သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Clinton ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု Trump ထက် ဒေါ်လာ သန်း၂၀၀ ပိုသုံး


ဟီလာရီကလင်တန်
ဟီလာရီကလင်တန်

အမေရိကန် သမ္မတလောင်းတွေ ဖြစ်ကြတဲ့ Donald Trump နဲ့ ဟီလာရီကလင်တန် တို့ဟာ မူဝါဒရေးရာ တင်ပြချက်တွေနဲ့ ပတ်သက်လာရင် လုံး၀ ကွဲလွဲကြပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အချိန် တဖြည်းဖြည်း နီးကပ်လာနေပြီး မဲဆွယ်လှုပ်ရှားမှုတွေ အချိန်ကြာလာတာနဲ့ အမျှ သူတို့နှစ်ဦး အကြားက ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ် ဟာလည်း ပိုပြီးတော့ ကွာဟလာပါတယ်။

ဖက်ဒရယ်ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်အရ - မစ္စစ်ကလင်တန်ဟာ ပြီးခဲ့တဲ့ သြဂုတ်လက မဲဆွယ် စည်းရုံးလှုပ်ရှားမှုတွေ အတွက် ဒေါ်လာ သန်း ၆၀ အထိ ရန်ပုံငွေ ရှာနိုင်ခဲ့ပြီး Trump ကတော့ ဒေါ်လာ ၄၂ သန်းသာ ရှာနိုင်ခဲ့ပါတယ်။

မစ္စစ်ကလင်တန်ရဲ့ ရွေးကောက်ပွဲ အသုံးစရိတ်ဟာ လည်း Trump ထက် ဒေါ်လာ သန်း ၂၀ ပိုများပါတယ်။ လာမယ့် ဇန်နဝါရီလမှာ သက်တမ်းကုန်ဆုံးတော့မယ့် သမ္မတအိုဘားမားရဲ့ နေရာမှာ အစားထိုး တာဝန်ယူခွင့်ရဖို့ ပါတီသမ္မတလောင်းတွေအဖြစ် တရားဝင် ရွေးချယ်ခံခဲ့ရတဲ့ အချိန်ကစလို့ သြဂုတ်လကုန်အထိ သမ္မတလောင်း နှစ်ဦးရဲ့ လစဉ် ရွေးကောက်ပွဲ အသုံးစရိတ်တွေကို ပေါင်းလိုက်မယ်ဆိုရင်တော့ မစ္စစ်ကလင်တန်ရဲ့ ရွေးကောက်ပွဲ အသုံးစရိတ်ဟာ Trump ထက် ဒေါ်လာ သန်း ၂၀၀ ပိုများပါတယ်။ ရန်ပုံငွေအရ ကြည့်ရင်လည်း ကွာခြားချက်က ပိုလို့တောင် များပါသေးတယ်။

မစ္စစ်ကလင်တန်က ရွေးကောက်ပွဲရန်ပုံငွေ ဒေါ်လာ ၃၈၆ သန်းအထိ ရှာထားနိုင်ချိန်မှာ Trump က သန်း ၁၇၀ သာရှိခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ သမ္မတလောင်း ယှဉ်ပြိုင်ရတာဟာ - မဲဆွယ်စည်းရုံးရေးအတွက် ရုပ်သံလိုင်းအချိန်တွေကို ဝယ်ယူရတာနဲ့ တိုင်းပြည်တဝှမ်း မဲဆွယ်စည်းရုံးရေး ရုံးခန်းတွေအတွက် သုံးစွဲရတဲ့စရိတ်တွေကြောင့် အကုန်အကျ သိပ်များပါတယ်။ ၂၀၁၂ ခုနှစ်က သမ္မတအိုဘားမား ဒုတိယသက်တမ်း ပြန်လည် အရွေးခံရဖို့ကြိုးစား တဲ့ ရွေးကောက်ပွဲမှာ သမ္မတရဲ့ မဲဆွယ်စည်းရုံးရေး ကော်မတီဟာ ဒေါ်လာ ၇၇၅ သန်း သုံးခဲ့တာဖြစ်ပါတယ်။

Clinton ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု Trump ထက် ဒေါ်လာ သန်း၂၀၀ ပိုသုံး
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG