သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်နိုင်ငံဆွေးနွေးဖို့ တရုတ်ဝန်ကြီးချုပ်ကို ယူကရိန်းဖိတ်ခေါ်

ရှင်ဟွာသတင်းဌာနက ထုတ်ပြန်တဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba (ဝဲ) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ ဇူလိုင် ၂၄ ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်းက Guangzhou မြို့မှာ တွေ့ဆုံခဲ့စဥ်။ (ဇူလိုင် ၂၄၊ ၂၀၂၄)
ရှင်ဟွာသတင်းဌာနက ထုတ်ပြန်တဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba (ဝဲ) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ ဇူလိုင် ၂၄ ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်းက Guangzhou မြို့မှာ တွေ့ဆုံခဲ့စဥ်။ (ဇူလိုင် ၂၄၊ ၂၀၂၄)

နှစ်နိုင်ငံဆွေးနွေးကြဖို့ တရုတ်ဝန်ကြီးချုပ်ကို ယူကရိန်းက အင်္ဂါနေ့မှာ ဖိတ်ခေါ်လိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba တရုတ်နိုင်ငံကိုသွားရောက်ခဲ့ပြီးနောက် ခုဖိတ်ကြားချက် ဖြစ်လာတာပါ။ ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တဲ့ ၂၀၂၂ ကတည်းကဆိုရင် ယူကရိန်း နိုင်ငံခြား‌ရေးဝန်ကြီးရဲ့ တရုတ်ခရီးစဥ်ဟာ ပထမဆုံးခရီးလည်း ဖြစ်ပါတယ်။

ယူကရိန်းရဲ့ အဆိုအရ တရုတ်ကလည်း လာဖို့စိတ်ဝင်စားတယ်လို့ ပြောပါတယ်။ ရုရှားနဲ့ယူကရိန်း စစ်စဖြစ်ကတည်းက တရုတ်က ရုရှားနဲ့ဆက်ဆံရေးမပျက်သလို ကြားနေခြင်းအားဖြင့် သူ့စီးပွါးရေးကိုလည်း ထိန်းထားခဲ့တာပါ။ ရုရှားကယူကရိန်းကျေးရွာကို အင်္ဂါနေ့မှာ ထပ်သိမ်းပိုက်လိုက်တာနဲ့လည်း ခုဖိတ်ကြားချက်က တိုက်ဆိုင်နေပါတယ်။ မကြာမီ ရက်သတ္တပတ်တွေအတွင်း ရုရှားဟာ ယူကရိန်းရွာတွေကို ဆက်တိုက် သိမ်းပိုက်လာခဲ့တာပါ။

ရုရှားဟာ ထိုးစစ်လေ့ကျင့်ခန်း ၃၀၀ ကျော်နဲ့ အကြီးစား စစ်ရေးလေ့ကျင့်မှုတရပ်ကိုလည်း အင်္ဂါနေ့မှာပဲ စလိုက်ပါတယ်။ ဒီ စစ်ရေးလေ့ကျင့်မှုမှာ စစ်သား ၂ သောင်းကျော်၊ စစ်သင်္ဘော ၃၀၀ နဲ့ လေယာဥ် ၅၀ တို့ ပါဝင်ကြဖို့ စီစဥ်ထားတာပါ။ ဒီလေ့ကျင့်မှုက ရေတပ်ရဲ့ အဆင့်တိုင်း စစ်ရေးစွမ်းရည်ကို စမ်းသပ်ဖို့လေ့ကျင့်တာ အဓိက ရည်ရွယ်ချက်ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

နယ်စပ်တလျှောက် ရုရှားဘက်မှာရှိတဲ့ Belgorod ဒေသကို ယူကရိန်းက ဒရုန်းတွေနဲ့ အင်္ဂါနေ့က တိုက်ခိုက်ခဲ့ပါတယ်။

နှစ်နိုင်ငံဆွေးနွေးဖို့ တရုတ်ဝန်ကြီးချုပ်ကို ယူကရိန်းဖိတ်ခေါ်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG