သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အစိုးရပိုင်ကားကုမ္ပဏီ မြန်မာစက်ရုံ ဒီနှစ်ထဲဖွင့်မယ်


REUTERS Trumpchi from GAC Group at International Automobile Exhibition in Guangzhou, China
REUTERS Trumpchi from GAC Group at International Automobile Exhibition in Guangzhou, China

{{Zawgyi/Unicode}}

တရုတ်အစိုးရပိုင် မော်တော်ကားကုမ္ပဏီ အုပ်စုတစ်စုဖြစ်တဲ့ Guangzhou Automobile Group က မြန်မာနိုင်ငံမှာရှိတဲ့ ကားစက်ရုံကို စီစဉ်ထားတဲ့အတိုင်း ဒီနှစ်ထဲမှာဖွင့်လှစ်ပြီး မော်တော်ကား ထုတ်လုပ်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

“ရန်ကုန်မြို့မှာရှိတဲ့စက်ရုံကို တည်ဆောက်နေတာ ကနဦးအဆင့်မှာ ရှိနေကြောင်းနဲ့ လက်ရှိ မငြိမ်မသက်မှုတွေကြောင့် သက်ရောက်မှု မရှိဘူး”လို့ GAC Motor အုပ်စုရဲ့ အာရှဒေသ အထွေထွေ မန်နေဂျာ Ben Chan က Nikkei Asia သတင်းဌာနကို ပြောပါတယ်။

တချိန်တည်းမှာပဲ ဂျပန်နဲ့ တခြားနိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေကတော့ မြန်မာနိုင်ငံတွင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ရပ်ဆိုင်းတာတွေ၊ ရုပ်သိမ်းတာတွေ လုပ်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ မြန်မာစစ်တပ်က အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းနေတာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းနေကြတာ ဖြစ်ပါတယ်။

ဂျပန် Toyota Motor အနေနဲ့ ဒေါ်လာ ၅၂ သန်းတန် စက်ရုံသစ်ကို ဖေဖော်ဝါရီလထဲဖွင့်လှစ်ဖို့ အစီအစဉ် ရှိခဲ့ပေမယ့် ရပ်ဆိုင်းထားခဲ့ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာအရ မနှစ်က တရုတ် Guangzhou Automobile က ရရှိတဲ့ ဝင်ငွေ ဒေါ်လာ ၉.၇၂ ဘီလီယံထဲက ၉၈% ကို တရုတ်အစိုးရက ရရှိခဲ့တာဖြစ်ပြီး နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုကနေ ဝင်ငွေ ၁၈% တိုးတက်ခဲ့တယ်လို့ Nikkei Asia သတင်းဌာနက ပြောပါတယ်။

တချိန်တည်းမှာပဲ အာဏာသိမ်းမှု ဖြစ်ပွားချိန်ကစလို့ တရုတ်စက်ရုံ ဒါဇင်နဲ့ချီပြီး တိုက်ခိုက်ခံရ ဒါမှမဟုတ် မီးရှို့ခံရတာကြေင့် ဒေါ်လာ ၃၇ သန်း ဆုံးရှုံးခဲ့တယ်လို့ တရုတ်သံရုံးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က မော်တော်ကားအသစ် ၁၇,၇၀၇ စီး ရောင်းချခဲ့ရာမှာ ၁၀,၇၅၃ စီးက ပြည်တွင်းမှာ ထုတ်လုပ်ခဲ့တာလို့ ASEAN Automotive Federation ရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဒါဟာ Covid ကပ်ရောဂါမဖြစ်ခင် နှစ်ကနဲ့စာရင် ရောင်းအား ၁၉.၂% ကျဆင်းခဲ့တာဖြစ်ပြီး ထုတ်လုပ်မှုက ၃၀.၆% ကျဆင်းခဲ့တာပါ။ ဒီနှစ်ထဲမှာတော့ အာဏာသိမ်းမှုနဲ့ ဆန္ဒပြမှုတွေကြောင့် ဒီထက် ပိုပြီး ကျဆင်းနေပါတယ်။ ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံရဲ့စီးပွားရေး ဒီနှစ်ထဲ ၁၀% ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။

.....................................

တိုက်ရိုက် လင့်ခ်


{{Unicode}}









XS
SM
MD
LG