သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်မှာ တရုတ်စစ်ရေးလေ့ကျင့်မှု စတင်


မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းမှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်နေစဉ် (နိုဝင်ဘာ ၂၈၊ ၂၀၂၃)
မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းမှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်နေစဉ် (နိုဝင်ဘာ ၂၈၊ ၂၀၂၃)

မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်နိုင်ငံဘက်အခြမ်းမှာ တရုတ်စစ်တပ်က လက်နက်နဲ့ ကျည်ဆံအစစ်တွေ ပါဝင်တဲ့ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို ဒီကနေ့ စတင်ပါတယ်။

နှစ်ဘက် ဒေသဆိုင်ရာ အာဏာပိုင်တွေကြားမှာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေအပြီး အခုလို လက်နက်နဲ့ ကျည်ဆံ အစစ်တွေနဲ့ တရုတ်ပြည့်သူ့ လွှတ်မြောက်ရေး တပ်မတော်က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။

ယူနန်ဒေသဆိုင်ရာ အာဏာပိုင်တွေကတော့ ကြာသာပတေးနေ့အထိ လုပ်မယ့် ဒီစစ်ရေး လေ့ကျင့်မှုဟာ နှစ်စဉ်ပြုလုပ်နေကြ စစ်ရေး လေ့ကျင့်မှုဖြစ်ကြောင်းပြောပါတယ်။ ဒီ စစ်ရေးလေ့ကျင့်မှုအတွင်း ကင်းထောက်ကွပ်ကဲမှု၊ ကြိုတင်သတိပေးမှု၊ ဘက်ပေါင်းစုံထိန်းချုပ်မှုစွမ်းရည်နဲ့ တိုက်ခိုက်မှု စွမ်းရည်တွေကို လေ့ကျင့်သွားမှာဖြစ်ကြောင်း တရုတ်စစ်တပ် တောင်ပိုင်းတိုင်း စစ်ဒေသက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ ဇွန်လနှောင်းပိုင်းက စတင်ခဲ့တဲ့ ရှမ်းမြောက် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နေရာတွေနဲ့လည်း နီးကပ်နေသလို၊ ရှမ်းပြည်နယ်ဟာ ခေတ်သစ်ပိုးလမ်းမလို့ တင်စားခေါ်ဆိုနေတဲ့ ခါးပတ်လမ်း (BRI) စီမံကိန်းရဲ့ အရေးပါတဲ့ နေရာလည်း ဖြစ်ပါတယ်။

လေ့လာသူတွေကတော့ တရုတ်ဟာ မြန်မာစစ်တပ်ကို လက်နက်အဓိက ထောက်ပံ့ပေးနေတာ ဖြစ်ပေမဲ့လည်း စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေတွေနဲ့လည်း ဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်း ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီလ အစောပိုင်းကလည်း စစ်ကောင်စီအကြီးအကဲနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ကချင်ပြည်နယ် လွယ်ဂျယ်မြို့နဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံဘက်အခြမ်းမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG