သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ နယ္ေျမရွင္းလင္းတဲ့ ေခ်ာင္းဦးၿမိဳ႕နယ္မွာ အရပ္သားေသဆုံးမႈရွိ


(Zawgyi / Unicode)

စစ္ေကာင္စီတပ္ေတြ မၾကာေသးခင္က နယ္ေျမရွင္းလင္းေရး လုပ္ခဲ့တဲ့ စစ္ကိုင္းတိုင္း၊ ေခ်ာင္းဦးၿမိဳ႕နယ္မွာ အရပ္သားတခ်ဳိ႕ ေသဆုံးမႈေတြ ရွိခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ လက္နက္ကိုင္ ပဋိပကၡေတြအတြင္း အရပ္သား ထိခိုက္ေသဆုံးမႈေတြအတြက္ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအဝိုင္းက သတိေပးေနခ်ိန္မွာပဲ ေနာက္ထပ္ ေသေက်မႈ သတင္းေတြ ထြက္ေပၚေနတာပါ။ ဒီအေၾကာင္း ရန္ကုန္က ေပးပို႔တဲ့ သတင္းကို ကိုေဇာ္မိုးေက်ာ္က ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ေခ်ာင္းဦးၿမိဳ႕နယ္ ေညာင္ပင္တဲေက်းရြာကို စစ္ေကာင္စီတပ္ေတြ ဇြန္လ ၁၈ ရက္၊ စေနေန႔က ေရာက္ရွိလာခဲ့ၿပီး ေနာက္ပိုင္းမွာ အသတ္ခံထားရတဲ့ အရပ္သား ၄ ဦး ရဲ႕ အေလာင္းေတြကို ေတြ႔ခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ နယ္ေျမရွင္းလင္းေရး စတင္ၿပီး ၂ ရက္အၾကာမွာ အေလာင္းေတြကို ေတြ႕ရတာလို႔လည္း ေဒသခံတေယာက္က ေျပာပါတယ္။

“၁၈ ရက္ေန႔ မနက္ပိုင္း ၇နာရီ ၈ နာရီ ၉ နာရီေပါ့။ အဲ့ၾကားထဲမွာ ကြ်န္ေတာ္တို႔ဆီကို စစ္ေၾကာင္းထိုးလာတယ္ခင္ဗ်။ ျပည္သူေတြဘာေတြေကာ ေျပးရတယ္ေပါ့။ လက္နက္ႀကီးထုတဲ့အခ်ိန္မွာ ကြ်န္ေတာ္တို႔ ရဲေဘာ္ ၃ ေယာက္ထိတယ္ဗ်။ တေယာက္ကေတာ့ က်သြားတယ္။ ၂ ေယာက္ကေတာ့ ဒဏ္ရာ ရသြားတယ္။ ေနာက္ထပ္ ျပည္သူေတြလည္း အဖမ္းခံရတယ္။ ျပည္သူေတြက လက္နက္ႀကီးနဲ႔ ပစ္၀င္လာခ်ိန္မွာ ေျပးႏုိင္တဲ့သူကေျပးတယ္။ မေျပးႏိုင္တဲ့သူေတြက ဖမ္းခံရတယ္ဗ်။

မိန္းကေလး ၃ ဦးနဲ႔ ေယာက္က်ားေလး ၅ ဦးေပါ့။ ျပည္သူေတြက တခ်ိဳ႕ေတြလည္း ေျပးတယ္။သူတို႔က မေျပးႏိုင္လို႔ မိသြားတာေပါ့။ မိသြားတဲ့အခ်ိန္မွာ သူတို႔ကို ေမးတာျမန္းတာ ႏွိပ္စက္တာေတြရွိတယ္ခင္ဗ်။ ရွိၿပီး ေနာက္ဆံုး သူတို႔ ျပန္ထြက္တဲ့အခ်ိန္မွာ ပစ္သတ္ထားၿပီးေတာ့ အေလာင္းေတြကို မီးရိႈ႕သြားတယ္ဗ်။ ၃ ေယာက္မီးရိႈ႕တယ္။ ၁ ေယာက္ကက်ေတာ့ အိမ္တအိမ္ထဲမွာ တေယာက္မီးရိႈ႕တယ္။ ေျပာင္းခင္းထဲမွာ ၂ ေယာက္မီးရိႈ႕တယ္။ တေယာက္က လမ္း စစ္ေၾကာင္းအျပန္မွာ အထုပ္အပိုးေတြဘာေတြ သယ္ခိုင္းတယ္တဲ့ သယ္ခိုင္းၿပီးေတာ့မွ မသယ္ႏိုင္ဘူးဆိုေတာ့ မင္းဒီမွာပဲေနခဲ့ဆိုၿပီး ေသနတ္နဲ႔ ပစ္သတ္ထားခဲ့တယ္ဗ်။”

ေခ်ာင္းဦးၿမိဳ႕နဲ႔ ၁ မိုင္ခဲြေလာက္ အကြာက ေညာင္ပင္တဲ ေက်းရြာမွာ ေသဆုံးသူေတြထဲက ၄ ဦးဟာ အသက္ ၃၀ ေက်ာ္ ၄၀ နီးပါးအရြယ္ လူလတ္ပိုင္းေတြ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။
ဒီမတိုင္ခင္ ဇြန္လ ၁၂ ရက္ကလည္း စစ္ေကာင္စီတပ္ဖဲြ႕ေတြ နယ္ေျမရွင္းလင္းေရး လုပ္ခဲ့တဲ့ ေတာေက်ာင္းေလးေက်းရြာမွာ သံဃာတပါး အပါအ၀င္ အရပ္သား ေသဆုံးမႈေတြ ရွိခဲ့တယ္လို႔ ေဒသခံတေယာက္က ေျပာပါတယ္။

“၁၂ ရက္ ၆ လမွာ ေတာေက်ာင္းေလးေက်းရြာကို စစ္ေကာင္စီကေနၿပီးေတာ့ ညအိပ္ စခန္းခ်တယ္။ အဲ့မွာ အထဲမွာ ျပည္သူေတြ ပိတ္မိေနတယ္။ ပိတ္မိေနတဲ့အခါမွာ တညကေတာ့ ဘာမွမလုပ္ဘူး။ ဒုတိယညလည္း ေရာက္ေရာ သူတို႔ မီးရိႈ႕တယ္။ မီးရိႈ႕ၿပီးေတာ့ ရြာသားေတြကို ၁၇ ေယာက္ ၀န္းက်င္ရွိမယ္ထင္တယ္။ ခန္႔မွန္းေပါ့ေလ။ ပစၥည္းသယ္ရေအာင္ ေခၚသြားတယ္။ ေခၚသြားတဲ့အခါမွာ ဦးဇင္းတပါးပါတယ္။ ဦးဇင္းတပါးက က်န္းမာေရးမေကာင္းလို႔ TB ေရာဂါ ျဖစ္ေနလို႔မို႔လို႔ သူ႔အိမ္မွာ ေဆးကုေနတာ။ အဲ့ဒါကိုလည္း ေခၚသြားတယ္။ ေခၚသြားၿပီးေတာ့ သူပစၥည္းမထမ္းႏိုင္လို႔ဆိုၿပီးေတာ့ အဲ့ဦးဇင္းကိုလည္း ပစ္သတ္သြားတယ္။ ေသတာက ၃ ေယာက္ေလာက္ေပါ့ေလ။ တိတိက်က်ကေတာ့ ၃ ေယာက္ေသသြားတယ္။ ဦးဇင္းတပါး ပါတယ္ေပါ့ေနာ္။”

အရပ္သား ေသဆုံးမႈေတြဟာ စစ္ေကာင္စီလက္ခ်က္အျဖစ္ ေဒသခံေတြရဲ႕ စြပ္စဲြခ်က္နဲ႔ ပတ္သက္လို႔ ဗြီအိုေအကေတာ့ သီးျခား အတည္မျပဳႏိုင္ပါဘူး။ ျမန္မာစစ္ေကာင္စီ ဖက္ကေတာ့ အရပ္သားေတြကို သတ္ျဖတ္မႈ စြပ္စဲြခ်က္ေတြနဲ႔ ပတ္သက္လို႔ ျငင္းဆန္ေလ့ ရွိပါတယ္။ ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း လက္နက္ကိုင္ တိုက္ခိုက္မႈေတြနဲ႔ အၾကမ္းဖက္မႈေတြ ႀကီးထြားလာရာက အရပ္သား ေသဆုံးမႈေတြ ရွိေနတဲ့အေပၚ ကုလသမဂၢ၊ အေမရိကန္ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႕ေတြကလည္း မၾကာခဏ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်ကောင်စီ နယ်မြေရှင်းလင်းတဲ့ ချောင်းဦးမြို့နယ်မှာ အရပ်သားသေဆုံးမှုရှိ

စစ်ကောင်စီတပ်တွေ မကြာသေးခင်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အရပ်သားတချို့ သေဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက သတိပေးနေချိန်မှာပဲ နောက်ထပ် သေကျေမှု သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုဇော်မိုးကျော်က ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ညောင်ပင်တဲကျေးရွာကို စစ်ကောင်စီတပ်တွေ ဇွန်လ ၁၈ ရက်၊ စနေနေ့က ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းမှာ အသတ်ခံထားရတဲ့ အရပ်သား ၄ ဦး ရဲ့ အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်မြေရှင်းလင်းရေး စတင်ပြီး ၂ ရက်အကြာမှာ အလောင်းတွေကို တွေ့ရတာလို့လည်း ဒေသခံတယောက်က ပြောပါတယ်။

“၁၈ ရက်နေ့ မနက်ပိုင်း ၇နာရီ ၈ နာရီ ၉ နာရီပေါ့။ အဲ့ကြားထဲမှာ ကျွန်တော်တို့ဆီကို စစ်ကြောင်းထိုးလာတယ်ခင်ဗျ။ ပြည်သူတွေဘာတွေကော ပြေးရတယ်ပေါ့။ လက်နက်ကြီးထုတဲ့အချိန်မှာ ကျွန်တော်တို့ ရဲဘော် ၃ ယောက်ထိတယ်ဗျ။ တယောက်ကတော့ ကျသွားတယ်။ ၂ ယောက်ကတော့ ဒဏ်ရာ ရသွားတယ်။ နောက်ထပ် ပြည်သူတွေလည်း အဖမ်းခံရတယ်။ ပြည်သူတွေက လက်နက်ကြီးနဲ့ ပစ်ဝင်လာချိန်မှာ ပြေးနိုင်တဲ့သူကပြေးတယ်။ မပြေးနိုင်တဲ့သူတွေက ဖမ်းခံရတယ်ဗျ။ မိန်းကလေး ၃ ဦးနဲ့ ယောက်ကျားလေး ၅ ဦးပေါ့။ ပြည်သူတွေက တချို့တွေလည်း ပြေးတယ်။သူတို့က မပြေးနိုင်လို့ မိသွားတာပေါ့။ မိသွားတဲ့အချိန်မှာ သူတို့ကို မေးတာမြန်းတာ နှိပ်စက်တာတွေရှိတယ်ခင်ဗျ။ ရှိပြီး နောက်ဆုံး သူတို့ ပြန်ထွက်တဲ့အချိန်မှာ ပစ်သတ်ထားပြီးတော့ အလောင်းတွေကို မီးရှို့သွားတယ်ဗျ။ ၃ ယောက်မီးရှို့တယ်။ ၁ ယောက်ကကျတော့ အိမ်တအိမ်ထဲမှာ တယောက်မီးရှို့တယ်။ ပြောင်းခင်းထဲမှာ ၂ ယောက်မီးရှို့တယ်။ တယောက်က လမ်း စစ်ကြောင်းအပြန်မှာ အထုပ်အပိုးတွေဘာတွေ သယ်ခိုင်းတယ်တဲ့ သယ်ခိုင်းပြီးတော့မှ မသယ်နိုင်ဘူးဆိုတော့ မင်းဒီမှာပဲနေခဲ့ဆိုပြီး သေနတ်နဲ့ ပစ်သတ်ထားခဲ့တယ်ဗျ။”

ချောင်းဦးမြို့နဲ့ ၁ မိုင်ခွဲလောက် အကွာက ညောင်ပင်တဲ ကျေးရွာမှာ သေဆုံးသူတွေထဲက ၄ ဦးဟာ အသက် ၃၀ ကျော် ၄၀ နီးပါးအရွယ် လူလတ်ပိုင်းတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒီမတိုင်ခင် ဇွန်လ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး လုပ်ခဲ့တဲ့ တောကျောင်းလေးကျေးရွာမှာ သံဃာတပါး အပါအဝင် အရပ်သား သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“၁၂ ရက် ၆ လမှာ တောကျောင်းလေးကျေးရွာကို စစ်ကောင်စီကနေပြီးတော့ ညအိပ် စခန်းချတယ်။ အဲ့မှာ အထဲမှာ ပြည်သူတွေ ပိတ်မိနေတယ်။ ပိတ်မိနေတဲ့အခါမှာ တညကတော့ ဘာမှမလုပ်ဘူး။ ဒုတိယညလည်း ရောက်ရော သူတို့ မီးရှို့တယ်။ မီးရှို့ပြီးတော့ ရွာသားတွေကို ၁၇ ယောက် ဝန်းကျင်ရှိမယ်ထင်တယ်။ ခန့်မှန်းပေါ့လေ။ ပစ္စည်းသယ်ရအောင် ခေါ်သွားတယ်။ ခေါ်သွားတဲ့အခါမှာ ဦးဇင်းတပါးပါတယ်။ ဦးဇင်းတပါးက ကျန်းမာရေးမကောင်းလို့ TB ရောဂါ ဖြစ်နေလို့မို့လို့ သူ့အိမ်မှာ ဆေးကုနေတာ။ အဲ့ဒါကိုလည်း ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ သူပစ္စည်းမထမ်းနိုင်လို့ဆိုပြီးတော့ အဲ့ဦးဇင်းကိုလည်း ပစ်သတ်သွားတယ်။ သေတာက ၃ ယောက်လောက်ပေါ့လေ။ တိတိကျကျကတော့ ၃ ယောက်သေသွားတယ်။ ဦးဇင်းတပါး ပါတယ်ပေါ့နော်။”

အရပ်သား သေဆုံးမှုတွေဟာ စစ်ကောင်စီလက်ချက်အဖြစ် ဒေသခံတွေရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ဗွီအိုအေကတော့ သီးခြား အတည်မပြုနိုင်ပါဘူး။ မြန်မာစစ်ကောင်စီ ဖက်ကတော့ အရပ်သားတွေကို သတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ငြင်းဆန်လေ့ ရှိပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် တိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ကြီးထွားလာရာက အရပ်သား သေဆုံးမှုတွေ ရှိနေတဲ့အပေါ် ကုလသမဂ္ဂ၊ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေကလည်း မကြာခဏ သတိပေးထားပါတယ်။

XS
SM
MD
LG