သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေဘဂ်င္း အိုလံပစ္ဖြင့္ပြဲတက္ ျပည္ပေခါင္းေဆာင္ေတြနဲ႔ တ႐ုတ္သမၼတ ေတြ႔ဆံု


အိုလံပစ္ဖြင့္ပြဲေန႔က ႐ုရွားသမၼတ ဗလာမီဒီယာ ပူတင္နဲ႔ ေတြ႔ဆုံခဲ့တဲ့ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္။ (ေဖေဖာ္ဝါရီ ၄၊ ၂၀၂၂)

(Zawgyi / Unicode)

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ဟာ ေဆာင္းရာသီ အိုလံပစ္ဖြင့္ပြဲ လာတက္တဲ့ ဆားဘီးယား၊ အီဂ်စ္၊ ကာဇက္စတန္၊ တာ့ခ္ေမနစၥတန္ ေခါင္းေဆာင္ေတြနဲ႔ ဒီကေန႔ ေတြ႔ဆံုပါတယ္။

အိုလံပစ္ဖြင့္ပြဲေန႔က ႐ုရွားသမၼတ ဗလာမီဒီယာ ပူတင္နဲ႔ ေတြ႔ၿပီးတဲ့ေနာက္ အခု ေနာက္ထပ္ ျပည္ပေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံုတာပါ။

႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္နဲ႔ အကန္႔အသတ္မဲ့ ပူးေပါင္းေဆာင္ရြက္ေရး သေဘာတူညီမူအသစ္ ရခဲ့တဲ့ သမၼတရွီအေနနဲ႔ COVID-19 စျဖစ္တဲ့ ၂၀၁၉ ႏွစ္ကုန္ကတည္းက တျခားႏိုင္ငံ ေခါင္းေဆာင္ေတြနဲ႔ လူခ်င္းမေတြ႔ဘဲ ေနခဲ့ရာက အခု အိုလံပစ္ပြဲမွာ ပထမဆံုး ေတြ႔ဆံုတာ ျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေၾကာင့္ အေမရိကန္နဲ႔ အေနာက္ႏိုင္ငံတခ်ဳိ႕က အိုလံပစ္ဖြင့္ပြဲကို သပိတ္ေမွာက္ထားခ်ိန္ အေနာက္ႏိုင္ငံေတြနဲ႔ မေျပလည္တဲ့ အာဏာရွင္ဆန္တဲ့ အခုေခါင္းေဆာင္ေတြကို ေဘဂ်င္းၿမိဳ႕ေတာ္က Great Hall မွာ တ႐ုတ္ႏွစ္ကူး အထိမ္းအမွတ္ တည္ခင္းဧည့္ခံပြဲႀကီး မတိုင္ခင္ေလးမွာ သမၼတရွီ ေတြ႔ဆံုခဲ့တာပါ။

အိုလံပစ္ဖြင့္ပြဲလာတဲ့ ႏိုင္ငံေခါင္းေဆာင္ေတြနဲ႔ ႏိုင္ငံတကာ အဖြဲ႔အစည္း ေခါင္းေဆာင္ေတြ တက္တဲ့ ဒီတည္ခင္းဧည့္ခံပြဲအဖြင့္မွာ သမၼတရွီက အခုလို ေဘဂ်င္း ေဆာင္းရာသီ အိုလံပစ္ပြဲကို တက္ၿပီး ေထာက္ခံဂုဏ္ျပဳတဲ့အတြက္ အထူး လိႈက္လိႈက္လွဲလွဲ ေက်းဇူးတင္ေၾကာင္း ေျပာပါတယ္။

ဒါ့အျပင္ တ႐ုတ္အေနနဲ႔ ကိုဗစ္ ကမၻာ့ကပ္ေရာဂါႀကီးရဲ႕ ဆိုးက်ိဳးကို ေက်ာ္လႊားႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးစားခဲ့ၿပီး ႏိုင္ငံတကာကတိကို ျဖည့္ဆည္းတဲ့အေနနဲ႔လည္း ဒီ အိုလံပစ္ပြဲကို စီစဥ္ထားတဲ့အတိုင္း ျဖစ္ေအာင္ ႐ိုး႐ိုးသားသား ႀကိဳးစားက်င္းပေပးခဲ့တာပါလို႔ သမၼတရွီက ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ဘေဂျင်း အိုလံပစ်ဖွင့်ပွဲတက် ပြည်ပခေါင်းဆောင်တွေနဲ့ တရုတ်သမ္မတ တွေ့ဆုံ

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဆောင်းရာသီ အိုလံပစ်ဖွင့်ပွဲ လာတက်တဲ့ ဆားဘီးယား၊ အီဂျစ်၊ ကာဇက်စတန်၊ တာ့ခ်မေနစ္စတန် ခေါင်းဆောင်တွေနဲ့ ဒီကနေ့ တွေ့ဆုံပါတယ်။

အိုလံပစ်ဖွင့်ပွဲနေ့က ရုရှားသမ္မတ ဗလာမီဒီယာ ပူတင်နဲ့ တွေ့ပြီးတဲ့နောက် အခု နောက်ထပ် ပြည်ပခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာပါ။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ အကန့်အသတ်မဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမူအသစ် ရခဲ့တဲ့ သမ္မတရှီအနေနဲ့ COVID-19 စဖြစ်တဲ့ ၂၀၁၉ နှစ်ကုန်ကတည်းက တခြားနိုင်ငံ ခေါင်းဆောင်တွေနဲ့ လူချင်းမတွေ့ဘဲ နေခဲ့ရာက အခု အိုလံပစ်ပွဲမှာ ပထမဆုံး တွေ့ဆုံတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် အမေရိကန်နဲ့ အနောက်နိုင်ငံတချို့က အိုလံပစ်ဖွင့်ပွဲကို သပိတ်မှောက်ထားချိန် အနောက်နိုင်ငံတွေနဲ့ မပြေလည်တဲ့ အာဏာရှင်ဆန်တဲ့ အခုခေါင်းဆောင်တွေကို ဘေဂျင်းမြို့တော်က Great Hall မှာ တရုတ်နှစ်ကူး အထိမ်းအမှတ် တည်ခင်းဧည့်ခံပွဲကြီး မတိုင်ခင်လေးမှာ သမ္မတရှီ တွေ့ဆုံခဲ့တာပါ။

အိုလံပစ်ဖွင့်ပွဲလာတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း ခေါင်းဆောင်တွေ တက်တဲ့ ဒီတည်ခင်းဧည့်ခံပွဲအဖွင့်မှာ သမ္မတရှီက အခုလို ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပွဲကို တက်ပြီး ထောက်ခံဂုဏ်ပြုတဲ့အတွက် အထူး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ဒါ့အပြင် တရုတ်အနေနဲ့ ကိုဗစ် ကမ္ဘာ့ကပ်ရောဂါကြီးရဲ့ ဆိုးကျိုးကို ကျော်လွှားနိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပြီး နိုင်ငံတကာကတိကို ဖြည့်ဆည်းတဲ့အနေနဲ့လည်း ဒီ အိုလံပစ်ပွဲကို စီစဉ်ထားတဲ့အတိုင်း ဖြစ်အောင် ရိုးရိုးသားသား ကြိုးစားကျင်းပပေးခဲ့တာပါလို့ သမ္မတရှီက ပြောခဲ့ပါတယ်။

XS
SM
MD
LG