတာပါ။ သိပ္ေတာ့ မေကာင္းပါဘူး။ တကယ္ စိုးရိမ္ေနတဲ႔ အခ်က္က ဒါပါဘဲ။ ဒါေၾကာင့္ တရုတ္ ထုတ္ ဆိုတဲ႔ အေပၚ မေကာင္းျမင္မႈက စစ္လက္နက္ ပစၥည္းေတြ အထိ သက္ေရာက္မႈ ရွိေစတာပါ။ "
၂၀၁၉- ၂၀၂၀ ျပည့္ႏွစ္ အတြင္း တရုတ္ႏုိင္ငံဟာ ကမၻာမွာ လက္နက္ စတုတၳေျမာက္ လက္နက္ တင္ပို႔မႈ အမ်ားဆံုး ႏုိင္ငံ ျဖစ္ခဲ႔ေၾကာင္း Stockholm International Peace Research Institute က ေဖာ္ျပပါတယ္။ အေမရိကန္ ျပည္ေထာင္စုက အမ်ားဆံုး ျဖစ္ၿပီး ရုရွားက ဒုတိယနဲ႔ ျပင္သစ္က တတိယ ေနရာမွာ ရွိပါတယ္။ ၂၀၁၆ ခုႏွစ္ ကေန ၂၀၂၀ ျပည့္ႏွစ္ အတြင္း တရုတ္ရဲ႕ လက္နက္တင္ပို႔မႈ ၆၀ ရာခိုင္ႏႈန္းေလာက္ အယ္လ္ဂ်ီးရီးယား၊ ဘဂၤလားေဒရွ္႕နဲ႔ ပါကစၥတန္ကို ေရာက္ရွိတာ ျဖစ္ေၾကာင္းလည္း Stockholm အင္စတီက်ဴက ေဖာ္ျပပါတယ္။
လက္နက္ကိုင္ ပဋိပကၡမ်ားဆိုင္ရာ သတင္းအခ်က္အလက္ေတြနဲ႔ ပတ္သက္ရင္ အမ်ားအျပား ကိုးကား ၾကတဲ႔ Stockholm အင္စတီက်ဴရဲ႕ ေဖာ္ျပခ်က္ အရေတာ့ ဒီကာလ အပိုင္းအျခား အတြင္း တရုတ္ရဲ႕ လက္နက္တင္ပို႔မႈရဲ႕ ၃၈ ရာခိုင္ႏႈန္းက မဟာမိတ္ ျဖစ္တဲ႔ ပါကစၥတန္ ႏုိင္ငံကို တင္ပို႔တာ ျဖစ္ပါတယ္။
စက္မႈ လုပ္ငန္း အေျခခံ ခိုင္မာတာေၾကာင့္ တရုတ္မွာ ျပည့္စံုေကာင္းမြန္တဲ႔ ေမာင္းသူမဲ႔ ဒရုန္းယာဥ္ နည္းပညာ ရွိၿပီး အထူးသျဖင့္ေတာ့ အရပ္ဘက္သံုး ျဖစ္ၿပီး တျခား လက္နက္ တည္ေဆာက္မႈဆိုင္ရာ နည္းပညာေတြကိုလည္း ရုရွားထံက သင္ယူထားတယ္လို႔ သံုးသပ္သူေတြက ယူဆၾကပါတယ္။ လက္ရွိမွာေတာ့ တရုတ္ အေနနဲ႔ သေဘာၤတည္ေဆာက္မႈမွာ အခြင့္အလမ္းေတြ ရွိေနတယ္လို႔ ပင္လယ္ေရေၾကာင္း လံုျခံဳမႈဆိုင္ရာ သုေတသန ပညာရွင္ Collin Koh က ေျပာပါတယ္။
ပံုမွန္အားျဖင့္ေတာ့ ဆင္းရဲတဲ႔ နုိင္ငံေတြနဲ႔ အေမရိကန္ ျပည္ေထာင္စုနဲ႔ ႏုိင္ငံေရး အရ ဆန္႔က်င္ဘက္ ျဖစ္သူေတြက တရုတ္ထံကေန ၀ယ္ယူေနၾကၿပီး ၿပီးခဲ႔တဲ႔ ဆယ္စုႏွစ္ ၂ ခု အတြင္းမွာ ေဖာက္သည္ေတြ ပံုမွန္ ရရွိေနတယ္လို႔သံုးသပ္သူေတြက ေျပာပါတယ္။ ၀ယ္သူ အမ်ားစုကေတာ့ အာဖရိက၊ အေရွ႕အလယ္ပိုင္း၊ ေတာင္ အာရွနဲ႔ လက္တင္ အေမရိက တို႔က ျဖစ္ပါတယ္။ အေမရိကန္ ကာကြယ္ေရးဌာနရဲ႕ အဖြဲ႔အစည္း တခုျစဖ္တဲ႔ ဟာ၀ိုင္အီ က Daniel K. Inouye အာရွ ပစိဖိတ္ စင္တာက ပါေမာကၡ Alexander Vuving က အခုလို ေျပာပါတယ္။
" ကမၻာတလႊားက ၀ယ္လက္ေတြ ရရွိေရး အတြက္ တရုတ္က ႀကိဳးစားေနၿပီး သူ႔ရဲ႕ လက္နက္ေတြ အတြက္ နည္းပညာပိုင္းမွာလည္း သိသိသာသာ တိုးတက္မႈ တခ်ိဳ႕ ရွိပါတယ္။ အနည္းငယ္ အဆင့္ျမႇင့္ႏုိင္စြမ္းလည္း ရွိၿပီး တခ်ိန္တည္းမွာဘဲ ေစ်းႏႈန္း သက္သက္သာသာနဲ႔လည္း ကမ္းလွမ္းႏိုုင္ပါတယ္။ ဒါေၾကာင့္ တရုတ္ လက္နက္ေတြက ႏုိင္ငံ အမ်ားအျပားကို ဆြဲေဆာင္ႏုိင္ပါတယ္။ "
တရုတ္ထံက လက္နက္ ၀ယ္ၾကတဲ႔ ႏုိင္ငံေတြက မေက်မနပ္ ေျပာၾကတာမ်ိဳး သိပ္ မရွိလွပါဘူး။ အမ်ားအျပားကေတာ့ စစ္ျဖစ္ေနတာ မဟုတ္တဲ႔ အတြက္ လက္နက္ေတြ ၀ယ္ၿပီး ထုတ္သံုးရတာမ်ိဳးလည္း မရွိဘူးလို႔ ကြ်မ္းက်င္သူေတြက ေျပာပါတယ္။ ဒါေပမယ့္လည္း အေရာင္း အ၀ယ္ ျဖစ္ၿပီးေနာက္ပိုင္းမွာ စိတ္တိုင္းမက်တဲ႔ လကၡဏာမ်ိဳးကေတာ့ အခါအားေလ်ာ္စြာ ေတြ႔ျမင္ေနရပါတယ္။
ေတာ္၀င္ ေဂ်ာ္ဒန္ ေလတပ္က တရုတ္ထုတ္ CH-4B Pterosaur ဒရုန္းယာဥ္ ၆ စင္း ျပန္ေရာင္းမယ္ဆိုတဲ႔ သတင္းကို လြန္ခဲ႔တဲ႔ ၂ ႏွစ္တုန္းက ေလေၾကာင္းဆိုင္ရာ သတင္း ၀က္ဘ္ဆိုဒ္ေတြက ေဖာ္ျပခဲ႔ၾကပါတယ္။ ေဂ်ာ္ဒန္တို႔ အေနနဲ႔ ဒရုန္းယာဥ္ေတြရဲ႕ လုပ္ေဆာင္ခ်က္ကို စိတ္တိုင္းမက်တဲ႔ သေဘာမ်ိဳး ထုတ္ျပန္ခ်က္ေတြလည္း မေရာင္းခင္မွာ ထုတ္ခဲ႔တယ္လို႔ Overt Defense ၀က္ဘ္ဆိုဒ္က ေဖာ္ျပပါတယ္။
ထိုင္းႏုိင္ငံကေတာ့ ဒီႏွစ္ အတြင္းမွာဘဲ ေဒၚလာ ၁၁ ဒသမ ၇၇ သန္း က်သင့္တဲ႔ တရုတ္လုပ္ တင့္ကား သံုးစင္းကို ထိုင္းေရတပ္က လက္ခံခဲ႔ ေပမယ့္ အတိုက္အခံ လႊတ္ေတာ္ အမတ္ေတြ ကေတာ့ Covid-19 ကာကြယ္ေဆးေတြထက္္္္္္္္္္္္္္္္္္္္္္္ ဦးစားေပးၿပီး ယူခဲ႔ရတဲ႔ အေၾကာင္းရင္းကို ေမးခြန္းထုတ္ခဲ႔ၾကပါတယ္။ တရုတ္နဲ႔ ထိုင္းႏုိင္ငံၾကား ၂၀၁၆ ခုႏွစ္ အတြင္း စစ္ေရး ပူးေပါင္းေဆာင္ရြက္မႈ တိုးျမႇင့္ခဲ႔ၾကတာပါ။
Shariman Lockman ဟာ မေလးရွားႏုိင္ငံက မဟာဗ်ဴဟာနဲ႔ ႏုိင္ငံတကာ ေလ႔လာေရး ဌာနက ႏုိင္ငံျခားေရး မူ၀ါဒနဲ႔ လံုၿခံဳေရးဆိုင္ရာ အႀကီးတန္း သံုးသပ္သူ ျဖစ္ပါတယ္။ မေလးရွား ႏုိင္ငံက ၂၀၁၆ ခုႏွစ္ ေႏွာင္းပိုင္းမွာ တရုတ္ထုတ္ Littoral mission သေဘာၤ ၄ စင္း မွာယူခဲ႔ၿပီး တရုတ္ႏုိင္ငံတြင္း ထုတ္လုပ္တာေၾကာင့္ အကုန္အက် သက္သာခဲ႔တယ္လို႔ သံုးသပ္သူ Shariman Lockman က ေျပာပါတယ္။
“ ပိုင္နက္ ဆိုင္ရာ အျငင္းပြားေနတဲ႔ ႏုိင္ငံတခုထံကေန ၀ယ္ယူရတာရဲ႕ လံုၿခံဳေရး ဆိုင္ရာ အက်ိဳးဆက္ေတြကို အမွန္တကယ္ ထည့္သြင္း စဥ္းစားရမွာ ျဖစ္ပါတယ္၊ မွီခိုေနရတဲ႔ အေနအထား မေရာက္ေစဘဲ ျဖစ္လာႏုိင္ေျခ ရွိတဲ႔ အႏၱရာယ္ေတြကို နည္းနည္း ပိုၿပီး ထည့္သြင္း စဥ္းစားရမယ္လို႔ ထင္ပါတယ္။ ”
မေလးရွားႏုိင္ငံဟာ တရုတ္နဲ႔ ေတာင္တရုတ္ ပင္လယ္ျပင္ အတြင္း ပိုင္ဆိုင္မႈ အျငင္းပြားေတာ ျဖစ္ၿပီး တရုတ္ဘက္က အျငင္းပြား ေရျပင္အတြင္းကို မၾကာခဏ သေဘာၤေတြ ေစလႊတ္ေနတာ ျဖစ္ပါတယ္။
(Unicode)
အမာခံ ဝယ်လက်တွေ ရှိပေမယ့် တရုတ်လက်နက် တင်ပို့မှု ကျဆင်းလာနေတဲ့ အကြောင်းရင်း
တရုတ်ရဲ့ စစ်လက်နက်တွေဟာ စစ်မြေပြင်မှာ လက်တွေ့ မစမ်းသပ်ရသေးတာက များသလို နိုင်ငံရေး အပါအဝင် နောက်ဆက်တွဲ ကုန်ကျစရိတ်တွေက များတာကြောင့် တရုတ်ရဲ့ လက်နက် တင်ပို့မှု ဈေးကွက် ဝေစု လျော့ကျလာနေကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ Ralph Jennings ရဲ့ သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ကမ ္ဘာ့ ဒုတိယ စီးပွားရေး အင်အား အကြီးဆုံး တရုတ်နိုင်ငံရဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ် အတွင်း လက်နက် ရောင်းချမှုဟာ အရင် ၅ နှစ်တာ ကာလနဲ့ နှိုင်းယှဉ်ရင် ၇ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Stockholm International Peace Research Institute ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဈေးကွက်ဝေစု အသုံးအနှုန်းအရ ဆိုရင်တော့ တရုတ်ရဲ့ လက်နက် တင်ပို့မှုဟာ ၅ ဒသမ ၆ ရာခိုင်နှုန်းကနေ ၅ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ပုံမှန်အားဖြင့် တရုတ်ဘက်က လက်နက် တင်ပို့မှုဟာ တနှစ်ကို ဒေါ်လာ သန်း ၃,၀၀၀ ကနေ ဒေါ်လာ သန်း ၄,၀၀၀ ထိ ရှိတယ်လို့ အမေရိကန် အခြေစိုက် ပညာရှင် တဦး ဖြစ်တဲ့ Richard Bitzinger က ပြောပါတယ်။ Richard Bitzinger က စကာၤပူ Nanyang Technological တက္ကသိုလ်ရဲ့ S. Rajaratnam နိုင်ငံတကာ လေ့လာရေး ဌာနမှာ ဧည့် ပညာရှင် ဖြစ်ပါတယ်။ တခြား လက်နက် တင်ပို့ ရောင်းချသူတွေထံက လက်နက်တွေထက် တရုတ် လက်နက်တွေက ရောင်းဈေး သက်သာပေမယ့်လည်း နောက်ပိုင်း ဝန်ဆောင်ခမှာ ကုန်ကျစရိတ် များနိုင်တယ်လို့ ပင်လယ်ရေကြောင်း လုံခြုံမှုဆိုင်ရာ သုတေသန ပညာရှင် Collin Koh က ပြောပါတယ်။
တရုတ်နဲ့ နိုင်ငံရေး မပြေလည်မှုကြောင့်လည်း တချို့ ပြည်ပ ဝယ်ယူသူတွေက အဝယ်ရပ်သွားကြတယ်၊ အထူးသဖြင့်တော့ တရုတ်မဟုတ်တဲ့ တခြား စနစ်တွေနဲ့ ပေါင်းစပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူ တင်သွင်းတာ မလုပ်တော့တာလို့ Koh က ပြောပါတယ်။
တရုတ်ရဲ့ စစ်လက်နက် အများစုက တိုက်ခိုက်ရေး မစမ်းသပ်ရသေးတာကြောင့် ကောင်းကောင်း အလုပ်ဖြစ်ပါ့မလားဆိုတာကိုလည်း ဝယ်သူ တချို့က သိလိုကြတယ်လို့လည်း သူက ထပ်လောင်း ပြောပါတယ်။ အမေရိကန် ထုတ် လက်နက် ပစ္စည်းတွေထဲက အများအပြားကတော့ တိုက်ခိုက်ရေးမှာ ကြံံ့ခိုင်ပြီး လက်နက် တင်ပို့သူတွေကြားမှာလည်း နာမည်ကောင်း ပိုပြီး ရပါတယ်။
" ပြဿနာရဲ့ အခြေခံက တရုတ်နိုင်ငံတွင် ထုတ်လုပ်သည် ဆိုတဲ့ တံဆိပ်နဲ့ အတူတွဲ ဖြစ်လာတာပါ။ သိပ်တော့ မကောင်းပါဘူး။ တကယ် စိုးရိမ်နေတဲ့ အချက်က ဒါပါဘဲ။ ဒါကြောင့် တရုတ် ထုတ် ဆိုတဲ့ အပေါ် မကောင်းမြင်မှုက စစ်လက်နက် ပစ္စည်းတွေ အထိ သက်ရောက်မှု ရှိစေတာပါ။ "
၂၀၁၉- ၂၀၂၀ ပြည့်နှစ် အတွင်း တရုတ်နိုင်ငံဟာ ကမ္ဘာမှာ လက်နက် စတုတ္ထမြောက် လက်နက် တင်ပို့မှု အများဆုံး နိုင်ငံ ဖြစ်ခဲ့ကြောင်း Stockholm International Peace Research Institute က ဖော်ပြပါတယ်။ အမေရိကန် ပြည်ထောင်စုက အများဆုံး ဖြစ်ပြီး ရုရှားက ဒုတိယနဲ့ ပြင်သစ်က တတိယ နေရာမှာ ရှိပါတယ်။ ၂၀၁၆ ခုနှစ် ကနေ ၂၀၂၀ ပြည့်နှစ် အတွင်း တရုတ်ရဲ့ လက်နက်တင်ပို့မှု ၆၀ ရာခိုင်နှုန်းလောက် အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေရှ့်နဲ့ ပါကစ္စတန်ကို ရောက်ရှိတာ ဖြစ်ကြောင်းလည်း Stockholm အင်စတီကျူက ဖော်ပြပါတယ်။
လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ရင် အများအပြား ကိုးကား ကြတဲ့ Stockholm အင်စတီကျူရဲ့ ဖော်ပြချက် အရတော့ ဒီကာလ အပိုင်းအခြား အတွင်း တရုတ်ရဲ့ လက်နက်တင်ပို့မှုရဲ့ ၃၈ ရာခိုင်နှုန်းက မဟာမိတ် ဖြစ်တဲ့ ပါကစ္စတန် နိုင်ငံကို တင်ပို့တာ ဖြစ်ပါတယ်။
စက်မှု လုပ်ငန်း အခြေခံ ခိုင်မာတာကြောင့် တရုတ်မှာ ပြည့်စုံကောင်းမွန်တဲ့ မောင်းသူမဲ့ ဒရုန်းယာဉ် နည်းပညာ ရှိပြီး အထူးသဖြင့်တော့ အရပ်ဘက်သုံး ဖြစ်ပြီး တခြား လက်နက် တည်ဆောက်မှုဆိုင်ရာ နည်းပညာတွေကိုလည်း ရုရှားထံက သင်ယူထားတယ်လို့ သုံးသပ်သူတွေက ယူဆကြပါတယ်။ လက်ရှိမှာတော့ တရုတ် အနေနဲ့ သဘောၤတည်ဆောက်မှုမှာ အခွင့်အလမ်းတွေ ရှိနေတယ်လို့ ပင်လယ်ရေကြောင်း လုံခြုံမှုဆိုင်ရာ သုတေသန ပညာရှင် Collin Koh က ပြောပါတယ်။ ပုံမှန်အားဖြင့်တော့ ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ နိုင်ငံရေး အရ ဆန့်ကျင်ဘက် ဖြစ်သူတွေက တရုတ်ထံကနေ ဝယ်ယူနေကြပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခု အတွင်းမှာ ဖောက်သည်တွေ ပုံမှန် ရရှိနေတယ်လို့သုံးသပ်သူတွေက ပြောပါတယ်။ ဝယ်သူ အများစုကတော့ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ တောင် အာရှနဲ့ လက်တင် အမေရိက တို့က ဖြစ်ပါတယ်။ အမေရိကန် ကာကွယ်ရေးဌာနရဲ့ အဖွဲ့အစည်း တခုစြဖ်တဲ့ ဟာဝိုင်အီ က Daniel K. Inouye အာရှ ပစိဖိတ် စင်တာက ပါမောက္ခ Alexander Vuving က အခုလို ပြောပါတယ်။
" ကမ္ဘာတလွှားက ဝယ်လက်တွေ ရရှိရေး အတွက် တရုတ်က ကြိုးစားနေပြီး သူ့ရဲ့ လက်နက်တွေ အတွက် နည်းပညာပိုင်းမှာလည်း သိသိသာသာ တိုးတက်မှု တချို့ ရှိပါတယ်။ အနည်းငယ် အဆင့်မြှင့်နိုင်စွမ်းလည်း ရှိပြီး တချိန်တည်းမှာဘဲ ဈေးနှုန်း သက်သက်သာသာနဲ့လည်း ကမ်းလှမ်းနိုင်ပါတယ်။ ဒါကြောင့် တရုတ် လက်နက်တွေက နိုင်ငံ အများအပြားကို ဆွဲဆောင်နိုင်ပါတယ်။ "
တရုတ်ထံက လက်နက် ဝယ်ကြတဲ့ နိုင်ငံတွေက မကျေမနပ် ပြောကြတာမျိုး သိပ် မရှိလှပါဘူး။ အများအပြားကတော့ စစ်ဖြစ်နေတာ မဟုတ်တဲ့ အတွက် လက်နက်တွေ ဝယ်ပြီး ထုတ်သုံးရတာမျိုးလည်း မရှိဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါပေမယ့်လည်း အရောင်း အဝယ် ဖြစ်ပြီးနောက်ပိုင်းမှာ စိတ်တိုင်းမကျတဲ့ လက္ခဏာမျိုးကတော့ အခါအားလျော်စွာ တွေ့မြင်နေရပါတယ်။
တော်ဝင် ဂျော်ဒန် လေတပ်က တရုတ်ထုတ် CH-4B Pterosaur ဒရုန်းယာဉ် ၆ စင်း ပြန်ရောင်းမယ်ဆိုတဲ့ သတင်းကို လွန်ခဲ့တဲ့ ၂ နှစ်တုန်းက လေကြောင်းဆိုင်ရာ သတင်း ဝက်ဘ်ဆိုဒ်တွေက ဖော်ပြခဲ့ကြပါတယ်။ ဂျော်ဒန်တို့ အနေနဲ့ ဒရုန်းယာဉ်တွေရဲ့ လုပ်ဆောင်ချက်ကို စိတ်တိုင်းမကျတဲ့ သဘောမျိုး ထုတ်ပြန်ချက်တွေလည်း မရောင်းခင်မှာ ထုတ်ခဲ့တယ်လို့ Overt Defense ဝက်ဘ်ဆိုဒ်က ဖော်ပြပါတယ်။
ထိုင်းနိုင်ငံကတော့ ဒီနှစ် အတွင်းမှာဘဲ ဒေါ်လာ ၁၁ ဒသမ ၇၇ သန်း ကျသင့်တဲ့ တရုတ်လုပ် တင့်ကား သုံးစင်းကို ထိုင်းရေတပ်က လက်ခံခဲ့ ပေမယ့် အတိုက်အခံ လွှတ်တော် အမတ်တွေ ကတော့ Covid-19 ကာကွယ်ဆေးတွေထက် ဦးစားပေးပြီး ယူခဲ့ရတဲ့ အကြောင်းရင်းကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ တရုတ်နဲ့ ထိုင်းနိုင်ငံကြား ၂၀၁၆ ခုနှစ် အတွင်း စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခဲ့ကြတာပါ။ Shariman Lockman ဟာ မလေးရှားနိုင်ငံက မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး ဌာနက နိုင်ငံခြားရေး မူဝါဒနဲ့ လုံခြုံရေးဆိုင်ရာ အကြီးတန်း သုံးသပ်သူ ဖြစ်ပါတယ်။ မလေးရှား နိုင်ငံက ၂၀၁၆ ခုနှစ် နှောင်းပိုင်းမှာ တရုတ်ထုတ် Littoral mission သဘောၤ ၄ စင်း မှာယူခဲ့ပြီး တရုတ်နိုင်ငံတွင်း ထုတ်လုပ်တာကြောင့် အကုန်အကျ သက်သာခဲ့တယ်လို့ သုံးသပ်သူ Shariman Lockman က ပြောပါတယ်။
“ ပိုင်နက် ဆိုင်ရာ အငြင်းပွားနေတဲ့ နိုင်ငံတခုထံကနေ ဝယ်ယူရတာရဲ့ လုံခြုံရေး ဆိုင်ရာ အကျိုးဆက်တွေကို အမှန်တကယ် ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်၊ မှီခိုနေရတဲ့ အနေအထား မရောက်စေဘဲ ဖြစ်လာနိုင်ခြေ ရှိတဲ့ အန္တရာယ်တွေကို နည်းနည်း ပိုပြီး ထည့်သွင်း စဉ်းစားရမယ်လို့ ထင်ပါတယ်။ ”
မလေးရှားနိုင်ငံဟာ တရုတ်နဲ့ တောင်တရုတ် ပင်လယ်ပြင် အတွင်း ပိုင်ဆိုင်မှု အငြင်းပွားတော ဖြစ်ပြီး တရုတ်ဘက်က အငြင်းပွား ရေပြင်အတွင်းကို မကြာခဏ သဘောၤတွေ စေလွှတ်နေတာ ဖြစ်ပါတယ်။