Uyghur မူဆလင်တွေအပေါ်လူ့အခွင့်အရး ချိုးဖောက်မှုကြောင့် တရုတ် ကို ကန် ဒဏ်ခတ်အရေးယူ
{{Zawgyi/Unicode}}
တရုတ်ဇီဝဗေဒနည်းပညာကုမ္ပဏီတချို့နဲ့၊ လုံခြုံရေးအရစောင့်ကြည့်တဲ့နည်းပညာကုမ္ပဏီအချို့ အပါအဝင် တရုတ်းအစိုးရနဲ့ ပတ်သက်တဲ့ ကုမ္ပဏီအချို့ဟာ ဝီဂါမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ကြာသာပတေးနေ့မှာကြေညာပါတယ်။
အသစ်ချမှတ်မယ့်ပိတ်ဆို့အရေးယူမှုမှာ တရုတ်စစ်ဆေးသိပ္ပံတက္ကသိုလ်အပါအဝင် တရုတ် ဇီဝဗေဒနည်းပညာကုမ္ပဏီ ၁၁ ခုကို အမေရိကန်ကုမ္ပဏီတွေကထုတ်လုပ်တဲ့ ကုပစ္စည်းတွေ မရောင်းချဖို့ ပိတ်ပင်သွားမှာဖြစ်တယ်လို့ သမတဘိုင်ဒင်ရဲ့ အစိုးရကကြေငြာပါတယ်။
တရုတ်အစိုးရဟာ ဇိဝနည်းပညာတွေကိုအသုံးပြုပြီး ရှင်ကျန်းပြည်နယ်ထဲက ဝီဂါမွတ်ဆလင်တွေအပေါ်ဖိနှိပ်မှုတွေကျူးလွန်နေတယ်လို့ အမေရိကန်အစိုးရကစွပ်စွဲပါတယ်။ တရုတ် အစိုးရကတော့ ဒီစွပ်စွဲချက်ကိုငြင်းဆိုထားပြီး ဝီဂါတွေအပေါ်ချမှတ်ထားတဲ့ လုံခြုံရေးဟာ အကြမ်းဖက်သမားရန်က ကာကွယ်ဖို့သာဖြစ်တယ်လို့ဆိုပါတယ်။
တချိန်ထဲမှာဘဲ ဝီဂါမွတ်ဆလင်တွေကို ကြေးကျွန်သဖွယ်အသုံးပြုပြီး ထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေကို အမေရိကန်ပြည်ထောင်စုအတွင်း တင်သွင်းခွင့်ပိတ်ပင်ဖို့ ဥပဒေကို ပြဌာန်းဖို့ လွှတ်တော်မှာဆွေးနွေးခဲ့ရာမှာ ကြာသာပတေးနေ့က အထက်လွှတ်တော်ကအတည်ပြုလိုက်ပါတယ်။ သမတဂျိုးဘိုင်ဒင်ကလက်မှတ်ထိုးရင် ဥပဒေဖြစ်လာမှာဖြစ်ပါတယ်။
ဝီဂါမွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျူးလွန်တဲ့အတွက်ဆိုကာ တရုတ်ဆောင်းရာသီအိုလံပစ်အားကစားပွဲကို သပိတ်မှောက်မယ်လို့ မကြာသေးမီကမှ အမေရိကန်အစိုးရက ကြေညာပြီးနောက် အခုလိုပိတ်ဆို့အရေးယူမှုအသစ် ပြုလုပ်ဖို့ အစီစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။
.......................................
{{Zawgyi/Unicode}}