သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်အတွက် စွမ်းအင် မြန်မာကတဆင့် ပေးဖို့ တရုတ်အဆိုပြု


ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မပြေမလည်ဖြစ်နေတဲ့ ကြားကပဲ ဘင်္ဂလားဒေ့ရှ်ကို မြန်မာဘက်ကနေဖြတ်ပြီး လျှပ်စစ်ဓါတ်အားပေးမယ်လို့ တရုတ်က အဆိုပြုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်စွမ်းအင်ဌာန အတွင်းဝန် Ahmad Kaikaus ရဲ့ အင်္ဂါနေ့ပြောကြားချက်ကို ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံဆီ သွားရောက်နေကြောင်းလည်း ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နိပေါ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတွေပါဝင်တဲ့ BIMSTEC အဖွဲ့က ဒေသဆိုင်ရာ လျှပ်စစ်ဓါတ်အားပေးလိုင်းတွေ ဆက်သွယ်ဖို့ ကြိုးစားနေတာဖြစ်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား မပြေမလည်ရှိနေပေမယ့် ဓါတ်အားပေးလိုင်း ဆက်သွယ်ဖို့တော့ ဖြစ်နိုင်ချေရှိတယ်လို့ လည်း Ahmad Kaikaus ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ စွမ်းအင်လိုအပ်ချက်ပြည့်မှီဖို့ အိမ်နီးချင်းနိုင်ငံတွေဆီက ရယူဖို့ ကြိုးစားနေတာပါ။ ၂၀၁၃ ခုနှစ်ကစပြီး Bheramara-Berhampur လိုင်းနဲ့ အိန္ဒိယဆီက စွမ်းအင် မီဂါဝပ် ၅၀၀ ရယူနေတာဖြစ်သလို Tripura-Comilla လိုင်းကနေ မီဂါဝပ် ၁၆၀ ရယူနေတာပါ။

ဝန်ကြီးချုပ် Sheikh Hasina အိန္ဒိယကို ဧပြီလသွားရောက်စဉ်ကလည်း စွမ်းအင်ဆိုင်ရာစီမံကိန်းအများအပြားကို သဘောတူခဲ့တာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် စွမ်းအင်ကဏ္ဍအတွက် အိန္ဒိယက ဒေါ်လာ ၁၀ ဘီလျံဖိုး ရင်းနှီမြှုပ်နှံမှု သဘောတူညီချက်ကိုပါ လက်မှတ်ရေးထိုးခဲ့တာပါ။

လက်ရှိမှာ နီပေါနဲ့ ဘူတန်နိုင်ငံတွေနဲ့လည်း ဓါတ်အားလိုင်း ဆက်သွယ်ဖို့ ဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG