{{Zawgyi/Unicode}}
တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နှစ်က ခိုးယူရောင်းစားခံရတဲ့ ကလေးငယ်တယောက်ဟာ အခုအသက် ၂၆နှစ်အရွယ်ရောက်တဲ့အခါကြမှ မိဘအရင်းတွေနဲ့ ပြန်လည်ဆုံစည်းခွင့်ရရှိခဲ့ပါတယ်။
မိဘနှစ်ပါးဟာပျောက်ဆုံးခဲ့တဲ့ သူတို့ရဲ့ သားငယ်လေးကို တောက်လျှောက်ရှာဖွေနေခဲ့ရာမှာ နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ တနင်္ဂနွေနေ့က မျက်ရည်စက်လက်နဲ့ ပြန်လည်ပွေ့ ဖက်ဆုံစည်း ခွင့်ရရှိခဲ့ပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်း Shandong ပြည်နယ် Liaocheng မြို့က Guo Gangtang နဲ့ ဇနီး Zhang Wenge တို့ရဲ့ အသက် ၂နှစ်ခွဲအရွယ်သားငယ်လေးဟာ အိမ်ရှေ့မှာ ကစားနေစဉ် အမျိုးသမီးတဦး နဲ့ သူရဲ့ချစ်သူအမျိုးသားတို့ က ခိုးယူပြီး နိုင်ငံအလယ်ပိုင်းက ဇနီးမောင်နှံဆီကို ရောင်းစားခဲ့ပါတယ်။
အဲဒီနောက်ဖခင်ဖြစ်သူ Guo ဟာ သားငယ်လေးကို ပြန်လည်ရှာဖွေတွေ့ရှိဖို့အတွက် နိုင်ငံအနှံ ဆိုင်ကယ်စီးပြီး လိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။
သူရဲ့ သားဖြစ်သူကို ရှာဖွေတွေ့ရှိရေးမနားတမ်းကြိုးစားမှုကို မိဒီယာတွေက ဖော်ပြပေးပေးကြပါတယ်။
ဒါအပြင် သူဟာ တခြားကလေးပျောက်တဲ့သူတွေကိုလည်း ကူညီရှာဖွေပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ နောက်ဆုံးမှာ ရဲတပ်ဖွဲ့က သူရဲ့သားကို ရှာဖွေတွေ့ရှိပြီး DNA မျိုးရိုးဗီဇတွေကိုပါ စစ်ဆေးခဲ့ရာမှာ ခိုးယူခံခဲ့တာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အဲဒီနောက် ကလေးငယ်ကို ခိုးယူခဲ့သူကိုရော ဝယ်ယူမွေးစားခဲ့သူဇနီးမောင်နှံကိုရောကို ဖမ်းဆီးခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ အဲဒီအချိန်က မိသားစုတစုမှာ ကလေးတဦးသာ မွေးဖွားခွင့်ရှိတဲ့အတွက် ကလေးငယ်များကို ခိုးယူခဲ့ကြတာတွေဟာ မကြာခဏဖြစ်ပွားခဲ့ကြပါတယ်။
...........................
{{Unicode}}
တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နှစ်က ခိုးယူရောင်းစားခံရတဲ့ ကလေးငယ်တယောက်ဟာ အခုအသက် ၂၆နှစ်အရွယ်ရောက်တဲ့အခါကြမှ မိဘအရင်းတွေနဲ့ ပြန်လည်ဆုံစည်းခွင့်ရရှိခဲ့ပါတယ်။
မိဘနှစ်ပါးဟာပျောက်ဆုံးခဲ့တဲ့ သူတို့ရဲ့ သားငယ်လေးကို တောက်လျှောက်ရှာဖွေနေခဲ့ရာမှာ နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ တနင်္ဂနွေနေ့က မျက်ရည်စက်လက်နဲ့ ပြန်လည်ပွေ့ ဖက်ဆုံစည်း ခွင့်ရရှိခဲ့ပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်း Shandong ပြည်နယ် Liaocheng မြို့က Guo Gangtang နဲ့ ဇနီး Zhang Wenge တို့ရဲ့ အသက် ၂နှစ်ခွဲအရွယ်သားငယ်လေးဟာ အိမ်ရှေ့မှာ ကစားနေစဉ် အမျိုးသမီးတဦး နဲ့ သူရဲ့ချစ်သူအမျိုးသားတို့ က ခိုးယူပြီး နိုင်ငံအလယ်ပိုင်းက ဇနီးမောင်နှံဆီကို ရောင်းစားခဲ့ပါတယ်။
အဲဒီနောက်ဖခင်ဖြစ်သူ Guo ဟာ သားငယ်လေးကို ပြန်လည်ရှာဖွေတွေ့ရှိဖို့အတွက် နိုင်ငံအနှံ ဆိုင်ကယ်စီးပြီး လိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။
သူရဲ့ သားဖြစ်သူကို ရှာဖွေတွေ့ရှိရေးမနားတမ်းကြိုးစားမှုကို မိဒီယာတွေက ဖော်ပြပေးပေးကြပါတယ်။ ဒါအပြင် သူဟာ တခြားကလေးပျောက်တဲ့သူတွေကိုလည်း ကူညီရှာဖွေပေးခဲ့ပါတယ်။
အဲဒီလိုနဲ့ နောက်ဆုံးမှာ ရဲတပ်ဖွဲ့က သူရဲ့သားကို ရှာဖွေတွေ့ရှိပြီး DNA မျိုးရိုးဗီဇတွေကိုပါ စစ်ဆေးခဲ့ရာမှာ ခိုးယူခံခဲ့တာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အဲဒီနောက် ကလေးငယ်ကို ခိုးယူခဲ့သူကိုရော ဝယ်ယူမွေးစားခဲ့သူဇနီးမောင်နှံကိုရောကို ဖမ်းဆီးခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ အဲဒီအချိန်က မိသားစုတစုမှာ ကလေးတဦးသာ မွေးဖွားခွင့်ရှိတဲ့အတွက် ကလေးငယ်များကို ခိုးယူခဲ့ကြတာတွေဟာ မကြာခဏဖြစ်ပွားခဲ့ကြပါတယ်။