သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ခရစ္ယန္ရဟန္းအမတ္ နဲ႔ ဂိုဏ္းခ်ဳပ္မ်ား ရဲ႕ ၿငိမ္းခ်မ္းေရးပန္ၾကားလႊာ


လြိဳင္ေကာ္ၿမိဳ႕ဘုရားေက်ာင္းတခု လက္နက္ႀကီးထိမွန္ "AFP PHOTO / KANTARAWADDY TIMES " (မွတ္တမ္းဓါတ္ပုံ)

အားလံုး အတူတကြ ၿငိမ္းခ်မ္းေရးလမ္းကို ေလွ်ာက္လွမ္းဖို႔ လိုအပ္ေနၿပီလို႔ ဘာသာေရးေခါင္းေဆာင္ေတြ ကိုယ္စား ရန္ကုန္က ခရစ္ယန္ ရဟန္းအမတ္ Cardinal Charles Bo ၊ မႏၲေလးက ဂိုဏ္းခ်ဳပ္ဆရာေတာ္ မာကိုတင္ဝင္း နဲ႔ ေတာင္ႀကီးက ဂိုဏ္းခ်ဳပ္ဆရာေတာ္ Basilio Athai တို႔ က ပူးတြဲပန္ၾကားလႊာတေစာင္ စေနေန႔က ထုတ္ျပန္လိုက္ပါတယ္။  

ခရစ္ယန္ရဟန္းအမတ္ နဲ႔ ဂိုဏ္းခ်ဳပ္မ်ား ရဲ႕ ၿငိမ္းခ်မ္းေရးပန္ၾကားလႊာ

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတဲ့ ၂ ႏွစ္ နီးပါးကာလအတြင္း တိုက္ပြဲေတြေၾကာင့္ ေသဆံုးမႈေတြ၊ ငတ္မြတ္ေခါင္းပါးမႈေတြနဲ႔ ဘာသာေရး အေဆာက္အအံုေတြ မီးေလာင္ပ်က္စီးရၿပီး အခုတိုင္ မၿငိမ္းခ်မ္းပဲ ျဖစ္ေနတာေၾကာင့္ အားလံုး အတူတကြ ၿငိမ္းခ်မ္းေရးလမ္းကို ေလွ်ာက္လွမ္းဖို႔ လိုအပ္ေနၿပီလို႔ ဘာသာေရးေခါင္းေဆာင္ေတြ ကိုယ္စား ရန္ကုန္က ခရစ္ယန္ ရဟန္းအမတ္ Cardinal Charles Bo ၊ မႏၲေလးက ဂိုဏ္းခ်ဳပ္ဆရာေတာ္ မာကိုတင္ဝင္း နဲ႔ ေတာင္ႀကီးက ဂိုဏ္းခ်ဳပ္ဆရာေတာ္ Basilio Athai တို႔ က ပူးတြဲပန္ၾကားလႊာတေစာင္ စေနေန႔က ထုတ္ျပန္လိုက္ပါတယ္။

မၾကာခင္လေတြ အတြင္း ေသဆံုးမႈေတြ၊ အိုးအိမ္စြန္႔ခြါထြက္ေျပးရတာေတြအျပင္ အငတ္ေဘးကိုပါ ဆိုးဆိုးဝါးဝါး ၾကံဳလာတာ ေတြ႕ေနရေၾကာင္းနဲ႔ တကယ္ေတာ့ သယံဇာတ အလြန္ေပါတဲ့ ျမန္မာလို ႏိုင္ငံမ်ိဳးမွာ ဒီလိုအျဖစ္မ်ိဳးၾကံဳေနရတာအတြက္ အလြန္ ေၾကကြဲဖြယ္ေကာင္းပါတယ္လို႔ ေျပာပါတယ္။ ခရစ္ယန္ဘုရားေက်ာင္းေတြနဲ႔ ဘုန္းႀကီးေက်ာင္းေတြ အပါအဝင္ ဘာသာေရး အေဆာက္အအံုေတြ အဖ်က္အဆီးခံရမႈ ပိုမ်ားလာတာေတြ႕ရ ေၾကာင္းနဲ႔ ဒီလို ဘာသာေရး အေဆာက္အဦးေတြဟာ လူေတြအတြက္ ပညာသင္ယူဖို႔၊ ဝတ္ျပဳဖို႔နဲ႔ စိတ္ေအးခ်မ္းမႈေပးဖို႔ ႏိုင္ငံတကာက သတ္မွတ္ထားတာျဖစ္ၿပီး ဒါေတြ အဖ်က္အဆီးခံရတဲ့အတြက္ စိတ္ႏွလံုးေၾကကြဲေစသလို ေဒါသလည္းထြက္ေစတယ္ လို႔ ေျပာပါတယ္။

မီးရႈိ႕ဖ်က္ဆီးမႈေၾကာင့္ မူလအေျခေန ျပန္ေရာက္ဖို႔ ဆိုတာ ႀကီးမားတဲ့ စိန္ေခၚမႈ ျဖစ္ေနေပမယ့္ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ျပန္လည္သင့္ျမတ္ေရး လုပ္ဖို႔ လိုအပ္ေနတယ္လို႔လည္း ေျပာပါတယ္။ ဒါ့အျပင္ ဘာသာေရး အေဆာက္အဦးေတြကို မဖ်က္ဆီးဖို႔နဲ႔ ေသနတ္သံေတြ ရပ္စဲေအာင္ လုပ္ဖို႔လည္း ပန္ၾကားလိုက္တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

ခရစ်ယန်ရဟန်းအမတ် နဲ့ ဂိုဏ်းချုပ်များ ရဲ့ ငြိမ်းချမ်းရေးပန်ကြားလွှာ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ ၂ နှစ် နီးပါးကာလအတွင်း တိုက်ပွဲတွေကြောင့် သေဆုံးမှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ ဘာသာရေး အဆောက်အအုံတွေ မီးလောင်ပျက်စီးရပြီး အခုတိုင် မငြိမ်းချမ်းပဲ ဖြစ်နေတာကြောင့် အားလုံး အတူတကွ ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ လိုအပ်နေပြီလို့ ဘာသာရေးခေါင်းဆောင်တွေ ကိုယ်စား ရန်ကုန်က ခရစ်ယန် ရဟန်းအမတ် Cardinal Charles Bo ၊ မန္တလေးက ဂိုဏ်းချုပ်ဆရာတော် မာကိုတင်ဝင်း နဲ့ တောင်ကြီးက ဂိုဏ်းချုပ်ဆရာတော် Basilio Athai တို့ က ပူးတွဲပန်ကြားလွှာတစောင် စနေနေ့က ထုတ်ပြန်လိုက်ပါတယ်။

မကြာခင်လတွေ အတွင်း သေဆုံးမှုတွေ၊ အိုးအိမ်စွန့်ခွါထွက်ပြေးရတာတွေအပြင် အငတ်ဘေးကိုပါ ဆိုးဆိုးဝါးဝါး ကြုံလာတာ တွေ့နေရကြောင်းနဲ့ တကယ်တော့ သယံဇာတ အလွန်ပေါတဲ့ မြန်မာလို နိုင်ငံမျိုးမှာ ဒီလိုအဖြစ်မျိုးကြုံနေရတာအတွက် အလွန် ကြေကွဲဖွယ်ကောင်းပါတယ်လို့ ပြောပါတယ်။ ခရစ်ယန်ဘုရားကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေ အပါအဝင် ဘာသာရေး အဆောက်အအုံတွေ အဖျက်အဆီးခံရမှု ပိုများလာတာတွေ့ရ ကြောင်းနဲ့ ဒီလို ဘာသာရေး အဆောက်အဦးတွေဟာ လူတွေအတွက် ပညာသင်ယူဖို့၊ ဝတ်ပြုဖို့နဲ့ စိတ်အေးချမ်းမှုပေးဖို့ နိုင်ငံတကာက သတ်မှတ်ထားတာဖြစ်ပြီး ဒါတွေ အဖျက်အဆီးခံရတဲ့အတွက် စိတ်နှလုံးကြေကွဲစေသလို ဒေါသလည်းထွက်စေတယ် လို့ ပြောပါတယ်။

မီးရှို့ဖျက်ဆီးမှုကြောင့် မူလအခြေနေ ပြန်ရောက်ဖို့ ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ဖို့ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဘာသာရေး အဆောက်အဦးတွေကို မဖျက်ဆီးဖို့နဲ့ သေနတ်သံတွေ ရပ်စဲအောင် လုပ်ဖို့လည်း ပန်ကြားလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG