သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥတုရာသီပြောင်းလဲမှုကြောင့် လူ့ကျန်းမာရေးသက်ရောက်မှု WHO လေ့လာ


ရေခမ်းခြောက်ပြီး ကောနေတဲ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့က ယမုန်နာမြစ်။ (မေ ၂၊ ၂၀၂၂)
ရေခမ်းခြောက်ပြီး ကောနေတဲ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့က ယမုန်နာမြစ်။ (မေ ၂၊ ၂၀၂၂)

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ မွေးကင်းစတွေ၊ ကလေးငယ်တွေ၊ ဆယ်ကျော်သက်နဲ့ သက်ကြီးရွယ်အို စတဲ့ လူတယောက်ရဲ့ ဘဝတသက်တာ ကာလအပိုင်းအခြားတိုင်း ဥတုရာသီပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လေ့လာခဲ့ပါတယ်။

လေထုညစ်ညမ်းမှု၊ တောမီးနဲ့ ရေကြီးရေလျှံတာအပြင် ပြင်းထန်တဲ့အပူချိန်စတဲ့ ရာသီဥတုပြောင်းလဲမှုက လူ့ကျန်းမာရေးအပေါ် သက်ရောက်မှုတွေကို သိပ္ပံနည်းကျလေ့လာထားတာဖြစ်တယ်လို့ WHO သိပ္ပံပညာရှင် Anayda Portela က သတင်းထောက်တွေကို ပြောပါတယ်။ Global Health Journal ကမ္ဘာ့ကျန်းမာရေးစာစောင်မှာ ဖော်ပြထားချက်အရ လူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအပြင် ကိုယ်ဝန်ဆောင်ချိန်အတွင်း ဥတုရာသီပြောင်းလဲမှုရဲ့ သက်ရောက်မှုကို လျှော့တွက်ခဲ့ကြတယ်လို့လည်း ဆိုထားပါတယ်။

ဥတုရာသီပြောင်းလဲရာက ပေါ်ပေါက်လာတဲ့ သဘာဝဘေးဒဏ်တွေဟာ အသက်အန္တာရာယ်ကိုသာမက စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ်မှာပါ ဆိုးရွားပြင်းထန်တဲ့ သက်ရောက်မှုတချို့ရှိနေတာကို လေ့လာမှုမှာ တွေ့ရတယ်လို့ Portela ကပြောပါတယ်။ အပူလှိုင်းတွေဝင်တဲ့အချိန်မှာ နေ့မစေ့ဘဲမီးဖွားတာမျိုး တိုးလာပြီး သက်ကြီးရွယ်အိုတွေမှာတော့ အပူရှပ်တာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ပိုမိုခံစားရတာတွေကို သိပ္ပံပညာရှင် Portela ကဥပမာပေးပြောသွားပါတယ်။

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာလည်း လေ့လာသင်ယူနိုင်စွမ်းတွေ ထိခိုက်စေတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ကမ္ဘာ့မိုးလေဝသဌာန WMO ကလည်း ၂၀၂၄ နဲ့ ၂၀၂၈ ခုနှစ်အတွင်း ကမ္ဘာ့အပူချိန်တွေဆက်လက်မြင့်တက်လာမယ်လို့ လတ်တလောခန့်မှန်းပြောဆိုထားပါတယ်။ (၁၈၅၀-၁၉၀၀) စက်မှုခေတ်ဦးကာလက ကမ္ဘာ့ပျှမ်းမျှအပူချိန်ထက် ၁.၅ ဒီဂရီဆဲလ်ဆီးယပ်စ်ကို ကိုကျော်သွားပြီဆိုရင်တော့ နောက်ပြန်လှည့်လို့မရလောက်အောင် ပြင်းထန်တဲ့ ဥတုရာသီပြောင်းလဲမှုမျိုး ဆီဦးတည်သွားနိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေက သတိပေးနေကြပါတယ်။

ဥတုရာသီပြောင်းလဲမှုကြောင့် လူ့ကျန်းမာရေးသက်ရောက်မှု WHO လေ့လာ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG