သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သွင်းကုန်အပေါ် အခွန်တိုးကောက်ဖို့ ကန်စဉ်းစား


တရုတ် သမ္မတ Xi Jinping နဲ့ ကုန်သွယ်ရေး သဘောတူညီချက် မရနိုင်ဘူးဆိုရင်တော့ အမေရိကန် သမ္မတ Donald Trump အနေနဲ့ တရုတ်သွင်းကုန်တွေ အပေါ် ထပ်ပြီး အခွန်ကောက်ဖို့ စိတ်အားထက်သန်လိမ့်မယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Steven Mnuchin က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံ ၂၀ ( G 20 )အစည်းအဝေး အတွင်း ဒီလကုန်ပိုင်းလောက်မှာ အမေရိကန်နဲ့ တရုတ် သမ္မတတို့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ တိုးတက်မှုတွေ ရှိနေကြောင်း၊ သဘောတူညီချက် ၉၀ ရာခိုင်နှုန်းလောက် ရနေပြီလို့ ယူဆကြောင်းလည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးက CNBC ကို ဖြေကြားခဲ့တာပါ။ စေ့စပ်ညှိနှိုင်းမှုတွေကို ရပ်ထားပြီး နောက်တဆင့်ကတော့ အမေရိကန် သမ္မတနဲ့ တရုတ် သမ္မတရဲ့ တွေ့ဆုံမှုပေါ်မှာ မူတည်မှာ ဖြစ်တယ်လို့လည်း ဝန်ကြီး Mnuchin က ပြောပါတယ်။

ဂျပန်နိုင်ငံ အိုဆာကာမှာ ဇွန်လ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တို့မှာ ကျင်းပမယ့် စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံ ၂၀ ခေါင်းဆောင်တွေရဲ့ အစည်းအဝေး အတွင်း သမ္မတ Trump နဲ့ သမ္မတ Xi တို့ တွေ့ဆုံကြမှာပါ။ ဒီတွေ့ဆုံဆွေးနွေးပွဲ အပြီးမှာ သမ္မတ Trump က ဆုံးဖြတ်ချက်ချမှာ ဖြစ်တယ်လို့လည်း ဘဏ္ဍာရေး ဝန်ကြီးက ပြောပါတယ်။ ဆွေးနွေးထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ အတိုင်း တရုတ်ဘက်က ရှေ့ဆက်လိုစိတ်ရှိရင် သဘောတူညီချက် ရမှာ ဖြစ်ပြီး တရုတ်ဘက်က ဆန္ဒ မရှိဘူးဆိုတော့ သွင်းကုန်ခွန် ကောက်ခံမှုကို ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

ဒေါ်လာ ဘီလျံ ၂၀၀ တန်ဖိုးရှိ တရုတ်သွင်းကုန်တွေ အပေါ် အမေရိကန်ဘက်က သွင်းကုန်ခွန်တွေ ချမှတ်ထားဆဲ ဖြစ်ပြီး အခုအခါမှာတော့ နောက်ထပ် ဒေါ်လာ ၃၂၅ ဘီလျံ တန်ဖိုးရှိ တရုတ် သွင်းကုန်တွေ အပေါ် နောက်ထပ် အခွန်ကောက်ဖို့ အမေရိကန် သမ္မတ Trump က စဉ်းစားနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG