သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္စစ္ေရး ၾကားဝင္ေစ့စပ္ဖို႔ လြတ္လပ္တဲ့အဖြဲ႔ရွိသင့္ဟု ကုလအထူးကိုယ္စားလွယ္အႀကံျပဳ


စစ္ေတြၿမိဳ႕မွာ ရခိုင္အမ်ိဳးသားပါတီနဲ႔ေတြ႕ဆုံအၿပီး ဗီြအိုေအကို အင္တာဗ်ဴးေပးေနတဲ့ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ အထူးကိုယ္စားလွယ္ Christine Schraner Burgener (ႏို၀င္ဘာလ ၁၈၊ ၂၀၁၉)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ကို ၃ ရက္ၾကာေရာက္ေနတဲ့ ကုလသမဂၢ အထူးကိုယ္စားလွယ္ Christine Burgener ဟာ ရခိုင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြနဲ႔ ပတ္သက္ၿပီး သူ႔အေနနဲ႔ စိုးရိမ္မကင္းျဖစ္ေၾကာင္းနဲ႔ ဒီကိစၥေတြ ေျပလည္ဖို႔အတြက္ဆိုရင္ လြတ္လပ္တဲ့ ၾကားခံအဖြဲ႔အစည္း တခုက ေစာင့္ၾကည့္ထိန္းေၾကာင္းဖို႔လိုေၾကာင္း သူ႔ရဲ႕ ခရီးစဥ္အတြင္းမွာ ေျပာၾကားလိုက္ပါတယ္။ Christine Burgener ေျပာၾကားခ်က္အေပၚမွာ ရခိုင္ျပည္နယ္ ႏိုင္ငံေရးနဲ႔ အရပ္ဘက္အဖြဲ႔အစည္းေတြက ႀကိဳဆိုလိုက္ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္မွာျဖစ္ပြားေနတဲ့ တိုက္ပြဲေတြ၊ စစ္ေရွာင္ေတြကိစၥ အပါအဝင္ ဘဂၤလားေဒရွ႕္ကို ထြက္ေျပးသြားတဲ့သူေတြ အေရးကိစၥနဲ႔ ပတ္သက္လို႔ စိုးရိမ္မိေၾကာင္း ကုလသမဂၢ အထူးကိုယ္စားလွယ္ Christine Burgener ကေျပာၾကားလိုက္တာပါ။ ရခိုင္ေျမာက္ပိုင္းမွာျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ တပ္မေတာ္နဲ႔ အစိုးရနဲ႔ ရခိုင္လက္နက္ကိုင္ AA တို႔ၾကား ညႇိႏႈိင္းႏိုင္ဖို႔ဆိုရင္ လြတ္လပ္တဲ့အဖြဲ႔အစည္း တခု ရွိသင့္ေၾကာင္း ရခိုင္လႊတ္ေတာ္ဥကၠ႒နဲ႔ ေတြ႔ဆုံတုန္းမွာ ေျပာၾကားခဲ့တာပါ။

ကုလသမဂၢအထူးကိုယ္စားလွယ္ Christine Burgener ရဲ႕ ခရီးစဥ္ဟာ ေကာင္းမြန္တဲ့ခရီးစဥ္တခုလို႔ျမင္ေၾကာင္းနဲ႔ ဒီလို လြတ္လပ္တဲ့အဖြဲ႔အစည္းတခုက ၾကားဝင္ ေဆာင္႐ြက္ေပးသင့္တယ္ဆိုတဲ့ အႀကံျပဳခ်က္ဟာလည္း သင့္ေတာ္တဲ့ အႀကံျပဳခ်က္ျဖစ္ေၾကာင္း ရခိုင္ျပည္နယ္ လႊတ္ေတာ္ ဒုဥကၠ႒ ဦးျမသန္းက ဗြီအိုေအကို ေျပာပါတယ္။

