သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 ထိန်းချုပ်ရေး တရုတ်ကူမည်


စာသင်ကျောင်းတွေမှာ နှာခေါင်းစည်းများ တပ်ဆင်ပေးနေစဉ်။
စာသင်ကျောင်းတွေမှာ နှာခေါင်းစည်းများ တပ်ဆင်ပေးနေစဉ်။

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ H1N1 ရာသီတုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ရေးအတွက် တရုတ်နိုင်ငံကလူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးမှာ ဖြစ်ပါတယ်။ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တခြားတရုတ် အစိုးရဌာနတွေနဲ့အတူ ပူးပေါင်းပြီး ရောဂါထိန်းချုပ်ရေးနဲ့ဆိုင်တဲ့ ဆေးဝါးပစ္စည်းတွေ မြန်မာနိုင်ငံကို အမြန်ဆုံးပေးမှာဖြစ်တယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းမှာရေးထားပါတယ်။

မြန်မာနိုင်ငံမှာ H1N1 တုပ်ကွေး Virus ကြောင့် သေဆုံးသူ ၁၄ ယောက်ရှိခဲ့ပြီး။ ပိုကူးစက်ခံထားရတယ်လို့ အတည်ပြုနိုင်သူ ၁၁၀ ရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ပုံမှန်အားဖြင့် အပူပိုင်းဒေသနိုင်ငံတွေမှာ ၁ နှစ်ပတ်လုံးဖြစ်ပွားလေ့ရှိတဲ့ H1N1 တုပ်ကွေးရောဂါဟာ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေမှာလည်း မေလလောက်ကစပြီး ဖြစ်ပွားခဲ့တယ်လို့ အစိုးရက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံက အခြေအနေဟာ ရောဂါပျံ့နှံ့မှုနည်းအောင် ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။ ရာသီတုပ်ကွေးရောဂါလက္ခဏာတွေ။ပြင်းထန်ရာသီတုပ်ကွေးရောဂါလက္ခဏာတွေဖြစ်တယ်လို့ သံသယရှိရင် နီးရာ ကျမ်းမာရေးဌာနတွေဆီမှာ အမြန်ဆုံး ကုသမှုခံယူဖို့လည်း အကြံပေးထားပါတယ်။

H1N1 ထိန်းချုပ်ရေး တရုတ်ကူမည်
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG