သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ယွမ်ငွေ ဈေးကျလို့ ကုန်သည်တွေ အခက်တွေ့

ဘဏ်လုပ်ငန်းတခုမှာ ငွေရေစက်ဖြင့် တရုတ်ငွေကြေးများကို ရေတွက်နေစဉ် (မှတ်တမ်းဓာတ်ပုံ - သြဂုတ် ၀၈၊ ၂၀၁၈)

(Zawgyi/Unicode)

မြန်မာကျပ်ငွေနဲ့ လဲလှယ်တာမှာ တရုတ်ယွမ်ငွေ ဈေးနှုန်းထိုးကျသွားတဲ့ အတွက် မြန်မာဘက်ကနေ တရုတ်နိုင်ငံကို ကုန်စည်တင်ပို့နေတဲ့ ကုန်စည်ဒိုင်တွေအနေနဲ့ အခက်အခဲ ထပ်ကြုံနေရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် စီးပွားရေးနဲ့ အရောင်းအဝယ်တွေမှာ အခက်အခဲ အမျိုးမျိုး ကြုံနေရချိန်မှာပဲ တရုတ်နဲ့ ကူးသန်းရောင်းဝယ်နေတဲ့ မြန်မာကုန်သည်တွေလည်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအိမ့်သန္တာထွန်းက ဆက်ပြောပြပါမယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားခဲ့တဲ့ မြန်မာ-တရုတ်နှစ်နိုင်ငံကြား ကုန်စည်ပို့ဆောင်နေတဲ့ မူဆယ်ကုန်သွယ်ရေးဂိတ်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ကမှ ပြန်ဖွင့်ပေးခဲ့တာပါ။ ဒီလိုဖွင့်ပေးခဲ့ပြီး သီတင်းနှစ်ပတ်ကျော် အကြာမှာပဲ ယွမ်ဈေးထိုးကျတဲ့ ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။

ဒီလို ယွမ်ဈေးထိုးကျသွားတာကြောင့် ကုန်သည်တွေအနေနဲ့ အရောင်းအဝယ်ဖြစ်အောင် လုပ်နေရပေမယ့် အမြတ်တော့ မရနိုင်ဘူးလို့ မူဆယ်နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း အတွင်းရေးမှူး ဦးစိုင်းထွန်းကိုကိုက ပြောပါတယ်။

“ခုငွေဈေးတွေက ကျနေတဲ့အခါ အဲ့ငွေလွဲနှုန်းတွေကျနေတဲ့အခါ ကိုယ့်ရဲ့ပို့ကုန်မှာ ရောင်းတဲ့ဟာက ငွေလဲနှုန်းပါ ပြန်နာတဲ့အခါကျတော့ နည်းနည်းလေးတော့၊ အ‌ရောင်းအဝယ်ဖြစ်တယ်ဆိုသော် ငြားလည်း အမြတ်က ဟိုလိုကြီးမထွက်လာဘူး။ အဲမှာကျ ကျနော်တို့‌ရောင်းလိုက်တယ်။ ယွမ်နဲ့ရောင်းတာကို နောက်ထပ် ကျပ်ငွေနဲ့လဲတဲ့အခါကျ ကျနော်တို့ နာတာပေါ့။ အမှန်ကတော့ ဒီငွေလဲနှုန်းအပေါ်မှာ မူတည်ပြီးတော့ တော်တော်များများတော့ ဂယက်တော့ ရိုက်တယ်ဗျ။ ဒီလိုကြီးထိုးကျသွားတာတော့ ရက်ပိုင်းအတွင်း ဒီလိုထိုးကျသွားတာမျိုးတော့ မဖြစ်ဖူးဘူးပေါ့နော်။ ကျလည်း နည်းနည်းပေါ့။ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်တုန်းကတော့ တစ်ခါ ကြုံဖူးပါတယ်။ ဒါပေမဲ့ ခဏပါပဲ။”

