သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတရှီ မွေးနေ့ ရုရှားသမ္မတနဲ့ ကျင်းပ


တရုတ်သမ္မတ Xi Jinping မွေးနေ့ပွဲကို ရုရှားသမ္မတ Vladimir Putin အတူကျင်းပနေပုံ (ဇွန်၊ ၁၄၊ ၂၀၁၉)
တရုတ်သမ္မတ Xi Jinping မွေးနေ့ပွဲကို ရုရှားသမ္မတ Vladimir Putin အတူကျင်းပနေပုံ (ဇွန်၊ ၁၄၊ ၂၀၁၉)

တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ဒီကနေ့မှာ ကျရောက်တဲ့ သူရဲ့ အသက် ၆၆ နှစ်မြောက် မွေးနေ့ကို ရုရှားသမ္မတ ဗလာဒီမီယာပူတင် နဲ့ အတူ ကျင်းပခဲ့ပါတယ်။ တရုတ်သမ္မတရှီက ရုရှားသမ္မတ ပူတင်ကို သူရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတဦးအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ရုရှားသမ္မတ ပူတင်က တရုတ်သမ္မတရှီကို မွေးနေ့လက်ဆောင်အဖြစ်နဲ့ ရေခဲမုန့်ပေးခဲ့တယ်လို့ တရုတ်အစိုးရပိုင်မီဒီယာက ဖော်ပြပါတယ်။

တရုတ်နိုင်ငံက ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ပုဂ္ဂိုလ်ရေးဘဝ အခြေအနေအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုတာတွေဟာ တရုတ်နိုင်ငံမှာ အလွန်ကို ရှားပါးသလို သူတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေကိုလည်း နိုင်ငံတော်လျှို့ဝှက်ချက်လို့ သတ်မှတ်ထားတဲ့အတွက် သူတို့အတော်များများရဲ့ မွေးနေ့အတိအကျကိုလည်း လူထုကို ထုတ်ပြန်ကြေငြာလေ့ မရှိပါဘူး။

တရုတ်သမ္မတ ရှီ နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ဒေသတွင်း အစည်းအဝေးတခုကိုတက်ရောက်ဖို့အတွက် တာဂျီကစ္စတန်နိုင်ငံ ဒူရှန်ဘီမြို့ကို ရောက်နေကြပြီးတော့ အဲဒီက ဟိုတယ်တခုမှာ သူတို့ နှစ်ဦး ဟာ ရှန်ပိန်ခွက်တွေ ကိုင်မြှောက်ပြီး သမ္မတရှီရဲ့ မွေးနေ့ပွဲ ကျင်းပနေတာကို တရုတ်အစိုးရပိုင် ရုပ်သံက ပြသခဲ့ပါတယ်။

ရုရှားသမ္မတပူတင်က ရေခဲမုန့်လက်ဆောင်ပေးတာကို တရုတ်သမ္မတရှီကျင့်ဖျင့် ပြန်ပြီးတော့ လက်ဖက်ခြောက် လက်ဆောင်ပေးခဲ့တယ်လို့ သတင်းက ဖော်ပြပါတယ်။ ဒါ့အပြင် တရုတ်သမ္မတရှီကျင့်ဖျင်က မစ္စတာ ပူတင်ကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး ရုရှားသမ္မတပူတင်ဟာ တရုတ်နိုင်ငံမှာ အလွန်ကို ရေပန်းစား လူကြိုက်များတဲ့သူ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG