သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်ရေးစစ်ပွဲ အားလုံးထိခိုက်စေမယ်လို့ တရုတ်သတိပေး


တရုတ် ဒုတိယဝန်ကြီးချုပ် Han Zheng
တရုတ် ဒုတိယဝန်ကြီးချုပ် Han Zheng

ကုန်သွယ်ရေးစစ်ပွဲတခုဖြစ်လာရင် အားလုံးထိခိုက်မှာဖြစ်ပြီး ပိုကြီးမားတဲ့ ပဋိပက္ခဖြစ်လာမယ်လို့ တရုတ် ထိပ်တန်း တာဝန်ရှိသူ တဦးက သတိပေးလိုက်ပါတယ်။

“ကုန်သွယ်ရေးစစ်ပွဲဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး၊ ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ အနုတ်သဘောဆောင် သက်ရောက် မှုတွေကိုပဲ ဦးတည်စေပါလိမ့်မယ်၊ လမ်းကြောင်းကိုဆန့်ကျင်တဲ့ ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်မှုဟာ ဘယ်ကိုမှ ဦးတည်စေမှာ မဟုတ်ဘူးလို့ ကျနော်တို့ယူဆပါတယ်” ဆိုပြီး တရုတ် ဒုတိယဝန်ကြီးချုပ် Han Zheng ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ဒါမှမဟုတ် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို ဒုဝန်ကြီးချုပ် Han Zheng က နာမည်တပ် ပြောသွားတာ မပါပါဘူး။ တရုတ် သံမဏိနဲ့ အလူမီနီယံ ပို့ကုန်တွေအပေါ် အခွန်ပိုစည်းကျပ်မယ်လို့ သမ္မတထရမ့်ပ်က ကြေညာထားပြီး တရုတ် ဘက်ကလည်း အခွန်ပိုကောက်မယ့် အမေရိကန် ကုန်ပစ္စည်းစာရင်းကို ကြေညာထားတာပါ။

တကမ္ဘာလုံးက ကုန်သွယ်ဘက်နိုင်ငံတွေအနေနဲ့ လှေတစင်းထဲစီး ခရီးသွားတွေလို ပူးပေါင်းဆောင်ရွက်ကြဖို့၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ပိုလမ်းဖွင့်ပြီး အားလုံးပါဝင်တဲ့ မျှတပြီး အားလုံးအတွက် အကျိုးရှိအောင်လုပ်ဖို့ ဒုဝန်ကြီးချုပ် Han က နှိုးဆော်သွား ပါတယ်။

ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံနှစ်ခုအကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာမယ့်အရေး စိုးရိမ်နေကြတာကြောင့် တကမ္ဘာ လုံးက အစုရှယ်ယာဈေးတွေဟာလည်း ထိုးကျနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG