(zawgyi/unicode)
အေရွ႕ တ႐ုတ္ပင္လယ္ျပင္ထဲက ေရပုိင္နက္အျငင္းပြားေနတဲ့ေနရာမွာ တရုတ္ႏုိင္ငံဘက္က ေရနံနဲ႔ ဓါတ္ေငြ႔တူးေဖာ္ေရးစင္ေတြ ေဆာက္လုပ္တာနဲ႔ ပတ္သက္ၿပီး ဂ်ပန္ႏုိင္ငံက တရုတ္ႏုိင္ငံကို ကန္႔ကြက္လိုက္ပါတယ္။ တ႐ုတ္ႏုိင္ငံဟာ အဲဒီမွာ ေရနံနဲ႔ဓါတ္ေငြ႔တူူးတဲ့စင္ေတြ တည္ေဆာက္ဖို႔အတြက္ က်ိဳးပမ္းေနတာေတြကို ေတြ႔ရွိၿပီးတဲ့ေနာက္ ဂ်ပန္ဘက္က တရား၀င္ကန္႔ကြက္လိုက္တာျဖစ္ပါတယ္။ တရုတ္အစိုးရဟာ ၂ ႏုိင္ငံအထူးစီးပြားေရးဇုန္မွာ ေဆာက္လုပ္ေရးလုပ္ငန္းေတြကို လုပ္ကိုင္ေနေၾကာင္း ဂ်ပန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနက မေန႔ ေသာၾကာေန႔က အတည္ျပဳ ေျပာၾကားလိုက္ၿပီး၊ တ႐ုတ္သံရုံးကို တရား၀င္ကန္႔ကြက္စာေပးပို႔ထားတယ္လို႔ ေျပာပါတယ္။
အေရွ႕တ႐ုတ္ပင္လယ္ျပင္ထဲမွာရွိတဲ့ အရင္းအျမစ္ေတြကို ဖြံ႔ၿဖိဳးတုိးတက္ေအာင္လုပ္ေဆာင္ဖို႔ နဲ႔ပတ္သက္ၿပီး ၂၀၀၈ ခုႏွစ္က ၂ ႏုိင္ငံ သေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ဖိုပအတြက္ ေဆြးေႏြးမႈေတြကို အျမန္ဆုံးစတင္ဖို႔ အျပင္းအထန္တုိက္တြန္းေၾကာင္း ဂ်ပန္ႏုိင္ငံက ေျပာပါတယ္။
အဲဒီသေဘာတူညီခ်က္အရ ၊ ဂ်ပန္ႏုိင္ငံ နဲ႔ တရုတ္ႏုိင္ငံတုိ႔ဟာ အဲဒီအျငင္းပြားစရာ ေရပုိင္နက္အတြင္းမွာရွိတဲ့ ပင္လယ္ေရေအာက္ ေရနံနဲ႔ဓါတ္ေငြ႔သယံဇာတေတြကို ပူးတဲြထုတ္ယူဖို႔ သေဘာတူခဲ့ၾကၿပီး၊ ႏုိင္ငံတႏုိင္ငံခ်င္းစီက သီးသန္႔ထုတ္ယူတာေတြကို တားျမစ္ကန္႔သတ္ထားတာျဖစ္ပါတယ္။ ဒါေပမဲ့ ဒီသေဘာတူညီခ်က္ကို ဘယ္လို အေကာင္အထည္ေဖာ္ေဆာင္ရြက္မလဲဆုိတာနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးမႈေတြကိုေတာ့ ၂၀၁၀ မွာ ရပ္ဆုိင္းထားခဲ့တာပါ။ တ႐ုတ္ႏုိင္ငံဘက္က အခုလို အဲဒီေနရာမွာ တဘက္သက္ လုပ္တာနဲ႔ ပတ္သက္ၿပီး အလြန္ပဲစိတ္မေကာင္းျဖစ္ရတယ္လို႔ ဂ်ပန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ေျပာထားပါတယ္။
(unicode)
အရှေ့ တရုတ်ပင်လယ်ပြင်ထဲက ရေပိုင်နက်အငြင်းပွားနေတဲ့နေရာမှာ တရုတ်နိုင်ငံဘက်က ရေနံနဲ့ ဓါတ်ငွေ့တူးဖော်ရေးစင်တွေ ဆောက်လုပ်တာနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံက တရုတ်နိုင်ငံကို ကန့်ကွက်လိုက်ပါတယ်။ တရုတ်နိုင်ငံဟာ အဲဒီမှာ ရေနံနဲ့ဓါတ်ငွေ့တူူးတဲ့စင်တွေ တည်ဆောက်ဖို့အတွက် ကျိုးပမ်းနေတာတွေကို တွေ့ရှိပြီးတဲ့နောက် ဂျပန်ဘက်က တရားဝင်ကန့်ကွက်လိုက်တာဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ၂ နိုင်ငံအထူးစီးပွားရေးဇုန်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ သောကြာနေ့က အတည်ပြု ပြောကြားလိုက်ပြီး၊ တရုတ်သံရုံးကို တရားဝင်ကန့်ကွက်စာပေးပို့ထားတယ်လို့ ပြောပါတယ်။
အရှေ့တရုတ်ပင်လယ်ပြင်ထဲမှာရှိတဲ့ အရင်းအမြစ်တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ဖို့ နဲ့ပတ်သက်ပြီး ၂၀၀၈ ခုနှစ်က ၂ နိုင်ငံ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖိုပအတွက် ဆွေးနွေးမှုတွေကို အမြန်ဆုံးစတင်ဖို့ အပြင်းအထန်တိုက်တွန်းကြောင်း ဂျပန်နိုင်ငံက ပြောပါတယ်။
အဲဒီသဘောတူညီချက်အရ ၊ ဂျပန်နိုင်ငံ နဲ့ တရုတ်နိုင်ငံတို့ဟာ အဲဒီအငြင်းပွားစရာ ရေပိုင်နက်အတွင်းမှာရှိတဲ့ ပင်လယ်ရေအောက် ရေနံနဲ့ဓါတ်ငွေ့သယံဇာတတွေကို ပူးတွဲထုတ်ယူဖို့ သဘောတူခဲ့ကြပြီး၊ နိုင်ငံတနိုင်ငံချင်းစီက သီးသန့်ထုတ်ယူတာတွေကို တားမြစ်ကန့်သတ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသဘောတူညီချက်ကို ဘယ်လို အကောင်အထည်ဖော်ဆောင်ရွက်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေကိုတော့ ၂၀၁၀ မှာ ရပ်ဆိုင်းထားခဲ့တာပါ။ တရုတ်နိုင်ငံဘက်က အခုလို အဲဒီနေရာမှာ တဘက်သက် လုပ်တာနဲ့ ပတ်သက်ပြီး အလွန်ပဲစိတ်မကောင်းဖြစ်ရတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။