သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္ေျမာက္ပိုင္းေန တ႐ုတ္ႏိုင္ငံသားေတြမွတ္ပံုတင္ဖို႔ ယူနန္အာဏာပိုင္ထုတ္ျပန္


မဲေခါင္ျမစ္ထဲက လွမ္းျမင္ရတဲ့ ေရႊျတိဂံေဒသရဲ့ ကာစီနို အေဆာက္အဦးတခု (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)

ျမန္မာျပည္ေျမာက္ပိုင္းမွာ စီးပြားရွာေနၾကတဲ့ တ႐ုတ္ႏိုင္ငံသားေတြအားလုံး လုပ္ငန္းႏွင့္တကြ ကိုယ္ေရးအခ်က္အလက္ေတြကို မွတ္ပုံတင္ၾကဖို႔ တ႐ုတ္၊ ယူနန္ျပည္နယ္၊ ခ႐ိုင္တခ်ိဳ႕က ဒီကေန႔ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။ တ႐ုတ္ႏိုင္ငံသားေတြရဲ႕ အက်ိဳးစီးပြားကို ကာကြယ္ဖို႔ ရည္႐ြယ္ေၾကာင္း ဒီေၾကညာခ်က္မွာ ေရးသားထားေပမဲ့ အမွန္ကေတာ့ တ႐ုတ္ႏိုင္ငံသားေတြရဲ႕ တရားမဝင္ ေလာင္းကစား လုပ္ငန္းေတြႀကီးထြားလာတာကို ျပန္ၿပီး ထိန္းထိန္းသိမ္းသိမ္းလုပ္ဖို႔ ရည္႐ြယ္တာ ျဖစ္ႏိုင္ေၾကာင္း ရွမ္းေျမာက္ေဒသခံေတြက ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ ဒီသတင္းကို ကိုသားၫြန္႕ဦး ေျပာျပေပးမွာပါ။

တ႐ုတ္ႏိုင္ငံသားေတြ ျမန္မာျပည္ေျမာက္ပိုင္းမွာ ဆက္လက္ေနထိုင္ဖို႔အတြက္ လိုအပ္တဲ့အခ်က္အလက္ေတြကို မွတ္ပုံျပန္တင္ၾကဖို႔ ယူနန္ျပည္နယ္၊ ခ႐ိုင္တခ်ိဳ႕က ဒီေန႔ ဇြန္လ ၂၁ ရက္မွာ ထုတ္ျပန္လိုက္တာပါ။ ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕နဲ႔ကပ္လ်က္ ယူနန္ျပည္နယ္၊ Dehong စီရင္စု ျပည္သူ႔လုံၿခဳံေရးဌာနရဲ႕ ဒီေန႔ ထုတ္ျပန္ခ်က္မွာေတာ့ ဒီေၾကညာခ်က္ဟာ တ႐ုတ္ျပည္ကေန တရားမဝင္ ထြက္သြားသူေတြ၊ အင္တာနက္သုံးၿပီး လိမ္လည္ လွည့္ဖ်ားသူေတြ၊ ေလာင္းကစား၊ ေငြေၾကးခဝါခ်မႈနဲ႔ တျခား နယ္စပ္ျဖတ္ေက်ာ္ ရာဇဝတ္မႈေတြကို တားဆီးဖို႔ျဖစ္ေၾကာင္း ေရးသားထားပါတယ္။

တ႐ုတ္ႏိုင္ငံသားတခ်ိဳ႕ဟာ ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္တဝိုက္မွာ တရားမဝင္အေျခခ်ၿပီး ေလာင္းကစားနဲ႔ မူးယစ္ေဆးဝါး လုပ္ငန္းေတြကို အႀကီးအက်ယ္ လုပ္ကိုင္ေနၾကတာပါ။ ဒါေတြကို ယူနန္အစိုးရဘက္က ျပန္ၿပီးထိန္းခ်ဳပ္ခ်င္တာ ျဖစ္ႏိုင္ေၾကာင္း မူဆယ္ၿမိဳ႕က လုပ္ငန္းရွင္ ဦးအိုက္ခန္း ေျပာပါတယ္။

“ တ႐ုတ္ႏိုင္ငံသားေတြက နယ္စပ္တေလွ်ာက္မွာ ေလာင္းကစား႐ုံေတြလုပ္တယ္၊ ဒုစ႐ိုက္လုပ္ငန္းေတြလုပ္တယ္၊ ေလာင္းကစား႐ုံေတြမွာ လူငယ္ေတြကို ေငြေတြဘာေတြ မေပးႏိုင္ဘူးဆိုရင္ ဗြီဒီယိုဖိုင္နဲ႔လႊင့္ၿပီး ပိုက္ဆံေတာင္းခိုင္းတယ္။ တခါတည္း သတ္ခိုင္းတာ၊ ရႈံးၿပီး ေလာင္းေၾကးေငြ မေပးႏိုင္သူေတြကို။ အဲလိုမ်ိဳးေတြ လုပ္ေနတာ တအားဆိုးေနတာအျပင္မွာ နယ္စပ္တေလွ်ာက္ ေလာင္းကစား႐ုံေတြမွာ။ ေနာက္တခါ မူးယစ္ေဆးဝါးေတြ လုပ္တယ္။ ေငြမည္းေတြကို ေငြျဖဴလုပ္တယ္။ ဒီလူေတြအတြက္ကို ေၾကညာထားတာ။”

တ႐ုတ္အစိုးရရဲ႕ ေၾကညာခ်က္မွာေတာ့ ျမန္မာႏိုင္ငံေျမာက္ပိုင္းမွာ တရားဝင္အလုပ္လုပ္ေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြကို ကာကြယ္ဖို႔အတြက္ တရားမဝင္ လုပ္ငန္းေတြကို ႏွိမ္နင္းသြားမယ္လို႔ ေရးသားထားပါတယ္။

ယူနန္ျပည္နယ္ရဲဌာနကလည္း ျမန္မာျပည္ေျမာက္ပိုင္းမွာ တရားမဝင္စီးပြားရွာေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြ ျပန္လာၾကဖို႔ ၿပီးခဲ့တဲ့ေမလထဲမွာ အသိေပးခဲ့ေၾကာင္း တ႐ုတ္သတင္းဌာန STCN က ေရးသားခဲ့ပါတယ္။ ျပန္မလာဘူးဆိုရင္ေတာ့ ဖမ္းဆီးခံရမွာျဖစ္သလို သူတို႔မိသားစုဝင္ေတြရဲ႕ ႏိုင္ငံသား ခံစားခြင့္ေတြကို အစိုးရက ျပန္ၿပီး႐ုတ္သိမ္းသြားမယ္လို႔ တ႐ုတ္သတင္းဌာနတခ်ိဳ႕က ေရးသားခဲ့တာပါ။ ျပန္မလာသူေတြကို ဖမ္းဆီးဖို႔အတြက္လည္း ဆုေၾကးေငြေတြ ထုတ္ထားပါတယ္။

“ ၿပီးခဲ့တဲ့ တလတိတိက ေၾကညာထားတာ၊ မင္းတို႔ နယ္စပ္မွာရွိတဲ့ ဒုစ႐ိုက္သမားေတြ ျပန္လာခဲ့ပါတဲ့ မလာလို႔ရွိရင္ မင္းတို႔က်န္ခဲ့တဲ့ မင္းတို႔မိသားစုေတြကို ေပးထားတဲ့ ပင္စင္လစာေတြ၊ ဆုေၾကးေတြ အားလုံးျဖတ္ေတာက္မယ္ဆိုၿပီး ေၾကညာထားၿပီးသား။ ဆိုၿပီး ရက္ေတြ ထုတ္ထားတယ္၊ ဒီေကာင္ေတြ ျပန္မလာေတာ့ ဖမ္းမိရင္ ဘယ္ေလာက္ေပးမယ္ဆိုၿပီး ဆုေၾကးေငြေတြ ထုတ္ထားတာ။”

မူဆယ္ခ႐ိုင္၊ ခ်င္းေ႐ႊေဟာ္က ေဒသခံတဦး ေျပာသြားတာပါ။

ကိုးကန႔္ေဒသ၊ မူဆယ္တေၾကာနဲ႔ ရွမ္းျပည္နယ္ ဒုတိယအထူးဇုံ၊ စတုတၳအထူးဇုံ စတဲ့ေနရာေတြမွာ ေနထိုင္တဲ့ တ႐ုတ္ႏိုင္ငံသားအားလုံး မွတ္ပုံတင္ရမယ္လို႔ ယူနန္ျပည္နယ္ Dehong စီရင္စု အာဏာပိုင္ရဲ႕ ေၾကညာခ်က္မွာ ေရးသားထားတာပါ။ ေၾကညာခ်က္ထုတ္ထားတဲ့ ဇြန္လ ၂၁ ရက္ကေန ေနာက္ထပ္ ၁၅ ရက္အတြင္း မွတ္ပုံျပန္တင္ဖို႔ တ႐ုတ္ဘက္က တိုက္တြန္းထားပါတယ္။

.......................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာပြည်မြောက်ပိုင်းနေ တရုတ်နိုင်ငံသားတွေမှတ်ပုံတင်ဖို့ ယူနန်အာဏာပိုင်ထုတ်ပြန်

(Unicode)

မြန်မာပြည်မြောက်ပိုင်းမှာ စီးပွားရှာနေကြတဲ့ တရုတ်နိုင်ငံသားတွေအားလုံး လုပ်ငန်းနှင့်တကွ ကိုယ်ရေးအချက်အလက်တွေကို မှတ်ပုံတင်ကြဖို့ တရုတ်၊ ယူနန်ပြည်နယ်၊ ခရိုင်တချို့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ရည်ရွယ်ကြောင်း ဒီကြေညာချက်မှာ ရေးသားထားပေမဲ့ အမှန်ကတော့ တရုတ်နိုင်ငံသားတွေရဲ့ တရားမဝင် လောင်းကစား လုပ်ငန်းတွေကြီးထွားလာတာကို ပြန်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်ကြောင်း ရှမ်းမြောက်ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကို ကိုသားညွန့်ဦး ပြောပြပေးမှာပါ။

တရုတ်နိုင်ငံသားတွေ မြန်မာပြည်မြောက်ပိုင်းမှာ ဆက်လက်နေထိုင်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကို မှတ်ပုံပြန်တင်ကြဖို့ ယူနန်ပြည်နယ်၊ ခရိုင်တချို့က ဒီနေ့ ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်လိုက်တာပါ။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ကပ်လျက် ယူနန်ပြည်နယ်၊ Dehong စီရင်စု ပြည်သူ့လုံခြုံရေးဌာနရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ ဒီကြေညာချက်ဟာ တရုတ်ပြည်ကနေ တရားမဝင် ထွက်သွားသူတွေ၊ အင်တာနက်သုံးပြီး လိမ်လည် လှည့်ဖျားသူတွေ၊ လောင်းကစား၊ ငွေကြေးခဝါချမှုနဲ့ တခြား နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တားဆီးဖို့ဖြစ်ကြောင်း ရေးသားထားပါတယ်။

တရုတ်နိုင်ငံသားတချို့ဟာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်တဝိုက်မှာ တရားမဝင်အခြေချပြီး လောင်းကစားနဲ့ မူးယစ်ဆေးဝါး လုပ်ငန်းတွေကို အကြီးအကျယ် လုပ်ကိုင်နေကြတာပါ။ ဒါတွေကို ယူနန်အစိုးရဘက်က ပြန်ပြီးထိန်းချုပ်ချင်တာ ဖြစ်နိုင်ကြောင်း မူဆယ်မြို့က လုပ်ငန်းရှင် ဦးအိုက်ခန်း ပြောပါတယ်။

“ တရုတ်နိုင်ငံသားတွေက နယ်စပ်တလျှောက်မှာ လောင်းကစားရုံတွေလုပ်တယ်၊ ဒုစရိုက်လုပ်ငန်းတွေလုပ်တယ်၊ လောင်းကစားရုံတွေမှာ လူငယ်တွေကို ငွေတွေဘာတွေ မပေးနိုင်ဘူးဆိုရင် ဗွီဒီယိုဖိုင်နဲ့လွှင့်ပြီး ပိုက်ဆံတောင်းခိုင်းတယ်။ တခါတည်း သတ်ခိုင်းတာ၊ ရှုံးပြီး လောင်းကြေးငွေ မပေးနိုင်သူတွေကို။ အဲလိုမျိုးတွေ လုပ်နေတာ တအားဆိုးနေတာအပြင်မှာ နယ်စပ်တလျှောက် လောင်းကစားရုံတွေမှာ။ နောက်တခါ မူးယစ်ဆေးဝါးတွေ လုပ်တယ်။ ငွေမည်းတွေကို ငွေဖြူလုပ်တယ်။ ဒီလူတွေအတွက်ကို ကြေညာထားတာ။”

တရုတ်အစိုးရရဲ့ ကြေညာချက်မှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရားဝင်အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို ကာကွယ်ဖို့အတွက် တရားမဝင် လုပ်ငန်းတွေကို နှိမ်နင်းသွားမယ်လို့ ရေးသားထားပါတယ်။

ယူနန်ပြည်နယ်ရဲဌာနကလည်း မြန်မာပြည်မြောက်ပိုင်းမှာ တရားမဝင်စီးပွားရှာနေတဲ့ တရုတ်နိုင်ငံသားတွေ ပြန်လာကြဖို့ ပြီးခဲ့တဲ့မေလထဲမှာ အသိပေးခဲ့ကြောင်း တရုတ်သတင်းဌာန STCN က ရေးသားခဲ့ပါတယ်။ ပြန်မလာဘူးဆိုရင်တော့ ဖမ်းဆီးခံရမှာဖြစ်သလို သူတို့မိသားစုဝင်တွေရဲ့ နိုင်ငံသား ခံစားခွင့်တွေကို အစိုးရက ပြန်ပြီးရုတ်သိမ်းသွားမယ်လို့ တရုတ်သတင်းဌာနတချို့က ရေးသားခဲ့တာပါ။ ပြန်မလာသူတွေကို ဖမ်းဆီးဖို့အတွက်လည်း ဆုကြေးငွေတွေ ထုတ်ထားပါတယ်။

“ ပြီးခဲ့တဲ့ တလတိတိက ကြေညာထားတာ၊ မင်းတို့ နယ်စပ်မှာရှိတဲ့ ဒုစရိုက်သမားတွေ ပြန်လာခဲ့ပါတဲ့ မလာလို့ရှိရင် မင်းတို့ကျန်ခဲ့တဲ့ မင်းတို့မိသားစုတွေကို ပေးထားတဲ့ ပင်စင်လစာတွေ၊ ဆုကြေးတွေ အားလုံးဖြတ်တောက်မယ်ဆိုပြီး ကြေညာထားပြီးသား။ ဆိုပြီး ရက်တွေ ထုတ်ထားတယ်၊ ဒီကောင်တွေ ပြန်မလာတော့ ဖမ်းမိရင် ဘယ်လောက်ပေးမယ်ဆိုပြီး ဆုကြေးငွေတွေ ထုတ်ထားတာ။”

မူဆယ်ခရိုင်၊ ချင်းရွှေဟော်က ဒေသခံတဦး ပြောသွားတာပါ။

ကိုးကန့်ဒေသ၊ မူဆယ်တကြောနဲ့ ရှမ်းပြည်နယ် ဒုတိယအထူးဇုံ၊ စတုတ္ထအထူးဇုံ စတဲ့နေရာတွေမှာ နေထိုင်တဲ့ တရုတ်နိုင်ငံသားအားလုံး မှတ်ပုံတင်ရမယ်လို့ ယူနန်ပြည်နယ် Dehong စီရင်စု အာဏာပိုင်ရဲ့ ကြေညာချက်မှာ ရေးသားထားတာပါ။ ကြေညာချက်ထုတ်ထားတဲ့ ဇွန်လ ၂၁ ရက်ကနေ နောက်ထပ် ၁၅ ရက်အတွင်း မှတ်ပုံပြန်တင်ဖို့ တရုတ်ဘက်က တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG