သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကြၽန္းလွၿမိဳ႕အဝင္အထြက္ကို စစ္ေကာင္စီ ပိတ္ထားတဲ့အတြက္ ေဒသခံေတြ စားေသာက္ေရးအခက္ႀကဳံ


စစ္ကိုင္းတိုင္း ကၽြန္းလွျမဳိ႕

စစ္ကိုင္းတိုင္း၊ ကြၽန္းလွၿမိဳ႕ရဲ႕ ၿမိဳ႕အဝင္လမ္း အားလုံးကို စစ္ေကာင္စီတပ္ေတြနဲ႔ ပ်ဴေစာထီးတပ္ဖြဲ႕ဝင္ေတြက ပိတ္ဆို႔ စစ္ေဆးမႈေတြ ေန႔တိုင္းလုပ္ေနတာေၾကာင့္ ေဒသခံေတြ မသြားလာရဲျဖစ္ေနၾကသလို က်န္းမာေရးနဲ႔ စားေသာက္ေရးကအစ အခက္အခဲ ျဖစ္ေနၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္းသတင္းေပးပို႔ခ်က္ကို အေျခခံၿပီး မဆုမြန္တင္ျပေပးပါမယ္။

ကြၽန္းလွၿမိဳ႕ကို စစ္ေကာင္စီတပ္ေတြနဲ႔ ပ်ဴေစာထီးေတြက မတ္လ ၁ ရက္ေန႔ကေန ၃ ရက္ေန႔အထိ ၿမိဳ႕အဝင္အထြက္ေတြကို ပိတ္ထားေၾကာင္း ေဒသခံေတြကို ေျပာခဲ့ေပမယ့္ ၃ ရက္ေန႔ ေနာက္ပိုင္းမွာလည္း ျပန္မဖြင့္ေပးဘဲ ဆက္ပိတ္ထားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ၁၀ ရက္ေန႔အထိကို လုံးဝ ဝင္ထြက္ခြင့္မျပဳဘဲ ပိတ္ထားခဲ့ၿပီး ၁၁ ရက္ေန႔မွာ ျပန္ဖြင့္ေပးတယ္ဆိုေပမယ့္ ေဒသခံေတြကေတာ့ မသြားလာရဲၾကေသးဘူးလို႔ ေဒသခံတစ္ဦးက VOA ကို ခုလိုေျပာပါတယ္။

“အခုထိေတာ့ ကြၽန္ေတာ္ ဖြင့္တယ္လို႔ေတာ့ မၾကားေသးဘူးဗ်။ ဘယ္သူမွလဲ မသြားရဲဘူးျဖစ္ေနတာ။ ၁၀ ရက္ေန႔ကို ျပန္ဖြင့္တယ္လို႔ပဲ ေျပာတာပါဗ်ာ။ ဒါေပမယ့္ ဘယ္သူမွလဲမသြားရဲ၊ မလာရဲေတာ့ ဖြင့္တယ္လို႔ေတာ့ မၾကားမိေသးဘူး။ သြားလို႔လာလို႔လည္း မရေသးဘူး။ သြားလို႔လာလို႔ရေနတာကေတာ့ သူတို႔ေတြခ်ည္းပါပဲ။ ပ်ဴေစာထီးဆိုၿပီး လက္နက္ကိုင္ထားတဲ့ အဖြဲ႕အစည္းေတြပဲ။ အဲ့ေကာင္ေတြပဲ သြားလာေနၾကပါတယ္။”

ကြၽန္းလွၿမိဳ႕ အဝင္အထြက္ လမ္းမႀကီး ၄ ခုလုံးမွာ ပ်ဴေစာထီးေတြရဲ႕ စစ္ေဆးေရးဂိတ္ေတြက အစစ္အေဆးမ်ားလြန္းတာအျပင္ ေငြေတာင္းတာ၊ ဖုန္း၊ ဆိုင္ကယ္ စတာေတြကို သိမ္းဆည္းတာမ်ိဳးေတြ ရွိတာေၾကာင့္ ေဒသခံေတြ မသြားလာရဲၾကဘူးလို႔ ေျပာပါတယ္။

“ကြၽန္းလွၿမိဳ႕ေပၚကိုဝင္တဲ့ လမ္းေတြက သဖန္းဆိပ္ဆည္ဖက္က လမ္းမရွိတယ္ဗ်။ ၿပီးေတာ့ ေျမာက္ဖက္ကဆိုလို႔ရွိရင္ ေခ်ာင္းၾကားတို႔၊ ပင့္သာ(တည္ပင္) တို႔ဖက္က လာတဲ့လမ္းရွိတယ္ဗ်။ အေရွ႕ဖက္ကဆိုရင္ ၾကာတကန္၊ ထန္းပင္ကုန္းဖက္က လာတဲ့လမ္းရွိတယ္။ ေတာင္ဖက္ကက်ေတာ့ ကန္႔ဘလူကေန လာတဲ့လမ္းေပါ့။ အဲ့လို အဝင္လမ္း ၄ လမ္းရွိတယ္ဗ်။ အဲ့ ၄ လမ္းလုံးကို ပိတ္ထားတယ္ဗ်။ သူတို႔ ဂိတ္ေတြအၿမဲတမ္းခ်ထားတယ္။ ပ်ဴေစာထီးေတြ လက္နက္ကိုင္ၿပီးေတာ့မွ အၿမဲတမ္း အဲ့ဂိတ္ေတြမွာ ေစာင့္ေနတယ္ဗ်။ သဖန္းဆိပ္ဆည္ကေန ကြၽန္းလွဖက္ကိုသြားတဲ့ လမ္းေပါ့ဗ်ာ၊ အဲ့လမ္းတေလ်ာက္မွာက ပ်ဴေစာထီးဂိတ္ေတြ လုပ္ထားတယ္ဗ်။ အဲ့ဂိတ္ေတြကေန သူတို႔က စစ္ေဆးၿပီးေတာ့မွ ေငြေၾကးေတာင္းခံတာကေန အစ အကုန္လုပ္ေနၾကေတာ့ သူတို႔ေတြကေနၿပီးေတာ့မွ ခြင့္ျပဳေပးမွ သြားရဲတာေပါ့။ ဘယ္သူမွလည္း မသြားရဲဘူးျဖစ္ေနတာဗ်။ အဲ့ဂိတ္ေတြေန ျပည္သူေတြကို ဘယ္ေတာ့မဆို ေမာက္မာ႐ိုင္းစိုင္းစြာ ဆက္ဆံခံေနရေတာ့ ဘယ္သူမွလည္း မသြားရဲၾကဘူးဗ်။”

က်န္းမာေရးအရအခက္အခဲေတြေၾကာင့္ ကြၽန္းလွၿမိဳ႕ထဲ ခိုးဝင္လာသူကိုလည္း ပ်ဴေစာထီးေတြက စစ္ေဆးၿပီး ပါလာသမွ်ပစၥည္းေတြနဲ႔ ဖုန္း၊ ဆိုင္ကယ္ေတြကို သိမ္းယူတာရွိတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။ ကြၽန္းလွၿမိဳ႕ထဲက ေဒသခံေတြကလည္း ၿမိဳ႕ျပင္ကို ထြက္ခြင့္ေတာ့ရၿပီး ထြက္ၿပီးရင္ ျပန္ဝင္ခြင့္မေပးေတာ့ဘူးလို႔ ေဒသခံေတြက ေျပာၾကပါတယ္။

“ေတာင္းတဲ့ပမာကကေတာ့ အမ်ိဳးမ်ိဳးပဲဗ်၊ အဲ့လိုေတာင္းမရလို႔ ပစၥည္းေတြပါလာတဲ့ ဆိုင္ကယ္ေတြ ဖုန္းေတြ အဲ့လိုသိမ္းတာမ်ိဳးလည္းရွိပါတယ္။ ဟိုတေလာက ကြၽန္ေတာ္ၾကားလိုက္တာပါ၊ ခိုးဝင္လို႔ဆိုၿပီးေတာ့ ဘယ္႐ြာလည္းေတာ့ မသိပါဘူး၊ ခိုးဝင္လို႔ဆိုၿပီးေတာ့ ဆိုင္ကယ္ေတြ ဖုန္းေတြက စၿပီးေတာ့ ပါလာတဲ့ပစၥည္းေတြအကုန္ သိမ္းယူသြားတယ္ေပ့ါဗ်ာ၊ ခိုးဝင္လာတဲ့သူေတြကို။ က်န္းမာေရး အေျခအေနအရဆိုၿပီးေတာ့ သူက တခ်ိဳ႕လမ္းေလးေတြ ရွိတယ္ေလဗ်ာ၊ ႐ြာဖက္ေတြကေန လာတဲ့လမ္းေတြ အဲ့လမ္းေလးက ခိုးဝင္တာဗ်ာ အဲ့ဒါကို စစ္ေဆးတာ သူတို႔ ေတြ႕သြားေတာ့က်ေတာ့ စစ္ေဆးၿပီးေတာ့ ဖုန္းေတြ၊ ဆိုင္ကယ္ေတြ အကုန္သိမ္းသြားတယ္ဗ်။ ၿမိဳ႕ထဲက ထြက္တဲ့သူေတြကေတာ့ ထြက္လို႔ ရတယ္ဗ်။ ထြက္ၿပီးရင္ ျပန္ဝင္မရဘူးလို႔ ေျပာတယ္ဗ်။ သူတို႔က ထြက္လို႔ရတယ္၊ ထြက္ၿပီးရင္ ျပန္မဝင္ရဘူးတဲ့ဗ်။”

ကြၽန္းလွနယ္တစ္ခုလုံးက ကြၽန္းလွၿမိဳ႕ကို စားေသာက္ေရး က်န္းမာေရး အားလုံး အားကိုးေနရတာျဖစ္တဲ့အတြက္ ခုခ်ိန္မွာ က်န္းမာေရးအရ အေရးေပၚအေျခအေနေတြမွာ ဆိုရင္ေတာင္ ၿမိဳ႕ထဲကို အလြယ္တကူ ဝင္ထြက္ခြင့္မရတာေၾကာင့္ ေဒသခံေတြအတြက္ အေတာ္ေလး အခက္အခဲျဖစ္ေနၾကတယ္လို႔ ေျပာၾကပါတယ္။ စားေသာက္ေရးမွာလည္း ကြၽန္းလွတနယ္လုံးက ကြၽန္းလွၿမိဳ႕ကိုပဲ ကုန္စိမ္း ကုန္ေျခာက္ အားလုံးအားကိုးစားေသာက္ေနရတာမို႔ ခုလို ၿမိဳ႕ကိုပိတ္ထားတာေၾကာင့္ ေက်း႐ြာေတြက ေဒသခံေတြဟာ စားေသာက္ေရး ရိကၡာေတြလည္း အေတာ္ေလး ခက္ခဲေနၾကရၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

“အရင္တုန္းက ၃ ရက္ေလာက္ ဆိုတုန္းကေတာင္ အေတာ္ခက္ခဲတာကို ခုလို ၁၀ ရက္ေက်ာ္လာေတာ့ ပိုၿပီးေတာ့ေတာင္ ခက္ခဲလာတယ္။ ကြၽန္ေတာ္တို႔မွာ စားေရးေသာက္ေရအျပင္ကို က်န္တဲ့ဟာေတြအတြက္ကိုမွ ရိကၡာပိုင္းက အစကိုမွ အားကိုးေနရတာဗ် စားေရးေသာက္ေရးမွာ ကုန္စိမ္းကအစကိုမွ ကြၽန္းလွၿမိဳ႕ကို အားကိုးေနရတဲ့ဟာကို အကုန္ခက္ခဲတာေပ့ါဗ်ာ ကြၽန္ေတာ္တို႔မွာ ဘာမွကို ဝယ္လို႔ျခမ္းလို႔မရ ျဖစ္ေနၾကတယ္ဗ်။ ငါးေျခာက္ ငါးျခမ္းကအစ အားကိုးေနရတာဆိုေတာ့ ကြၽန္ေတာ္တို႔ ခုအခ်ိန္ အကုန္ခက္ခဲတာေပါ့ဗ်ာ။ ဒီလိုေတြ ပိတ္လိုက္ေတာ့က်ေတာ့ ကိုယ့္မွာရွိတဲ့ ပဲခ်ဥ္ရည္ဟင္းေလးနဲ႔ပဲ ဒီလိုပဲ လည္ပတ္ေနရတာေပါ့ဗ်ာ၊ ဒီလိုပဲ စားေသာက္ေနရတာ။ ပုံေလးသာ႐ိုက္ျပလို႔ရရင္ ေန႔တိုင္းစားေနရတဲ့ ပဲခ်ဥ္ရည္နဲ႔ င႐ုပ္သီးေလးပဲ ျပခ်င္ပါတယ္ဗ်ာ။”

ကြၽန္းလွၿမိဳ႕နယ္အတြင္းက ေက်း႐ြာေတြကိုလည္း ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းေတြဝင္သလို ေက်း႐ြာက ေနအိမ္ေတြကို မီးရႈိ႕တာေတြလည္း ရွိတာေၾကာင့္ ေဒသခံေတြ စစ္ေဘးေရွာင္ေနၾကရတာေတြလည္း ရွိပါတယ္။ အခုလည္း ျမန္မာစစ္တပ္နဲ႔ ပ်ဴေစာထီး အဖြဲ႕ေတြက အေၾကာင္းရင္းမသိရဘဲ ကြၽန္းလွၿမိဳ႕အဝင္အထြက္ေတြကို ရက္အေတာ္ၾကာေအာင္ ပိတ္ထားတာေၾကာင့္ ၿမိဳ႕နယ္အတြင္းက ေက်း႐ြာေတြဟာ စားေသာက္ေရး က်န္းမာေရးကအစ အခက္အခဲေတြ ျဖစ္ေနရတယ္လို႔ ေဒသခံေတြက ဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ရဲ့ မြို့အဝင်လမ်း အားလုံးကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ စစ်ဆေးမှုတွေ နေ့တိုင်းလုပ်နေတာကြောင့် ဒေသခံတွေ မသွားလာရဲဖြစ်နေကြသလို ကျန်းမာရေးနဲ့ စားသောက်ရေးကအစ အခက်အခဲ ဖြစ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်တင်ပြပေးပါမယ်။

ကျွန်းလှမြို့ကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက မတ်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ မြို့အဝင်အထွက်တွေကို ပိတ်ထားကြောင်း ဒေသခံတွေကို ပြောခဲ့ပေမယ့် ၃ ရက်နေ့ နောက်ပိုင်းမှာလည်း ပြန်မဖွင့်ပေးဘဲ ဆက်ပိတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၁၀ ရက်နေ့အထိကို လုံးဝ ဝင်ထွက်ခွင့်မပြုဘဲ ပိတ်ထားခဲ့ပြီး ၁၁ ရက်နေ့မှာ ပြန်ဖွင့်ပေးတယ်ဆိုပေမယ့် ဒေသခံတွေကတော့ မသွားလာရဲကြသေးဘူးလို့ ဒေသခံတစ်ဦးက VOA ကို ခုလိုပြောပါတယ်။

“အခုထိတော့ ကျွန်တော် ဖွင့်တယ်လို့တော့ မကြားသေးဘူးဗျ။ ဘယ်သူမှလဲ မသွားရဲဘူးဖြစ်နေတာ။ ၁၀ ရက်နေ့ကို ပြန်ဖွင့်တယ်လို့ပဲ ပြောတာပါဗျာ။ ဒါပေမယ့် ဘယ်သူမှလဲမသွားရဲ၊ မလာရဲတော့ ဖွင့်တယ်လို့တော့ မကြားမိသေးဘူး။ သွားလို့လာလို့လည်း မရသေးဘူး။ သွားလို့လာလို့ရနေတာကတော့ သူတို့တွေချည်းပါပဲ။ ပျူစောထီးဆိုပြီး လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေပဲ။ အဲ့ကောင်တွေပဲ သွားလာနေကြပါတယ်။”

ကျွန်းလှမြို့ အဝင်အထွက် လမ်းမကြီး ၄ ခုလုံးမှာ ပျူစောထီးတွေရဲ့ စစ်ဆေးရေးဂိတ်တွေက အစစ်အဆေးများလွန်းတာအပြင် ငွေတောင်းတာ၊ ဖုန်း၊ ဆိုင်ကယ် စတာတွေကို သိမ်းဆည်းတာမျိုးတွေ ရှိတာကြောင့် ဒေသခံတွေ မသွားလာရဲကြဘူးလို့ ပြောပါတယ်။

“ကျွန်းလှမြို့ပေါ်ကိုဝင်တဲ့ လမ်းတွေက သဖန်းဆိပ်ဆည်ဖက်က လမ်းမရှိတယ်ဗျ။ ပြီးတော့ မြောက်ဖက်ကဆိုလို့ရှိရင် ချောင်းကြားတို့၊ ပင့်သာ(တည်ပင်) တို့ဖက်က လာတဲ့လမ်းရှိတယ်ဗျ။ အရှေ့ဖက်ကဆိုရင် ကြာတကန်၊ ထန်းပင်ကုန်းဖက်က လာတဲ့လမ်းရှိတယ်။ တောင်ဖက်ကကျတော့ ကန့်ဘလူကနေ လာတဲ့လမ်းပေါ့။ အဲ့လို အဝင်လမ်း ၄ လမ်းရှိတယ်ဗျ။ အဲ့ ၄ လမ်းလုံးကို ပိတ်ထားတယ်ဗျ။ သူတို့ ဂိတ်တွေအမြဲတမ်းချထားတယ်။ ပျူစောထီးတွေ လက်နက်ကိုင်ပြီးတော့မှ အမြဲတမ်း အဲ့ဂိတ်တွေမှာ စောင့်နေတယ်ဗျ။ သဖန်းဆိပ်ဆည်ကနေ ကျွန်းလှဖက်ကိုသွားတဲ့ လမ်းပေါ့ဗျာ၊ အဲ့လမ်းတလျောက်မှာက ပျူစောထီးဂိတ်တွေ လုပ်ထားတယ်ဗျ။ အဲ့ဂိတ်တွေကနေ သူတို့က စစ်ဆေးပြီးတော့မှ ငွေကြေးတောင်းခံတာကနေ အစ အကုန်လုပ်နေကြတော့ သူတို့တွေကနေပြီးတော့မှ ခွင့်ပြုပေးမှ သွားရဲတာပေါ့။ ဘယ်သူမှလည်း မသွားရဲဘူးဖြစ်နေတာဗျ။ အဲ့ဂိတ်တွေနေ ပြည်သူတွေကို ဘယ်တော့မဆို မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခံနေရတော့ ဘယ်သူမှလည်း မသွားရဲကြဘူးဗျ။”

ကျန်းမာရေးအရအခက်အခဲတွေကြောင့် ကျွန်းလှမြို့ထဲ ခိုးဝင်လာသူကိုလည်း ပျူစောထီးတွေက စစ်ဆေးပြီး ပါလာသမျှပစ္စည်းတွေနဲ့ ဖုန်း၊ ဆိုင်ကယ်တွေကို သိမ်းယူတာရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကျွန်းလှမြို့ထဲက ဒေသခံတွေကလည်း မြို့ပြင်ကို ထွက်ခွင့်တော့ရပြီး ထွက်ပြီးရင် ပြန်ဝင်ခွင့်မပေးတော့ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

“တောင်းတဲ့ပမာကကတော့ အမျိုးမျိုးပဲဗျ၊ အဲ့လိုတောင်းမရလို့ ပစ္စည်းတွေပါလာတဲ့ ဆိုင်ကယ်တွေ ဖုန်းတွေ အဲ့လိုသိမ်းတာမျိုးလည်းရှိပါတယ်။ ဟိုတလောက ကျွန်တော်ကြားလိုက်တာပါ၊ ခိုးဝင်လို့ဆိုပြီးတော့ ဘယ်ရွာလည်းတော့ မသိပါဘူး၊ ခိုးဝင်လို့ဆိုပြီးတော့ ဆိုင်ကယ်တွေ ဖုန်းတွေက စပြီးတော့ ပါလာတဲ့ပစ္စည်းတွေအကုန် သိမ်းယူသွားတယ်ပေ့ါဗျာ၊ ခိုးဝင်လာတဲ့သူတွေကို။ ကျန်းမာရေး အခြေအနေအရဆိုပြီးတော့ သူက တချို့လမ်းလေးတွေ ရှိတယ်လေဗျာ၊ ရွာဖက်တွေကနေ လာတဲ့လမ်းတွေ အဲ့လမ်းလေးက ခိုးဝင်တာဗျာ အဲ့ဒါကို စစ်ဆေးတာ သူတို့ တွေ့သွားတော့ကျတော့ စစ်ဆေးပြီးတော့ ဖုန်းတွေ၊ ဆိုင်ကယ်တွေ အကုန်သိမ်းသွားတယ်ဗျ။ မြို့ထဲက ထွက်တဲ့သူတွေကတော့ ထွက်လို့ ရတယ်ဗျ။ ထွက်ပြီးရင် ပြန်ဝင်မရဘူးလို့ ပြောတယ်ဗျ။ သူတို့က ထွက်လို့ရတယ်၊ ထွက်ပြီးရင် ပြန်မဝင်ရဘူးတဲ့ဗျ။”

ကျွန်းလှနယ်တစ်ခုလုံးက ကျွန်းလှမြို့ကို စားသောက်ရေး ကျန်းမာရေး အားလုံး အားကိုးနေရတာဖြစ်တဲ့အတွက် ခုချိန်မှာ ကျန်းမာရေးအရ အရေးပေါ်အခြေအနေတွေမှာ ဆိုရင်တောင် မြို့ထဲကို အလွယ်တကူ ဝင်ထွက်ခွင့်မရတာကြောင့် ဒေသခံတွေအတွက် အတော်လေး အခက်အခဲဖြစ်နေကြတယ်လို့ ပြောကြပါတယ်။ စားသောက်ရေးမှာလည်း ကျွန်းလှတနယ်လုံးက ကျွန်းလှမြို့ကိုပဲ ကုန်စိမ်း ကုန်ခြောက် အားလုံးအားကိုးစားသောက်နေရတာမို့ ခုလို မြို့ကိုပိတ်ထားတာကြောင့် ကျေးရွာတွေက ဒေသခံတွေဟာ စားသောက်ရေး ရိက္ခာတွေလည်း အတော်လေး ခက်ခဲနေကြရပြီဖြစ်တယ်လို့ ဆိုပါတယ်။

“အရင်တုန်းက ၃ ရက်လောက် ဆိုတုန်းကတောင် အတော်ခက်ခဲတာကို ခုလို ၁၀ ရက်ကျော်လာတော့ ပိုပြီးတော့တောင် ခက်ခဲလာတယ်။ ကျွန်တော်တို့မှာ စားရေးသောက်ရေအပြင်ကို ကျန်တဲ့ဟာတွေအတွက်ကိုမှ ရိက္ခာပိုင်းက အစကိုမှ အားကိုးနေရတာဗျ စားရေးသောက်ရေးမှာ ကုန်စိမ်းကအစကိုမှ ကျွန်းလှမြို့ကို အားကိုးနေရတဲ့ဟာကို အကုန်ခက်ခဲတာပေ့ါဗျာ ကျွန်တော်တို့မှာ ဘာမှကို ဝယ်လို့ခြမ်းလို့မရ ဖြစ်နေကြတယ်ဗျ။ ငါးခြောက် ငါးခြမ်းကအစ အားကိုးနေရတာဆိုတော့ ကျွန်တော်တို့ ခုအချိန် အကုန်ခက်ခဲတာပေါ့ဗျာ။ ဒီလိုတွေ ပိတ်လိုက်တော့ကျတော့ ကိုယ့်မှာရှိတဲ့ ပဲချဉ်ရည်ဟင်းလေးနဲ့ပဲ ဒီလိုပဲ လည်ပတ်နေရတာပေါ့ဗျာ၊ ဒီလိုပဲ စားသောက်နေရတာ။ ပုံလေးသာရိုက်ပြလို့ရရင် နေ့တိုင်းစားနေရတဲ့ ပဲချဉ်ရည်နဲ့ ငရုပ်သီးလေးပဲ ပြချင်ပါတယ်ဗျာ။”

ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတွေကိုလည်း မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေဝင်သလို ကျေးရွာက နေအိမ်တွေကို မီးရှို့တာတွေလည်း ရှိတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြရတာတွေလည်း ရှိပါတယ်။ အခုလည်း မြန်မာစစ်တပ်နဲ့ ပျူစောထီး အဖွဲ့တွေက အကြောင်းရင်းမသိရဘဲ ကျွန်းလှမြို့အဝင်အထွက်တွေကို ရက်အတော်ကြာအောင် ပိတ်ထားတာကြောင့် မြို့နယ်အတွင်းက ကျေးရွာတွေဟာ စားသောက်ရေး ကျန်းမာရေးကအစ အခက်အခဲတွေ ဖြစ်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

XS
SM
MD
LG