သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီလီယံနာ သူဌေးကြီးတွေ ပိုများပြားလာတဲ့ တရုတ်နိုင်ငံ


资料照:北京一家酒店内竖起的胡润百富榜。(2012年10月19日)
资料照:北京一家酒店内竖起的胡润百富榜。(2012年10月19日)

တရုတ်နိုင်ငံမှာ ပိုမိုချမ်းသာတဲ့ ဘီလီယံနာ သူဌေးတွေ ထပ်မံပေါ်ထွက်လာတဲ့အတွက် လက်ရှိတရုတ်ထိပ်တန်းဘီလီယံနာတွေ အဆင့်လျော့ကျကုန်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲက Hurun Global ငွေကြေးနဲ့ရင်းနှီးမြှုပ်နှံမှု သုတေသန အဖွဲ့ကနေ ၂၀၂၂ ခုနှစ်ကမ္ဘာ့အချမ်းသာဆုံးစာရင်းထုတ်ပြန်ခဲ့ပါတယ်။


ဘီလီယံနာ သူဌေးကြီးတွေ ပိုများပြားလာတဲ့ တရုတ်နိုင်ငံ

{{Zawgyi/Unicode}}
တရုတ်နိုင်ငံမှာ ပိုမိုချမ်းသာတဲ့ ဘီလီယံနာ သူဌေးတွေ ထပ်မံပေါ်ထွက်လာတဲ့အတွက် လက်ရှိတရုတ်ထိပ်တန်းဘီလီယံနာတွေ အဆင့်လျော့ကျကုန်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲက Hurun Global ငွေကြေးနဲ့ရင်းနှီးမြှုပ်နှံမှု သုတေသန အဖွဲ့ကနေ ၂၀၂၂ ခုနှစ်ကမ္ဘာ့အချမ်းသာဆုံးစာရင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီစာရင်းအရ ကမ္ဘာ့အချမ်းသာဆုံး နံပတ် ၇ နေရာမှာရှိတဲ့ တရုတ်ဘီလီယံနာ Zhogn Yanyan ဟာ နံပတ် ၁၅ နေရာကိုရောက်သွားပါတယ်။ နာမည်ကျော် လုပ်ငန်းရှင် Jack Ma နဲ့ Ma Hua-teng တို့ဟာလည်း တရုတ်ပြည်ရဲ့အချမ်းသာဆုံး ၃ ဦးစာရင်းထဲကနေ လျော့ကျသွားခဲ့ပါတယ်။

ဒါ့အပြင် တရုတ်ပြည်မှာ အမေရိကန်ဒေါ်လာသန်း ၁၀၀၀ ချမ်းသာသူ ဘီလီယံနာ အရေအတွက်ဟာ အရင်က ၇၅ ယောက်ဘဲရှိခဲ့ရာကနေ၊ အခုအခါ ၁၁၃၃ ယောက် အဖြစ်တိုးလာခဲ့တယ်လို့လည်း ဒီအစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

ဒီလိုသူဌေးတွေတိုးလာတာဟာ တရုတ်အစိုးရရဲ့ဦးဆောင်မှုအောက်မှာ စီးပွားရေးတိုးတက်လာတာကို ဖေါ်ပြနေတယ်လို့ လေ့လာသူတချို့က ထိုင်ဝမ်သတင်းထောက် Chuang Chih Wei ကိုပြောဆိုခဲ့ပါတယ်။ တရုတ်ပြည်မှာ အက်တာနက်တွေ ပိတ်တယ်ဆိုပေမယ့်၊ ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ စွမ်းအင်သစ် ကဏ္ဍတွေကို ပိုမိုမြှင့်တင် အားပေးတယ်လို့လည်းသုံးသပ်သူတွေကပြောပါတယ်။

ဒါပေမယ့်လည်း တချို့လေ့လာသူတွေကတော့ အခုလို ချမ်းသာသူတွေထပ်မံတိုးလာတာဟာ တရုတ်ပြည်ရဲ့ ဆင်းရဲချမ်းသာမှု ပိုမိုကွာဟလာတာကို ဖေါ်ပြနေတယ်လို့ ပြောဆိုနေကြပါတယ်။

တချိန်ထဲမှာဘဲ တရုတ်ပြည်မှာ ပွင့်လင်းလွတ်လပ်မှုမရှိတဲ့ နိုင်ငံရေးစနစ်ကို အခြေခံ ကျကျပြုပြင်ပြောင်းလဲမှုတွေမလုပ်တဲ့အတွက် နောက်ထပ် စီးပွားရေးဖွံဖြိုးတိုးတက်မှုတွေကို ဘယ်လိုထိခိုက်နိုင်မလဲဆိုတာ လေ့လာသုံးသပ်သူတွေလည်းရှိပါတယ်။

..................................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}






XS
SM
MD
LG