“ဟုတ္ကဲ့။ ေလာေလာဆယ္ အဲဒီလို အဖြဲ႔အစည္းတခုခု ၾကားဝင္ျဖန္ေျဖ ညႇိႏႈိင္းေပးဖို႔ သင့္ပါတယ္၊ ေကာင္းပါတယ္။ က်ေနာ္တို႔ လႊတ္ေတာ္ ဥကၠ႒ကလည္း အဲဒီလိုပဲ သေဘာထားအျမင္ကို ေျပာျပပါတယ္။ အဲဒီလို အဖြဲ႔အစည္း လာလိုက္တဲ့အတြက္ေၾကာင့္၊ ဒီေနျပည္ေတာ္မွာ ေရာက္တဲ့အခါ ႏိုင္ငံေတာ္အႀကီးအကဲေတြနဲ႔ တပ္မေတာ္ အႀကီးအကဲေတြနဲ႔ ေတြ႔တဲ့အခါ တင္ျပေပးမယ္လို႔ ေျပာသြားပါတယ္။ အဲဒီခရီးစဥ္ဟာ ဒါေကာင္းမြန္တဲ့ ခရီးစဥ္ျဖစ္ပါတယ္။”

ရခိုင္လက္နက္ကိုင္ AA နဲ႔ တပ္မေတာ္ၾကားျဖစ္ပြားေနတဲ့ တိုက္ပြားေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ေဒသခံအေရအတြက္ဟာ တျဖည္းျဖည္းတိုးလာေနပါတယ္။ ရခိုင္လက္နက္ကိုင္ AA ဘက္ေတာ့ စစ္မွန္တဲ့ ၾကားခံအဖြဲ႔အစည္းက ဒီကိစၥေတြကို ကိုင္တြယ္ေျဖရွင္းေပးမယ္ဆိုရင္ သေဘာတူ လက္ခံႏိုင္ေၾကာင္း AA ေျပာခြင့္ရ ခိုင္သုခက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ဒါေကာင္းတဲ့ လကၡဏာေပါ့ဗ်ာေနာ့္၊ တကယ္ၾကားကေနၿပီးေတာ့ ျဖန္ေျဖေပးႏိုင္တဲ့ ႏွစ္ဖြဲ႔လုံးလက္ခံႏိုင္တဲ့ ပုဂၢိဳလ္ေတြဆိုရင္ေတာ့ ေကာင္းတာေပါ့။ တကယ္အစစ္အမွန္ Third party ျဖစ္ဖို႔ေတာ့လိုတာေပါ့။”

တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ တပ္မေတာ္ၾကားျဖစ္ပြားေနတဲ့ အပစ္ရပ္နဲ႔ ၿငိမ္းခ်မ္းေရးကိစၥ ညႇိႏႈိင္းေဆာင္႐ြက္ဖို႔အတြက္ဆိုရင္ေတာ့ လက္ရွိမွာ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန NRPC ရွိေနၿပီး၊ ၾကားခံအဖြဲ႔အစည္းတခု လိုမယ္၊ မလိုဘူးဆိုတာ စဥ္းစားစရာ တခုျဖစ္ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး ေျပာခြင့္ရ ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။

“NRPC က ဦးစီးၿပီး ေဆာင္႐ြက္ေနတဲ့ ကိစၥမွာလည္း ပါၿပီးသားျဖစ္တယ္ဗ်။ NRPC က အဲဒီေလးဖြဲ႔နဲ႔ ေတြ႔တဲ့အခါ တပ္ကကိုယ္စာလွယ္ေတြမွာ က်ေနာ္တို႔လည္း ပါၿပီးသားျဖစ္တယ္။ ဒါႀကီးက ၾကားခံအဖြဲ႔အစည္းဆိုတဲ့ဟာက လိုပါဦးမလားဆိုတာ က်ေနာ္တို႔က စဥ္းစားစရာျဖစ္ပါတယ္။ ဘာေၾကာင့္ အဲဒီလိုေျပာရလဲဆိုေတာ့ တခ်ိဳ႕ေနရာေတြက ၾကားခံအဖြဲ႔အစည္းေၾကာင့္မို႔လို႔ပဲ ပိုၿပီးရႈပ္ေထြးလာႏိုင္တဲ့ အေနအထားမ်ိဳးေတြ ရွိႏိုင္တဲ့အတြက္ ေျပာျခင္းျဖစ္ပါတယ္။ လိုမလိုေတာ့ စဥ္းစားသင့္တယ္လို႔ ေျပာသင့္တယ္။”

Christine Burgener ဟာ ႏိုဝင္ဘာ ၁၃ ရက္မွာ ျမန္မာႏိုင္ငံကို ေရာက္ရွိလာတာျဖစ္ၿပီး ရခိုင္ျပည္နယ္ကို ၃ ရက္ၾကာ ခရီးစဥ္အျဖစ္နဲ႔ ႏိုဝင္ဘာ ၁၇ရက္မွာ သြားေရာက္ခဲ့တာပါ။ ႏိုဝင္ဘာ ၁၈ ရက္ မွာေတာ့ ေမာင္ေတာၿမိဳ႕နယ္က အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ရခိုင္၊ မြတ္ဆလင္၊ ဟိႏၵဴလူမ်ိဳးေတြနဲ႔ ေတြ႔ဆုံခဲ့ၿပီး ဒီကေန႔ ရခိုင္ျပည္နယ္ကေန ျပန္လည္ထြက္ခြာမွာ ျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ ခရီးစဥ္မစတင္ခင္မွာေတာ့ အစိုးရအရာရွိေတြနဲ႔ ေတြ႔ဆုံခဲ့ပါတယ္။

ဒါဟာ Christine Burgener အေနနဲ႔ ျမန္မာႏိုင္ငံကို စတုတၳအႀကိမ္ေျမာက္ လာေရာက္တာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်စစ်ရေး ကြားဝင်စေ့စပ်ဖို့ လွတ်လပ်တဲ့အဖွဲ့ရှိသင့်ဟု ကုလအထူးကိုယ်စားလှယ်အကြံပြု

ရခိုင်ပြည်နယ်ကို ၃ ရက်ကြာရောက်နေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Burgener ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ်မကင်းဖြစ်ကြောင်းနဲ့ ဒီကိစ္စတွေ ပြေလည်ဖို့အတွက်ဆိုရင် လွတ်လပ်တဲ့ ကြားခံအဖွဲ့အစည်း တခုက စောင့်ကြည့်ထိန်းကြောင်းဖို့လိုကြောင်း သူ့ရဲ့ ခရီးစဉ်အတွင်းမှာ ပြောကြားလိုက်ပါတယ်။ Christine Burgener ပြောကြားချက်အပေါ်မှာ ရခိုင်ပြည်နယ် နိုင်ငံရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကြိုဆိုလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ စစ်ရှောင်တွေကိစ္စ အပါအဝင် ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးသွားတဲ့သူတွေ အရေးကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Burgener ကပြောကြားလိုက်တာပါ။ ရခိုင်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တပ်မတော်နဲ့ အစိုးရနဲ့ ရခိုင်လက်နက်ကိုင် AA တို့ကြား ညှိနှိုင်းနိုင်ဖို့ဆိုရင် လွတ်လပ်တဲ့အဖွဲ့အစည်း တခု ရှိသင့်ကြောင်း ရခိုင်လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံတုန်းမှာ ပြောကြားခဲ့တာပါ။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Burgener ရဲ့ ခရီးစဉ်ဟာ ကောင်းမွန်တဲ့ခရီးစဉ်တခုလို့မြင်ကြောင်းနဲ့ ဒီလို လွတ်လပ်တဲ့အဖွဲ့အစည်းတခုက ကြားဝင် ဆောင်ရွက်ပေးသင့်တယ်ဆိုတဲ့ အကြံပြုချက်ဟာလည်း သင့်တော်တဲ့ အကြံပြုချက်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြသန်းက ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ကဲ့။ လောလောဆယ် အဲဒီလို အဖွဲ့အစည်းတခုခု ကြားဝင်ဖြန်ဖြေ ညှိနှိုင်းပေးဖို့ သင့်ပါတယ်၊ ကောင်းပါတယ်။ ကျနော်တို့ လွှတ်တော် ဥက္ကဋ္ဌကလည်း အဲဒီလိုပဲ သဘောထားအမြင်ကို ပြောပြပါတယ်။ အဲဒီလို အဖွဲ့အစည်း လာလိုက်တဲ့အတွက်ကြောင့်၊ ဒီနေပြည်တော်မှာ ရောက်တဲ့အခါ နိုင်ငံတော်အကြီးအကဲတွေနဲ့ တပ်မတော် အကြီးအကဲတွေနဲ့ တွေ့တဲ့အခါ တင်ပြပေးမယ်လို့ ပြောသွားပါတယ်။ အဲဒီခရီးစဉ်ဟာ ဒါကောင်းမွန်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။”

ရခိုင်လက်နက်ကိုင် AA နဲ့ တပ်မတော်ကြားဖြစ်ပွားနေတဲ့ တိုက်ပွားတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံအရေအတွက်ဟာ တဖြည်းဖြည်းတိုးလာနေပါတယ်။ ရခိုင်လက်နက်ကိုင် AA ဘက်တော့ စစ်မှန်တဲ့ ကြားခံအဖွဲ့အစည်းက ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပေးမယ်ဆိုရင် သဘောတူ လက်ခံနိုင်ကြောင်း AA ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဒါကောင်းတဲ့ လက္ခဏာပေါ့ဗျာနော့်၊ တကယ်ကြားကနေပြီးတော့ ဖြန်ဖြေပေးနိုင်တဲ့ နှစ်ဖွဲ့လုံးလက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေဆိုရင်တော့ ကောင်းတာပေါ့။ တကယ်အစစ်အမှန် Third party ဖြစ်ဖို့တော့လိုတာပေါ့။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြားဖြစ်ပွားနေတဲ့ အပစ်ရပ်နဲ့ ငြိမ်းချမ်းရေးကိစ္စ ညှိနှိုင်းဆောင်ရွက်ဖို့အတွက်ဆိုရင်တော့ လက်ရှိမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရှိနေပြီး၊ ကြားခံအဖွဲ့အစည်းတခု လိုမယ်၊ မလိုဘူးဆိုတာ စဉ်းစားစရာ တခုဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး ပြောခွင့်ရ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“NRPC က ဦးစီးပြီး ဆောင်ရွက်နေတဲ့ ကိစ္စမှာလည်း ပါပြီးသားဖြစ်တယ်ဗျ။ NRPC က အဲဒီလေးဖွဲ့နဲ့ တွေ့တဲ့အခါ တပ်ကကိုယ်စာလှယ်တွေမှာ ကျနော်တို့လည်း ပါပြီးသားဖြစ်တယ်။ ဒါကြီးက ကြားခံအဖွဲ့အစည်းဆိုတဲ့ဟာက လိုပါဦးမလားဆိုတာ ကျနော်တို့က စဉ်းစားစရာဖြစ်ပါတယ်။ ဘာကြောင့် အဲဒီလိုပြောရလဲဆိုတော့ တချို့နေရာတွေက ကြားခံအဖွဲ့အစည်းကြောင့်မို့လို့ပဲ ပိုပြီးရှုပ်ထွေးလာနိုင်တဲ့ အနေအထားမျိုးတွေ ရှိနိုင်တဲ့အတွက် ပြောခြင်းဖြစ်ပါတယ်။ လိုမလိုတော့ စဉ်းစားသင့်တယ်လို့ ပြောသင့်တယ်။”

Christine Burgener ဟာ နိုဝင်ဘာ ၁၃ ရက်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ရခိုင်ပြည်နယ်ကို ၃ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ နိုဝင်ဘာ ၁၇ရက်မှာ သွားရောက်ခဲ့တာပါ။ နိုဝင်ဘာ ၁၈ ရက် မှာတော့ မောင်တောမြို့နယ်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူလူမျိုးတွေနဲ့ တွေ့ဆုံခဲ့ပြီး ဒီကနေ့ ရခိုင်ပြည်နယ်ကနေ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ခရီးစဉ်မစတင်ခင်မှာတော့ အစိုးရအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ Christine Burgener အနေနဲ့ မြန်မာနိုင်ငံကို စတုတ္ထအကြိမ်မြောက် လာရောက်တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG