မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္မွာ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြားေနၿပီး စစ္တပ္ဘက္က ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္တာေတြျပဳလုပ္တဲ့အထိ တိုက္ပြဲျပင္းထန္ခဲ့ပါတယ္။ စစ္ကိုင္းတိုင္း၊ ခင္ဦးၿမိဳ႕နယ္မွာလည္း ေဒသခံကာကြယ္ေရးအဖြဲ႕ေတြ သတ္ျဖတ္ခံရတာရွိသလို ေျမာင္ၿမိဳ႕နယ္ထဲမွာလည္း အရပ္သားေတြ သတ္ျဖတ္ခံေနရတာေတြ ရွိေနပါတယ္။ မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းက အေျခအေန သတင္းေပးပို႔ခ်က္ကို အေျခခံၿပီး မျမသဇင္ေအာင္က ေျပာျပပါမယ္။
မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္၊ သနပ္ပင္ဇင္း ေက်း႐ြာအနီးမွာ ဒီကေန႔ မတ္လ ၁၅ ရက္ မနက္ပိုင္းမွာ စစ္ေၾကာင္းထိုးလာတဲ့ စစ္တပ္နဲ႔ ေဒသခံ ပူးေပါင္းကာကြယ္ေရးအဖြဲ႕ေတြ တိုက္ပြဲ ျပင္းထန္ခဲ့ပါတယ္။ တိုက္ပြဲဟာ အခ်ိန္ၾကာသလို စစ္တပ္ဘက္က ေလယာဥ္ေတြနဲ႔ လာေရာက္ ပစ္ခတ္ရတဲ့အထိ ျပင္းထန္ခဲ့ပါတယ္။ တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ တာဝန္ရွိသူတစ္ဦးက အခုလို ေျပာပါတယ္။
“သူတို႔ဘက္က စစ္ေၾကာင္းထိုးလာတာ။ သူတို႔ဘက္က စစ္ေၾကာင္းထိုးလာေတာ့ ေဒသခံကာကြယ္ေရးေတြနဲ႔ ထိေတြ႕မႈျဖစ္တာ။ ၇ နာရီေလာက္မွာျဖစ္တာ။ ၇ နာရီေလာက္မွာ ေရျပာ(ရဲ) စခန္းရဲ႕ အေနာက္နားမွာ သနပ္ပင္ဇင္း ဆိုတာရွိတယ္၊ အဲ့နားမွာျဖစ္တာ။ အဲ့ေကာင္ေတြဘက္က ဟန္မလွေတာ့ ဒီေကာင္ေတြက ေလယာဥ္စစ္ကူေခၚတာ။ အဲ့ဒါ မၾကာဘူး ေလယာဥ္ကေရာက္လာေတာ့ ပစ္ေတာ့တာပဲ။ ေလယာဥ္က နာရီဝက္ေက်ာ္ေလာက္ၾကာတာ။ ၅ မိနစ္ ၁ ခါေလာက္ပစ္တယ္။”
တိုက္ပြဲျဖစ္ပြားၿပီးတဲ့ေနာက္ စစ္ေကာင္စီဘက္က သနပ္ပင္ဇင္း ေက်း႐ြာကေနအိမ္ေတြကို မီးရႈိ႕ဖ်က္ဆီးတာေတြ ျပဳလုပ္သြားတယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြဘက္က ေျပာပါတယ္။ ၂ ဖက္ထိခိုက္က်ဆုံးတာနဲ႔ပတ္သက္လို႔ အေသးစိတ္မရွိရေသးသလို စစ္ေကာင္စီဘက္ကလည္း သတင္းထုတ္ျပန္တာမရွိေသးပါဘူး။
ဒါက မေကြးတိုင္းထဲကအေျခအေနပါ။ စစ္ကိုင္းတိုင္း ခင္ဦးၿမိဳ႕နယ္ထဲမွာဆိုရင္လည္း မတ္လ ၁၃ ရက္က နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့ စစ္ေကာင္စီတပ္ဟာ သံပို ေက်း႐ြာက ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ဝင္ ၂ ဦးကို သတ္ျဖတ္သြားတယ္လို႔ ခင္ဦးေဒသခံတဦးက အခုလို ေျပာပါတယ္။
“ေရဦးကေန ခင္ဦး။ ခင္ဦးကေန ေ႐ႊဘို ျပန္ၾကတာေပါ့။ (စစ္တပ္) စစ္ေၾကာင္းက အဲ့ဒါျပန္ၾကေတာ့ လမ္းမွာ ကင္းပုန္းနဲ႔မိတာ။ အဲ့မွာ တေယာက္ကိုေတာ့ ဖမ္းၿပီး ပစ္သတ္ထားခဲ့တယ္။ တေယာက္ကိုေတာ့ ေခါင္းျဖတ္သြားတာေပါ့။”
အခုလို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ဝင္ ၂ ဦးကို သတ္ျဖတ္သြားတဲ့ စစ္ေၾကာင္းဟာ ေ႐ႊဘိုၿမိဳ႕အနီးက အမွတ္ (၈) စစ္ေလ့က်င့္ေရးေက်ာင္းကို ဝင္ေရာက္သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ေျမာင္ၿမိဳ႕နယ္ထဲမွာဆိုရင္လည္း မတ္လ ၁၄ ရက္က နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့ စစ္တပ္ဟာ ေဒသခံအရပ္သား ၂ ဦးကိုလည္း သတ္ျဖတ္သြားပါတယ္။ ေဒသခံ အရပ္သား ၂ ဦး သတ္ျဖတ္ခံရတာနဲ႔ ပတ္သက္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ဝင္တဦးက အခုလို ေျပာပါတယ္။
“သာဒြန္းမွာ ညအိပ္တပ္စြဲတယ္။ ၁၃ ရက္ေန႔မွာ ညအိပ္တပ္စြဲၿပီးေတာ့ ၁၄ ရက္ မနက္ခင္းမွာ ျပည္သူ တစ္ဦးကို ပစ္သတ္သြားတယ္။ ျပည္သူ တစ္ဦးကို သတ္သြားၿပီးေတာ့ သာဒြန္းကေန မင္းတန္းဘက္ကို ျဖတ္တက္တာ မင္းတန္းကေန တဆင့္ ေတာထဲမွာေတြ႕တဲ့ ျပည္သူတစ္ဦးကို မင္းတန္း႐ြာသားတစ္ဦးကို သူတို႔ပစ္သတ္ၿပီး ေခါင္းေတြကို နင္းေျခၿပီး ရစရာမရွိေအာင္ ပစ္သတ္သြားတယ္။”
လက္ရွိ ေျမာင္ၿမိဳ႕နယ္ထဲမွာ စစ္တပ္ရဲ႕ တပ္မ (၉၉) ၊ (၇၇) နဲ႔ (၃၃) လက္ေအာက္ခံ တပ္ရင္းေတြက နယ္ေျမရွင္းလင္းေရးလုပ္ေနတာလို႔လည္း ေဒသခံေတြက ေျပာပါတယ္။ ဒါ့အျပင္ မတ္လ ၁၂ ရက္မွာလည္း ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္ေတြ မိုင္းဆြဲ တိုက္ခိုက္ခံရတာေတြလည္း ရွိသလို လက္ရွိအခ်ိန္မွာ စစ္ေရးတင္းမာေနပါတယ္။
{Unicode}
မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ တိုက်ပွဲပြင်းထန်နေ
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာတွေပြုလုပ်တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာလည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေ သတ်ဖြတ်ခံရတာရှိသလို မြောင်မြို့နယ်ထဲမှာလည်း အရပ်သားတွေ သတ်ဖြတ်ခံနေရတာတွေ ရှိနေပါတယ်။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပါမယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သနပ်ပင်ဇင်း ကျေးရွာအနီးမှာ ဒီကနေ့ မတ်လ ၁၅ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ဒေသခံ ပူးပေါင်းကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲဟာ အချိန်ကြာသလို စစ်တပ်ဘက်က လေယာဉ်တွေနဲ့ လာရောက် ပစ်ခတ်ရတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။
“သူတို့ဘက်က စစ်ကြောင်းထိုးလာတာ။ သူတို့ဘက်က စစ်ကြောင်းထိုးလာတော့ ဒေသခံကာကွယ်ရေးတွေနဲ့ ထိတွေ့မှုဖြစ်တာ။ ၇ နာရီလောက်မှာဖြစ်တာ။ ၇ နာရီလောက်မှာ ရေပြာ(ရဲ) စခန်းရဲ့ အနောက်နားမှာ သနပ်ပင်ဇင်း ဆိုတာရှိတယ်၊ အဲ့နားမှာဖြစ်တာ။ အဲ့ကောင်တွေဘက်က ဟန်မလှတော့ ဒီကောင်တွေက လေယာဉ်စစ်ကူခေါ်တာ။ အဲ့ဒါ မကြာဘူး လေယာဉ်ကရောက်လာတော့ ပစ်တော့တာပဲ။ လေယာဉ်က နာရီဝက်ကျော်လောက်ကြာတာ။ ၅ မိနစ် ၁ ခါလောက်ပစ်တယ်။”
တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီဘက်က သနပ်ပင်ဇင်း ကျေးရွာကနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်သွားတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ ၂ ဖက်ထိခိုက်ကျဆုံးတာနဲ့ပတ်သက်လို့ အသေးစိတ်မရှိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဒါက မကွေးတိုင်းထဲကအခြေအနေပါ။ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာဆိုရင်လည်း မတ်လ ၁၃ ရက်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဟာ သံပို ကျေးရွာက ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်သွားတယ်လို့ ခင်ဦးဒေသခံတဦးက အခုလို ပြောပါတယ်။
“ရေဦးကနေ ခင်ဦး။ ခင်ဦးကနေ ရွှေဘို ပြန်ကြတာပေါ့။ (စစ်တပ်) စစ်ကြောင်းက အဲ့ဒါပြန်ကြတော့ လမ်းမှာ ကင်းပုန်းနဲ့မိတာ။ အဲ့မှာ တယောက်ကိုတော့ ဖမ်းပြီး ပစ်သတ်ထားခဲ့တယ်။ တယောက်ကိုတော့ ခေါင်းဖြတ်သွားတာပေါ့။”
အခုလို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်သွားတဲ့ စစ်ကြောင်းဟာ ရွှေဘိုမြို့အနီးက အမှတ် (၈) စစ်လေ့ကျင့်ရေးကျောင်းကို ဝင်ရောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောင်မြို့နယ်ထဲမှာဆိုရင်လည်း မတ်လ ၁၄ ရက်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်တပ်ဟာ ဒေသခံအရပ်သား ၂ ဦးကိုလည်း သတ်ဖြတ်သွားပါတယ်။ ဒေသခံ အရပ်သား ၂ ဦး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။
“သာဒွန်းမှာ ညအိပ်တပ်စွဲတယ်။ ၁၃ ရက်နေ့မှာ ညအိပ်တပ်စွဲပြီးတော့ ၁၄ ရက် မနက်ခင်းမှာ ပြည်သူ တစ်ဦးကို ပစ်သတ်သွားတယ်။ ပြည်သူ တစ်ဦးကို သတ်သွားပြီးတော့ သာဒွန်းကနေ မင်းတန်းဘက်ကို ဖြတ်တက်တာ မင်းတန်းကနေ တဆင့် တောထဲမှာတွေ့တဲ့ ပြည်သူတစ်ဦးကို မင်းတန်းရွာသားတစ်ဦးကို သူတို့ပစ်သတ်ပြီး ခေါင်းတွေကို နင်းခြေပြီး ရစရာမရှိအောင် ပစ်သတ်သွားတယ်။”
လက်ရှိ မြောင်မြို့နယ်ထဲမှာ စစ်တပ်ရဲ့ တပ်မ (၉၉) ၊ (၇၇) နဲ့ (၃၃) လက်အောက်ခံ တပ်ရင်းတွေက နယ်မြေရှင်းလင်းရေးလုပ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မတ်လ ၁၂ ရက်မှာလည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေ မိုင်းဆွဲ တိုက်ခိုက်ခံရတာတွေလည်း ရှိသလို လက်ရှိအချိန်မှာ စစ်ရေးတင်းမာနေပါတယ်။