တရုတ်ယွမ်ငွေနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းဟာ ပုံမှန်အားဖြင့် တယွမ်ကို ကျပ် ၂၀၀ ပတ်ဝန်းကျင် ရှိခဲ့တာကနေ မတ်လ ၁၀ ရက်နေ့မှာ တယွမ်ကို မြန်မာကျပ်ငွေ ၁၉၀ ထိ ကျသွားပါတယ်။ တနင်္လာနေ့ မနက်ပိုင်းကဆိုရင် တယွမ်ကို ၁၈၂ ကျပ် ကျသွားခဲ့ပြီး အင်္ဂါနေ့မှာ နည်းနည်း ပြန်တက်လာတာပါ။ ဒါက နှစ်နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ် စံချိန်တင် ကျဆင်းတာဖြစ်ပြီး မြန်မာသစ်သီးပွဲရုံတွေနဲ့ ကုန်သည်တွေအနေနဲ့ ငွေကြေးဈေးကွက်မှာ အထိနာနေကြတယ်လို့ ဆိုပါတယ်။

“ငွေကြေးအခက်အခဲက နှစ်စဉ်လိုလို ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီငွေကြေးက ဒီနှစ်နှစ်အတွင်းမှာတော့ ငြိမ်နေတာပေါ့နော်။ အတက်ပဲရှိခဲ့တာ၊ အခုကျတော့ ရုတ်တရက် ထိုးကျသွားတာပေါ့။ရောင်းရတာဈေးကမရ ငွေဈေးက ကျတယ်ဆိုတော့လေအဲ့လိုမျိုး အခက်အခဲတွေတော့ ရှိတယ်။ ဒါကတော့ ဈေးကွက် အခက်အခခဲ ငွေကြေးအခက်အခဲ ချေးငွေ အခက်အခဲ အဲ့ဒါတွေအကုန် စုပြုံကြုံနေရတာပေါ့။”

ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါကြောင့် အမေရိကန် ဗဟိုဘဏ်က ဘဏ်အတိုးနှုန်းလျှော့ချတဲ့သတင်း ထွက်ပေါ်လာပြီးတဲ့နောက် တပတ်အတွင်းမှာပဲ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာလည်း တဒေါ်လာကို ကျပ် ၁၀၀ ပတ်ဝန်းကျင်ထိ ဈေးကျသွားါပတယ်။ မတ်လ ၄ ရက်နေ့မှာ တဒေါ်လာကို ကျပ် ၁,၄၀၀ ကျော်ရှိခဲ့တာကနေ မတ်လ ၉ ရက်နေ့မှာတော့ ၁,၃၀၀ အထိ ကျသွားခဲ့ပါတယ်။ ကျဆင်းခဲ့ပါတယ်။ ဒီနေ့ မတ်လ ၁၀ ရက်နေ့ ညနေ ၃နာရီခွဲ အချိန်မှာတော့ တဒေါ်လာကို ၁,၃၂၀ ကျပ်ပြန်ဖြစ်လာပါတယ်။ ဒေါ်လာဈေးအပြင် ပြည်တွင်း ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေပါ အခုရက်ပိုင်းအတွင်းမှာ ထိုးကျလာနေတာကို တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

တရုတျယှမျငှေ ဈေးကလြို့ ကုနျသညျတှေ အခကျတှေ့

မြန်မာကျပ်ငွေနဲ့ လဲလှယ်တာမှာ တရုတ်ယွမ်ငွေ ဈေးနှုန်းထိုးကျသွားတဲ့ အတွက် မြန်မာဘက်ကနေ တရုတ်နိုင်ငံကို ကုန်စည်တင်ပို့နေတဲ့ ကုန်စည်ဒိုင်တွေအနေနဲ့ အခက်အခဲ ထပ်ကြုံနေရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် စီးပွားရေးနဲ့ အရောင်းအဝယ်တွေမှာ အခက်အခဲ အမျိုးမျိုး ကြုံနေရချိန်မှာပဲ တရုတ်နဲ့ ကူးသန်းရောင်းဝယ်နေတဲ့ မြန်မာကုန်သည်တွေလည်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအိမ့်သန္တာထွန်းက ဆက်ပြောပြပါမယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားခဲ့တဲ့ မြန်မာတရုတ်နှစ်နိုင်ငံကြား ကုန်စည်ပို့ဆောင်နေတဲ့ မူဆယ်ကုန်သွယ်ရေးဂိတ်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ကမှ ပြန်ဖွင့်ပေးခဲ့တာပါ။ ဒီလိုဖွင့်ပေးခဲ့ပြီး သီတင်းနှစ်ပတ်ကျော် အကြာမှာပဲ ယွမ်ဈေးထိုးကျတဲ့ ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။

XS
SM
MD
LG