သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်နိုင်ငံ ဖာလူဂျာမြို့သိမ်းတိုက်ပွဲ အရပ်သားတွေ ထိခိုက်သေဆုံး


အီရတ်နိုင်ငံ၊ ဖာလူဂျာမြို့ကို IS အစွန်းရောက်တွေလက်ထဲကနေ ပြန်ရဖို့ ထိုးစစ်ဆင်နေတာမှာ အရပ်သားအများအပြား ထိခိုက် သေဆုံးရတာတွေ စဖြစ်နေပါပြီ။

ဖာလူဂျာမှာ လူသား ကပ်ဘေးကြီး ဆိုက်ရောက်နေပြီး မိသားစုတွေဟာ အပြန်အလှန် ပစ်ခတ်တဲ့ကြားမှာ ပိတ်မိနေပြီးတော့ ထွက်ပြေး ဖို့ရာ ဘေးကင်း လုံခြုံတဲ့ လမ်းမရှိဘူးလို့ ဒုက္ခသည်ဆိုင်ရာ နော်ဝေးကောင်စီက Jan Egeland က ပြောပါတယ်။

အီရတ်တပ်ဖွဲ့တွေက မြို့ကို ပြန်သိမ်းနိုင်ဖို့အတွက် ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ မြို့ထဲမှာ ကလေးငယ် ၂ သောင်းထက်မနည်း ပိတ်မိနေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ထုတ် ပြန်ချက် တခုမှာ ဖော်ပြထားပါတယ်။ ကလေးစစ်သားတွေအဖြစ် စုဆောင်းခံရဖို့ အန္တရာယ်ရှိနေတဲ့ အဲဒီကလေးတွေ ဘေးကင်း လုံခြုံရေး ဘက်အားလုံးက လုပ်ဆောင်ကြဖို့ UNICEF က တိုက်တွန်းထားပါတယ်။

ကလေးငယ်တွေဟာ လူသစ်အဖြစ် အတင်းအကျပ် စုဆောင်းခံရမယ့်အရေး၊ လုံခြုံရေး စစ်ဆေးမှုဆိုင်ရာ တင်းကျပ်တဲ့ နည်းလမ်း တွေ၊ သူတို့မိသားစုတွေနဲ့ ကွဲကွာမယ့်အရေး စတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်က သတိပေးထားပါ တယ်။ အမြောက်ကျည်တွေကြောင့် အရပ်သားတွေ သေဆုံးရတာ ဒါမှမဟုတ် သူတို့နေအိမ် အပျက်အစီးပုံတွေအောက်မှာ အရှင် လတ်လတ် မြေမြုပ်သွားတာလို သတင်းမျိုးတွေ ရထားတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ပြောပါတယ်။

မိသားစု ရာပေါင်းများစွာကို IS စစ်သွေးကြွတွေက လူသားဒိုင်းတွေအဖြစ် အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေလည်း ရထား တယ်လို့ UNHCR ပြောခွင့်ရ William Spindler ကပြောပါတယ်။

အီရတ်နိုင်ငံ ဖာလူဂျာမြို့သိမ်းတိုက်ပွဲ အရပ်သားတွေ ထိခိုက်သေဆုံး
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

အီရတ်နိုင်ငံ ဖာလူဂျာမြို့သိမ်းတိုက်ပွဲ အရပ်သားတွေ ထိခိုက်သေဆုံး
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG